The Corner

The Corner

cropped-Logo_round_grey-background.png

ဇင်လင်း

ဟော်မုဇ်ပြဿနာ အိုင်ဗွက်အလယ်မှာ ‘ထရမ့်အစိုးရ’ စတိုင်ပျက်ဖွယ် ကြုံနေရပြီလား

အီရန်စစ်ရပ်ရေး သော့ချက်ဖြစ်လာတဲ့ “ဟော်မုဇ်” ပြဿနာ ၂၀၂၆ သြဂုတ် ၈ ရက် (စနေနေ့) မှာ တီဟီရန်က အီရန်ဆိပ်ကမ်းတွေကို အမေရိကန်ရေတပ်က ပိတ်ဆို့ ထားမှုကို ရုပ်သိမ်းပေးရေးနဲ့ အီရန်ရဲ့နစ်နာမှုအတွက် စစ်လျော်ကြေးပေးရေး အစရှိတဲ့ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်။ တောင်းဆိုမှုတွေ ရရှိမှသာ ‘ဟော်မုဇ်’ ပြန်ဖွင့်ပေးမှာဖြစ်တယ်လို့ဆိုတယ်။ သြဂုတ် ၁၀ ရက် (တနင်္လာနေ့) မှာ သမ္မတဒေါ်နယ်ထရမ့်ကလည်း ရေလက်ကြားပြန်လည်ဖွင့်ရေးအတွက် ရာဇသံကို မြှင့်တင်ခဲ့တယ်။ အီရန်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပဋိပက္ခဖြစ်စဉ်တွေ အတွင်း “လူအမြောက်အမြား သတ်ဖြတ်ခံရမှုအတွက် အပါအဝင် လျော်ကြေးပေးဖို့ လိုအပ်ကြောင်း” ထရမ့် က ပြောကြားခဲ့ပြန်တယ်။ ဒီပုံအတိုင်းဆိုရင်  ကမ္ဘာ့အရေးကြီးဆုံး စီးပွားရေးအသက်ရှူပေါက်ဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားပြဿနာကို ထရမ့်အစိုးရ  ဒီနှစ်အတွင်း ဖြေရှင်းနိုင်ဖို့ မမြင်ဘူးလို့ သုံးသပ်နေကြတယ်။ […]

ဟော်မုဇ်ပြဿနာ အိုင်ဗွက်အလယ်မှာ ‘ထရမ့်အစိုးရ’ စတိုင်ပျက်ဖွယ် ကြုံနေရပြီလား Read More »

အမေရိကန်အတွက် အရှေ့အလယ်ပိုင်းက နောက်ထပ် စစ်ပွဲမျက်နှာစာ

အီရတ်နိုင်ငံအပေါ်  ဩဇာလွှမ်းမိုးနိုင်ရေးအတွက် အမေရိကန်နဲ့ အီရန်တို့ ယှဉ်ပြိုင် အားထုတ် နေကြတယ်လို့ နိုင်ငံတကာ အကဲခတ်သူတွေက သုံးသပ်ထားကြတာတွေ့ရတယ်။ စာရှုသူ အားလုံး သိကြတဲ့အတိုင်း အမေရိကန်နဲ့ အီရန်တို့ဟာ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန် ယှဉ်ပြိုင်နေကြပါတယ်။ တစ်ချိန်တည်းမှာ အီရတ်နိုင်ငံ ပိုင်နက်အတွင်းမှာ နှစ်နိုင်ငံအကြား နောက်ထပ် ပြိုင်ဆိုင်မှုတစ်ခု ပေါ်ပေါက်လာနေတာ တွေ့ရတယ်။ စာရွက်စာတမ်းတွေအရတော့ အမေရိကန်က အသာစီးရနေပုံပဲ။ အီရတ်ဝန်ကြီးချုပ်အသစ် ‘အလီ အယ်လ်-ဇိုင်ဒီ’ ဟာ သူ့ရဲ့  ပထမဆုံးနိုင်ငံခြားခရီးစဉ်အတွက် အီရန်ထက် ဝါရှင်တန်ကို သွားဖို့ ဦးစားပေး ရွေးချယ်ခဲ့တာတွေ့ရတယ်။ အရင်က ရှီအာ ဝန်ကြီးချုပ်တွေ နဲ့ မတူဘဲ မစ္စတာ ဇိုင်ဒီဟာ အစ္စလာမ် ဘာသာဝင် တစ်ဦးမဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရနဲ့ ကန်ထရိုက်စာချုပ်တွေ ချုပ်ဆိုပြီး

