The Corner

The Corner

cropped-Logo_round_grey-background.png

ကိုတင်

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲအလွန် အရှုံးသမား နှစ်ဦး – ကိုတင်

အမေရိကန်ရဲ့ နိုဝင်ဘာ ၃ ရက် သက်တမ်းဝက်ရွေးကောက်ပွဲကတော့ ပြီးသွားပါပြီ။ မဲရေတွက်မှုတွေ အကုန်အစင် မပြီးသေးပေမဲ့ ဒီမိုကရက်တစ်တွေ အသာစီးရလာတဲ့ သတင်းတွေက ဆက်တိုက် ထွက်လာနေပါတယ်။ ဒီရွေးကောက်ပွဲအပြီးမှာ အထူးစိတ်ဝင်စားစရာဖြစ်လာတဲ့ ရီပတ်ဗလီကင် ပါတီကို အားပေးသူ လူနှစ်ယောက်ကတော့ ထရီလံနာ သူဋ္ဌေး အီလွန် မတ်စ်နဲ့ ပိထ် ဟက်ဂ်ဆက်ပါ။ တစ်ယောက်က နိုင်ငံရေးမှာ ငွေကြေးအင်အား ပုံအောခဲ့သူ၊ နောက်တစ်ယောက် ကတော့ မိမိရဲ့ ဆုံးဖြတ်ချက်တွေအတွက် လွှတ်တော်ရဲ့ စိစစ်မှုကို ရင်ဆိုင်လာရနိုင်သူ ဖြစ်ပါတယ်။ Tesla နဲ့ SpaceX တို့ရဲ့ အမှုဆောင်အရာရှိချုပ် မတ်စ်အတွက် ဒီရွေးကောက်ပွဲဟာ ကိုယ်တိုင် ဝင်ပြိုင်စရာမလိုဘဲ ရှုံးနိမ့်မှုသွားတယ်လို့ သတင်းမီဒီယာတွေက သုံးသပ်ကြပါတယ်။ ဒီမိုကရက်တစ်တွေက လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး သူထောက်ခံထားတဲ့ ရီပတ်ဘလီကန် […]

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲအလွန် အရှုံးသမား နှစ်ဦး – ကိုတင် Read More »

မပြတ်မသား ဖြစ်နေသေးတဲ့ အစ္စရေး ရွေးကောက်ပွဲ အလွန် – ကိုတင်

အောက်တိုဘာလ (၂၇) ရက်နေ့မှာ ကျင်းပခဲ့တဲ့ အစ္စရေး ရွေးကောက်ပွဲကတော့ ပြီးဆုံးသွားပါပြီ။ သို့သော်လည်း ပြည်သူအများ အင်တိုက်အားတိုက်ပေးခဲ့ကြသည့်တိုင် မဲများကို ပြီးဆုံးအောင် ရေတွက်ဖို့ကတော့ ရက်အနည်းငယ် ကြာမြင့်ပါဦးမယ်။ ရလဒ်များ ပြတ်ပြတ်သားသား ပေါ်ထွက်မလာခင်အထိ အစ္စရေးနိုင်ငံဟာ မရေရာ မသေချာတဲ့ ကာလတစ်ခုကို ဖြတ်သန်း နေရဦးမယ်လို့ ထင်ကြေးပေးနေကြပါတယ်။ မဲပေးအပြီး ပြန်ထွက်လာသူများကို ကောက်ယူခဲ့တဲ့ စစ်တမ်းအရ လက်ရှိ ဝန်ကြီးချုပ် ဘင်းဂျမင် နေတန်ယာဟုရဲ့ လက်ယာယိမ်း ပါတီနဲ့ အလားတူ ပါတီများ စုပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့ကို တခဲနက်ထောက်ခံမှု မရတာကတော့ အသေအချာပင်။ နေတန်ယာဟုကို စိန်ခေါ်သူ ဂါဒီ အိုင်စင်ကော့ရဲ့ ပါတီ အုပ်စုများ ကလည်း ပြတ်ပြတ်သားသား အနိုင်မရပါ။ သို့သော် ဒါက စစ်တမ်းတွေရဲ့ ပြောပြချက်ပဲ

မပြတ်မသား ဖြစ်နေသေးတဲ့ အစ္စရေး ရွေးကောက်ပွဲ အလွန် – ကိုတင် Read More »

အေအိုင်ဆိုတာ တကယ်တော့….

