အမေရိကန်တွေ နောက်ဆုတ်သွားတဲ့အခါ
အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဆယ်စုနှစ်များစွာကြာအောင် ဩဇာလွှမ်းမိုးထားခဲ့တယ်။ ခုတော့ ဒါတွေ ပြီးဆုံးသွားပါတော့မယ်။ အမေရိကန်ဟာ အရှေ့အလယ်ပ်ိုင်းမှာ ပိတ်မိနေတယ်။ အီရန်နဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲကနေ လွယ်လွယ်နဲ့ ရုန်းထွက်မရနိုင် ဖြစ်နေတယ်။ နောက်ဆုံး ဒီစစ်ပွဲကြီး ပြီးခဲ့ပြီဆိုရင်တောင် ဒီပဋိက္ခဟာ အင်မတန်ထူးခြားတဲ့ အမှတ်လက္ခဏာတွေ ကျန်ရစ်နေမှာပါ။ အမေရိကန်တွေ ဒီဒေသက နောက်ဆုတ်ထွက်ခွာသွားတာနဲ့ တစ်ပြိုင်နက် အမေရိကန်ရဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှုလည်း ပျောက်ကွယ်သွားတော့မှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က အော်တိုမန်အင်ပါယာကို အင်အားကြီးနိုင်ငံတွေက ခွဲဝေယူခဲ့ကြပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် အရှေ့အလယ်ပိုင်းဒေသဟာ ကမ္ဘာကြီးရဲ့ အဝေးတစ်နေရာကနေ ကြိုးကိုင် ခြယ်လှယ် ခံရတာမျိုး မရှိနိုင်တော့ပါဘူး။ ပထမကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာ့ဘာသာကြီးသုံးခု စတင်ရာ ဒီဒေသဟာ ဒုက္ခတစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရပါတယ်။ ကမ္ဘာစစ်တုန်းက အနိုင်ရသူတွေဘက်ကနေ ကူညီတိုက်ခိုက်ပေးခဲ့တဲ့ အာရပ်တွေဟာ ဗြိတိန်က […]
အမေရိကန်တွေ နောက်ဆုတ်သွားတဲ့အခါ Read More »