အမေရိကန်အတွက် အရှေ့အလယ်ပိုင်းက နောက်ထပ် စစ်ပွဲမျက်နှာစာ Read More »

ဂျာအေးသူ့အမေရိုက်သည့် ကိန်းဆိုက်နေသော အီရန်စစ်ရပ်စဲရေးပြဿနာ

အရှေ့အလယ်ပိုင်းအီရန်စစ်ပွဲ ပဋိပက္ခကြောင့် ရေနံလောင်စာဆီ စီးဆင်းမှု မတည်မငြိမ်ဖြစ်ကာ ကမ္ဘာကြီး တစ်ခုလုံးကို စီးပွားရေးအရ အကြီးအကျယ် အကျပ်ရိုက်စေခဲ့ပြီဖြစ်သည်။ အီရန်စစ်ပွဲအရေးသည် ရှင်းလေရှုပ်လေ ဖြစ် လာနေ သည်။ ပြီတော့မလိုလိုနှင့် တစ်ကပြန် ပြန်စနေရ သဖြင့် “ဂျာအေးသူ့အမေရိုက်သည့် ကိန်း” ဆိုက်နေလေပြီ။ ဇူလိုင် ၁၀ ရက် သောကြာနေ့တွင် ကာတာနိုင်ငံ၏ ကြားဝင် စေ့စပ် ညှိနှိုင်းရေးမှူးများသည် တီဟီရန်တွင် ပါဝင် ဆွေးနွေးမှုများ ပြုလုပ် နေရသည်ဟု သတင်းများအရ သိရသည်။ ကာတာနှင့် ဆော်ဒီအာရေဗျ ကုန်သွယ်ရေး ရေနံတင်သင်္ဘောသုံးစင်းသည် ယခုအပတ်အစောပိုင်းတွင် အီရန်၏ ပစ်ခတ်မှု ခံခဲ့ရသည်။ သို့ဖြင့် အမေရိကန်က အီရန်ပစ်မှတ် အများအပြားကို တုံ့ပြန် တိုက်ခိုက်ခဲ့သည်။ အီရန်ကလည်း ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်ဘက် ပစ်မှတ်နေရာများကို

ဂျာအေးသူ့အမေရိုက်သည့် ကိန်းဆိုက်နေသော အီရန်စစ်ရပ်စဲရေးပြဿနာ Read More »

စီးပွားပျက်ကပ်ကြီးကို ရှောင်ရှားရန် အီရန်စစ်ပွဲကို အဆုံးသတ်ရမည်

သမ္မတ ထရမ့်က ယခုအပတ်အတွင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် အီရန်ကို တွန်းအားပေးခဲ့သည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးပြိုပျက်မည့်အရေးကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု ထရမ့်က ဝန်ခံခဲ့သည်။ ထရမ့်၏ စီးပွားရေးအကြံပေးများက ကမ္ဘာလုံးဆိုင်ရာ ရေနံသိုလှောင်မှုများ ကျဆင်းလာနေပြီဖြစ်ကြောင်း သတိပေးခဲ့၍လည်းဖြစ်သည်။ စီးပွားပျက်ကပ်ကြီးတစ်ခုကို စတင်ဖြစ်ပွားစေခဲ့ပြီး ဈေးကွက်ပြိုလဲမှုကို ဖြစ်ပေါ်စေခဲ့သော အမေရိကန်သမ္မတ ‘ဟာဘတ်ဟူးဗား’ နှင့် နှိုင်းယှဉ်ခံရမည်ကို စိုးရိမ်မိသည်ဟု ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။ “ကျွန်တော် စီးပွားရေးကပ်ဘေးကို မမြင်ချင်ပါဘူး” ဟု ဇွန် ၁၇ (ဗုဒ္ဓဟူးနေ့) တွင် ပြင်သစ်-ဆွစ်ဇာလန် နယ်ခြားမြို့ ‘အီဗီယန်လက်စ်ဘိန်းစ်’ (Évian-les-Bains) ရှိ Hôtel Royal တွင် ဂျီဆဲဗင်း (G-7) ထိပ်သီးအစည်းအဝေးကို အဆုံးသတ်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၄-ချက်ပါ နားလည်မှုစာချွန်လွှာ (MOU)

စီးပွားပျက်ကပ်ကြီးကို ရှောင်ရှားရန် အီရန်စစ်ပွဲကို အဆုံးသတ်ရမည် Read More »