အခုခေတ်မှာ AI က လူ့အဖွဲ့အစည်းကို ဘယ်လိုဇောက်ထိုးမိုးမျှော် ပြောင်းပစ်မလဲလို့ ဦးနှောက်ခြောက် နေတယ်ဆိုရင် ဟိုးအရင်တုန်းက နှစ်ပေါင်း ထောင်ချီကြာခဲ့စဥ်က လူသားတွေဟာ ဝံပုလွေ မျိုးစိတ် ထဲက လူထက်တောင် အာရုံခံကောင်းတဲ့ အဖော်တစ်ယောက် ပေးခဲ့ဖူးတဲ့ နည်းပညာကို စဉ်းစား ကြည့်ပါ—အဲဒါ “ခွေး” ပဲ။ ဝံပုလွေတွေကို နည်းနည်း ယဥ်ပါးလာအောင် သင်စရာရှိတာတွေ သင်ပေးပြီး အိမ်မွေး တိရစ္ဆာန် လုပ်လိုက်တာနဲ့ လူတွေဟာ အဝေးက သားကောင်နံ့ကို ကိုယ်တိုင် နှာခေါင်းနဲ့ ပင်ပင်ပန်းပန်း ခံစရာမလိုဘဲ သိနိုင်ပြီး ညဘက် ရန်သူချဉ်းကပ်လာသံကိုလည်း ကြားနိုင် လာတယ်။ ဒီလိုနဲ့ နီအန်ဒါသယ် ကမ္ဘာဦးလူသားတွေထက် အမဲလိုက်ကောင်း၊ တိုက်ခိုက်ရေးလည်း ကောင်းသွားပြီး ချောင်းတိုက်ဖို့ခက်၊ ထွက်ပြေးရင်တောင် လွတ်ဖို့လည်းခက်တဲ့ အဖွဲ့ဖြစ်လာတယ်။ မနုဿဗေဒ

အေအိုင်ဆိုတာ တကယ်တော့…. Read More »

အမေရိကန်အတွက် မဟာမိတ်အသစ်

အမေရိကန်တပ်များ အာဖဂန်နစ္စတန် ဆုတ်ခွာခဲ့ပြီး ငါးနှစ်အကြာမှာ အယ်လ်ကိုင်ဒါ အဖွဲ့ဟာ အားနည်းနေဆဲဖြစ်ပြီး တာလီဘန်တို့အတွက် မမျှော်လင့်တဲ့ မဟာမိတ် တစ်ယောက် တွေ့လာ ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ကသောင်းကနင်းနဲ့ ဆုတ်ခွာနေတဲ့ နောက်ဆုံး အချိန်မှာ ISKP (Islamic State Khorasan Province) လို့ခေါ်တဲ့ အိုင်အက်စ် ခိုရာဆန် အကြမ်းဖက်အဖွဲ့က သွေးချောင်းစီးတဲ့ ဗုံးခွဲတိုက်ခိုက်မှုကြီးတစ်ခု လုပ်ခဲ့သေးတယ်။ အဲဒီတုန်းက တာလီဘန်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု အောက်ကနေ ထွက်ပြေးဖို့ ကြိုးစားနေကြတဲ့ အာဖဂန်အရပ်သား ၁၇၀ နီးပါးနဲ့ အမေရိကန် စစ်သည် ၁၃ ယောက်ဟာ ကာဘူးလ် နိုင်ငံတကာလေဆိပ်မှာ ISKP ရဲ့ အသေခံ ဗုံးခွဲမှုလုပ်ကြံမှုကြောင့် သေဆုံးခဲ့ရရှာတယ်။ ဒီ လုပ်ကြံကြီးက

အမေရိကန်အတွက် မဟာမိတ်အသစ် Read More »