အီရန်ကို ‘ထရမ့်’ အရေးနိမ့်နေပြီလား

အမေရိကန်-အီရန်-အစ္စရေးတို့ အဓိက ပါဝင်ပတ်သက်နေသော အရှေ့အလယ်ပိုင် ပဋိပက္ခသည် ယခုအခါ အဖြေ ညှိ၍ မရနိုင်ဘဲ ‘ဂျာအေးသူ့အမေရိုက်’ဆိုသည့် ကိန်းဆိုက်နေလေပြီ။ အီရန်နှင့် သဘောတူညီချက်တစ်ခု ရလုနီးလာပြီဟု ထရမ့်က ဘယ်နှကြိမ် ပြောခဲ့ပြီးပြီလဲဆိုသည်ကိုပင် သေသေချာချာ မမှတ်မိကြတော့။ ထရမ့်က ၂၀၂၆ ဧပြီလ ၇ ရက်နေ့တွင် ၎င်းတို့ သည် “အလွန် အလှမ်းကွာနေသေးသော်လည်း သဘောတူညီချက် အပြီးသတ် ပြီးမြောက်ရေး အတွက် အချိန် နှစ်ပတ်လိုအပ်သည်” ဟု လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ ထရမ့်သည် လူမှုမီဒီယာပို့စ်များ၊ အများပြည်သူရှေ့မှောက်နှင့် မီဒီယာများနှင့် ဖုန်းခေါ်ဆိုမှုများအတွင်း သဘောတူညီချက်တစ်ခု နီးကပ်လာပြီ သို့မဟုတ် အီရန်သည် သဘောတူညီချက်ကို အလွန်အမင်း လိုလားနေကြောင်း တိုက်ရိုက်ပြောဆိုခဲ့သည့် အကြိမ်အရေအတွက် ၃၈ ကြိမ်ခန့် ရှိပြီဖြစ်သည်။ သမ္မတ

အီရန်ကို ‘ထရမ့်’ အရေးနိမ့်နေပြီလား Read More »

အီရန်စစ်ပွဲ နှင့် ခေါင်းဆောင်မှု သုတ်သင်ရှင်းလင်းရေး မဟာဗျူဟာ မူဝါဒ အမှား 

အီရန်စစ်ပွဲ၏ အစပိုင်း၌ အမေရိကန်နှင့် အစ္စရေး ပူးပေါင်းစစ်ဆင်တိုက်ခိုက်မှု “Operation Epic Fury” ကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် ‘အယာတိုလာ အလီ ခါမေနီ’ အပါအဝင် တီဟီရန်အစိုးရ၏ အရေးကြီး ပုဂ္ဂိုလ်အများအပြား သေဆုံးခဲ့ကြရသည်။ ထိုလုပ်ရပ်ကြောင့် အမေရိကန်နှင့် အစ္စရေးတို့သည် “မဖြတ်ကျော်သင့်သော နိုင်ငံတကာစည်း အသစ်တစ်ခုကို ဖြတ်ကျော်လိုက်ခြင်း” ဖြစ်သည်ဟု ‘နယူးယော့ခ်တိုင်း(မ်)’ သတင်းစာ နှင့် အခြားနိုင်ငံတကာ မီဒီယာအချို့က သုံးသပ်ဖော်ပြသွားခဲ့ကြသည်။ အဆိုပါ “မဖြတ်ကျော်သင့်သော စည်း” ဆိုသည်မှာ နိုင်ငံခေါင်းဆောင်တစ်ဦးကို ရည်ရွယ်ချက်ရှိရှိ ပြောင်ပြောင်တင်းတင်း သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် စတင်ခဲ့သော စစ်ပွဲသည် အမေရိကန်တို့ဘက်မှ နောက်ပြန်ဆုတ်ခွာရခြင်းဖြင့် နိဂုံးချုပ်သွားနိုင်ဖွယ် ရှိနေသည်ဟု “ဂျက်ဖရီ ဆက်ချ် နှင့် ဆိုင်ဘီလ် ဖာရက်စ်” တို့က သုံးသပ် တင်ပြ ခဲ့ကြဖူးသည်။ အီရန်စစ်ပွဲတွင် အမေရိကန်၏

အီရန်စစ်ပွဲ နှင့် ခေါင်းဆောင်မှု သုတ်သင်ရှင်းလင်းရေး မဟာဗျူဟာ မူဝါဒ အမှား  Read More »

အမေရိကန်တို့ နောက်ဆုတ်ရင် အီရန်စစ်ပွဲ အဆုံးသတ်နိုင်မှာလား (ဂျက်ဖရီ ဆက်ချ် နှင့် ဆိုင်ဘီလ် ဖာရက်စ် တို့၏ သုံးသပ်ချက်)

အီရန်စစ်ပွဲ၏ လက်ရှိ သောင်မတင် ရေမကျ အခြေအနေ အိမ်ဖြူတော်၏ ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာအပေါ် အီရန်နှင့် သဘောတူညီမှုရရန် နီးစပ်နေပြီဟု အမေရိကန် သတင်းမီဒီယာ Axios တွင် ဖော်ပြထားသည်။ အဆိုပါ သဘောတူညီချက်အရ နျူကလီးယားဆိုင်ရာ အသေးစိတ် ညှိနှိုင်းရေးအတွက် မူဘောင်တစ်ရပ် ချမှတ်ပေးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အမေရိကန်ဘက်မှ တင်ပြလာသည့် အဆိုပြုချက်ကို စဉ်းစားသုံးသပ်နေပြီး တီဟီရန်အစိုးရ၏ သဘောထားကို ပါကစ္စတန် ကြားဝင်ညှိနှိုင်းသူများမှတစ်ဆင့် ပြန်လည်ပေးပို့သွားမည်ဟု ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကလည်း ၎င်းတို့အနေဖြင့် အပစ်ရပ်သဘောတူညီချက်ကို “စစ်ပွဲအား အပြီးတိုင် ရပ်တန့်သွားစေမည့် အခြေအနေတစ်ရပ်” အဖြစ် ပြောင်းလဲနိုင်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။ သို့သော်

အမေရိကန်တို့ နောက်ဆုတ်ရင် အီရန်စစ်ပွဲ အဆုံးသတ်နိုင်မှာလား (ဂျက်ဖရီ ဆက်ချ် နှင့် ဆိုင်ဘီလ် ဖာရက်စ် တို့၏ သုံးသပ်ချက်) Read More »

ထရမ့်အလွန် ကာလနောက်ပိုင်း၌ ဖြစ်နိုင်ခြေရှိသည့် ကမ္ဘာ့အခင်းအကျင်း သုံးမျိုး

(မြန်မာပြန်သည်) ကမ္ဘာဟောင်းသည် သေအံ့မူးမူး ဖြစ်နေပြီ “ကမ္ဘာဟောင်းသည် သေအံ့မူးမူး ဖြစ်နေပြီ” ဟု အီတလီ ဒဿနပညာရှင် ‘အန်တိုနီယို ဂရမ်ဆီ’ (Antonio Gramsci) က ၁၉၃၀ ပြည့်နှစ် တွင် ရေးသားခဲ့သည်။ “ကမ္ဘာအသစ်သည် မွေးဖွားရန် ကြိုးစားရုန်းကန်လျက်ရှိသည်” ဟုလည်း သူက ဆိုသည်။ သူ၏ မာ့က်စ်ဝါဒဆိုင်ရာ ယုံကြည်ချက်များ မည်သို့ပင် ရှိနေစေကာမူ ‘ဂရမ်ဆီ’တစ်ယောက် ယခု ‘ထရမ့်ခေတ်’ (Trumpian Age) မှာ ရှိနေမည် ဆိုလျှင်တော့ လက်ရှိအခြေအနေသည် သူ့အတွက် အထူး အဆန်းကိစ္စတစ်ခု ဖြစ်နေမည် မဟုတ်ပေ။ ဤနေရာတွင် “ကမ္ဘာဟောင်း” ဟုဆိုသည်မှာ ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန်ပြည်ထောင်စုက အနောက်နိုင်ငံများတွင် ပြန်လည်ထူထောင်တည်ဆောက်ပေးခဲ့သော လူမှုဘဝအခင်းအကျင်းဖြစ်သည်။ ‘စစ်အေးခေတ်’ စစ်ပွဲတွင် အောင်ပွဲရရှိခဲ့လေသည်။

ထရမ့်အလွန် ကာလနောက်ပိုင်း၌ ဖြစ်နိုင်ခြေရှိသည့် ကမ္ဘာ့အခင်းအကျင်း သုံးမျိုး Read More »