အာရှ-ပစိဖိတ်ဒေသ အတွက် အေအိုင် ဖွံ့ဖြိုးရေး အနီးမြင် အဝေးမြင်

အေအိုင် ခေါ် ဉာဏ်ရည်တုဟာ တဖြည်းဖြည်း ထိုးဖောက်လာတာနဲ့အမျှ အာရှ-ပစိဖိတ်ဒေသမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား နှစ် ဘီလီယံလောက်အတွက် စီးပွားရေးလုပ်ငန်း အပြောင်း အလဲတွေ ဘာဖြစ်လာမယ်ဆိုတာ ခပ်ဝါးဝါး ဖြစ်နေပါသေးတယ်။ နာမည်ကြီး အေအိုင်တွေဖြစ်တဲ့ ချက်ဂျီပီတီ (ChatGPT)၊ ဂျန်မနိုင် (Gemini)၊ ကလော့ (Claude) အစရှိတဲ့ စွမ်းဆောင်ရည်မြင့်ပြီး လူတွေနဲ့ ထိတွေ့မှုများနေတဲ့ ဉာဏ်ရည်တု ဝန်ဆောင်မှုတွေကို နေ့စဥ် အလုပ်ခွင်တွေမှာ အသုံးများလာကြပါတယ်။ ဝန်ထမ်းတွေက အေအိုင်တွေကို အီးမေးတွေ အကြမ်း ပြင်ခိုင်းတာ၊ အစည်းအဝေးမှတ်တမ်းတွေကို ထုတ်ခိုင်းတာ၊ အခြား ဘာသာကနေ ကိုယ့်ရဲ့ မိခင် ဘာသာ စကားကို ဘာသာပြန်ခိုင်းတာနဲ့ ကိုယ်ပြင်ဆင်ရမယ့် ဆွေးနွေး တင်ပြချက်တွေအတွက် ပိုမိုကောင်းမွန်အောင် မွမ်းမံ ပြင်ဆင်ခိုင်းတာ အစရှိသဖြင့်ပေါ့။ ဒီနည်းအားဖြင့်

အာရှ-ပစိဖိတ်ဒေသ အတွက် အေအိုင် ဖွံ့ဖြိုးရေး အနီးမြင် အဝေးမြင် Read More »

ဘောလုံးကလုံးတယ်၊ ပထဝီ နိုင်ငံရေးက ရှုပ်ထွေးတယ်၊ ကမ္ဘာ့ဖလားက…

၁၉၃၄ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အီတလီကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ နှစ်ပွဲစလုံးမှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဆွီဒင်လူမျိုး လူငယ်ဟာ အီတလီ အာဏာရှင် မူဆိုလီနီနဲ့ ညစာအတူစားရင်း တကယ်ပဲ တွေ့ဆုံခဲ့တာလား။ ပြီးတော့ သူဟာ အိမ်ရှင်အသင်းဘက်ကနေ ဘက်လိုက်ပေးဖို့ သဘောတူပြီး အီတလီအသင်း ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲနိုင်အောင် လမ်းခင်းပေး ခဲ့တာလား။ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိသေးတဲ့ ကောလာဟလတွေဟာ ယနေ့ထက်တိုင် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ စတင်ပေါ်ပေါက်လာကတည်းက ပြဿနာတွေ၊ အရှုပ်တော်ပုံတွေနဲ့ ရင်ဆိုင်ခဲ့ ရတာပါ။ ၁၉၃၀ ပြည့်နှစ် ဥရုဂွေးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဘောလုံးကွင်းကြီးဟာ ပြိုင်ပွဲဖွင့်ပွဲ ကျင်းပဖို့ အချိန်မီ အဆင်သင့် မဖြစ်ခဲ့ပါဘူး။ အဲဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သတ်မှတ်ခံထားရတဲ့

ဘောလုံးကလုံးတယ်၊ ပထဝီ နိုင်ငံရေးက ရှုပ်ထွေးတယ်၊ ကမ္ဘာ့ဖလားက… Read More »