အမေရိကန်နဲ့ အီရန်စစ်ပွဲ အချိန်တိုတိုနဲ့ ပြီးနိုင်မယ်ထင်သလား

လက်ရှိ ဖြစ်ပေါ်နေတဲ့ အမေရိကန်-အီရန်စစ်ပွဲဟာ မတ်လကုန်ရင် တစ်လပြည့်မှာဖြစ်တယ်။ အခု ရက်သုံးဆယ် မပြည့်ခင်မှာပဲ စစ်ရပ်စဲရေး ကြိုးပမ်းမှုမှန်သမျှ သဲထဲရေသွန်ဖြစ်နေတာ တွေ့ရတယ်။ တကယ်တော့ ဒီစစ်ပွဲဟာ ရှောင်ရှားနိုင်ပါလျက်နဲ့ အမေရိကန်နဲ့ အစ္စရေးခေါင်းဆောင်တွေရဲ့ အာဃာတတွေ၊ မာနတွေကြောင့် ဖြစ်ပွားခဲ့ရတယ်လို့ ဆိုနိုင်တယ်။ စစ်ပွဲကို ဖန်တီးသူတွေက နိုင်ငံခေါင်းဆောင်ဆိုတဲ့ လူကြီးတွေ ဖြစ်ပေမဲ့ တကယ်တမ်း စစ်ပွဲမှာ ပါဝင် တိုက်ခိုက် သေဆုံးကြရသူတွေက အိပ်မက်တွေ ကိုယ်စီရှိကြတဲ့ လူငယ်တွေ ဖြစ်နေတယ်။ ဒီအပြင် နိုင်ငံတကာ ဆက်ဆံရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ အဟောသိကံ ဖြစ်ကြရတယ်။ လတ်တလော ရက်သုံးဆယ် မပြည့်ခင်မှာပဲ အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ စစ်ပွဲရဲ့ ဆိုးကျိုး သက်ရောက်မှုတွေ ခံနေကြရပြီဖြစ်ရုံမက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့ ဆိုးကျိုးသက်ရောက်မှုဒဏ် ခံနေကြရပြီဖြစ်တယ်။ ရေနံပြဿနာကြောင့် စစ်ပွဲကြာလာတာနဲ့အမျှ နိုင်ငံတကာ

အမေရိကန်နဲ့ အီရန်စစ်ပွဲ အချိန်တိုတိုနဲ့ ပြီးနိုင်မယ်ထင်သလား Read More »

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရှင်ဖြစ်ဖို့ ကြံစည်နေပြီလား

ဒေါ်နယ်လ်ထရမ့် – ဒီမိုကရေစီကို ပုန်ကန်ကာ အာဏာရှင်ဆန်နေပြီလား? ဒီကနေ့ ကမ္ဘာ့နေရာဒေသ အနှံ့အပြားမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အခြေအနေအရပ်ရပ် မတည်မငြိမ် ဖြစ်နေရခြင်းရဲ့ နောက်ကွယ်မှာ ဘယ်သူ့ပယောဂ အများဆုံးလဲလို့ ဆန်းစစ်ကြည့်တဲ့အခါ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်ချက်တွေကို တစ်နေ့တစ်မျိုး မရိုးအောင် တွေ့နေရတယ်။ ဒေါ်နယ်လ်ထရမ့်ဟာ အာဏာရှင် (Autocrat) လမ်းကြောင်းပေါ် ရောက်နေပြီလားလို့ မေးခွန်းထုတ်မှုတွေ ရှိလာနေတယ်။ သမိုင်းအတွေ့အကြုံတွေအရ အာဏာရှင်ဆိုတာ ဘယ်လိုလူမျိုးဆိုတာကို နိုင်ငံရေးလေ့လာသူတွေ အတော်လေး ရှင်းရှင်းလင်းလင်း သိရှိနားလည်ထားကြပြီး ဖြစ်ပါတယ်။ သမိုင်းဥပမာ အတော်များများ ရှိပြီးသားလည်း ဖြစ်ပါတယ်။ ဟစ်တလာ၊ မူဆိုလီနီ၊ စတာလင်၊ မော်စီတုန်း၊ ချောင်ဆက်စကူး၊ ပိုပေါ့၊ မားကို့စ် စသဖြင့် သမိုင်းမှာ တွေ့ခဲ့ကြရပြီ ဖြစ်တယ်။ မျက်မှောက်ခေတ်မှာလည်း

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရှင်ဖြစ်ဖို့ ကြံစည်နေပြီလား Read More »