ကင်မ်ဂျုံအန် ဘာကိုကြောက်သလဲ

ကိုဗစ်-၁၉ ကပ်ဘေးရောဂါကြီး နောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံတွင် သေဒဏ်ပေးလောက်သည့် ပြစ်မှုများမှာ လူသတ်မှုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် မှုခင်းကြီးများသာမကတော့ဘဲ ပြည်ပမှ သတင်းများ စီးဆင်းမှု၊ ဘာသာရေး အယူအဆနှင့် နိုင်ငံရေး အမြင်ကွဲလွဲမှု စသည်တို့ကို တားမြစ်ထားရာမှ ပေါ်ပေါက်လာသည့် အချက်များကိုပါ သေဒဏ်ပေးလောက်သည့် အပြစ်များအဖြစ် ထပ်တိုးခဲ့ကြောင်း သိရသည်။ တကယ်တော့ မြောက်ကိုရီးယားတွင် ပြစ်မှုကျူးလွန်သည်ဟု သတ်မှတ်ပြီး သေဒဏ်ချမှတ်ခြင်း၊ စီရင်ခြင်းများမှာ အဆန်းတကြယ် ကိစ္စတော့မဟုတ်ပေ။ လူရှေ့သူရှေ့တွင် သေဒဏ်စီရင်ခြင်းကို အာဏာရှင်များက ပြည်သူများ ကြောက်ရွံ့သွားစေရန် လုပ်ဆောင်သည့် နည်းလမ်းအဖြစ် အသုံးချခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော် ယခုဆောင်းပါးသည် သေဒဏ်စီရင်ခြင်း အကြောင်းကိုသာ ပြောလိုရင်း မဟုတ်ဘဲ ဘာကြောင့် သေဒဏ်ပေးရသလဲဆိုသည့် အခြေခံအချက်များ ပြောင်းလဲလာပုံကို ပြောပြချင်ခြင်း ဖြစ်ပါသည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်

ကင်မ်ဂျုံအန် ဘာကိုကြောက်သလဲ Read More »

အိုဘားမားပြောတဲ့ တကယ့် သမ္မတ

အခု ဘာသာပြန် အမေးအဖြေဆောင်းပါးကတော့ အမေရိကန် တီဗီ အစီအစဥ်တင်ဆက်သူ စတီဖင် ကိုဘဲလ် (Stephen Colbert) နဲ့ သမ္မတ ဘားရက် အိုဘားမားတို့ မကြာခင်က တွေ့ဆုံ မေးမြန်းခဲ့တဲ့ ယူကျူ အင်တာဗျူး တစ်ခုဖြစ်ပါတယ်။ စီဘီအက်စ် တီဗီ ချန်နယ်က စတီဖင် ကိုဘဲလ် တင်ဆက်နေတဲ့ “The Late Show with Stephen Colbert” ဟာ ဆယ်စုနှစ် တစ်ခုလောက်ကြာအောင် တင်ဆက်ခဲ့တာဖြစ်ပြီး လာမယ့် မေလ (၂၁) ရက်နေ့မှာ နောက်ဆုံး အပိုင်းကို ထုတ်လွှင့်အပြီး လုံးဝ ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ သမ္မတဟောင်း ဘားရက် အိုဘားမားနဲ့ အင်တာဗျူး အစီအစဥ်ကို မေလ (၆) ရက်နေ့က တင်ဆက်ခဲ့တာပါ။

အိုဘားမားပြောတဲ့ တကယ့် သမ္မတ Read More »

အားကစား၊ ဂုဏ်သိက္ခာနဲ့ နိုင်ငံရေး 

ဘောလုံး ဝါသနာအိုးများဟာ ဘောလုံးပွဲကိုသာ အရူးအမူး စိတ်ဝင်စားကြတာပါ။ ကျန်တဲ့ နိုင်ငံရေး၊ ကမ္ဘာ့အရေးတွေကိုလည်း စိတ်ဝင်စားကောင်းဝင်စား ကြပါလိမ့်မယ်၊ ဘောလုံးနဲ့တော့ လာမရောနဲ့လို့ အများစုက ဆိုကြပါ လိမ့်မယ်။ ကမ္ဘာ့စင်မြင့်ထက်မှာ လတ်တလော နေရာယူထားတဲ့ အမေရိကန်နဲ့ အီရန် စစ်ရေး အခြေအနေတွေ ကြောင့် အမေရိကန် သမ္မတ ထရမ့်က ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) ကို ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်ခဲ့တဲ့ အီရန် အသင်းနေရာမှာ ခြေစစ်ပွဲ မအောင်ခဲ့တဲ့ အီတလီ အသင်းကို အစားထိုးဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီလို အစားထိုးဖို့ အကြံပြုချက်အပေါ် အီတလီပရိသတ်တွေကြားမှာတော့ ရှက်ကိုးရှက်ကန်းဖြစ်တာနဲ့ စိတ်မဝင်စားတာ မျိုးတွေ ရောထွေးနေပါတယ်။ အီတလီ မီဒီယာတွေကလည်း ဒီလိုအကြံပြုချက်မျိုးက အရင်ကလည်း

အားကစား၊ ဂုဏ်သိက္ခာနဲ့ နိုင်ငံရေး  Read More »

အရှေ့အလယ်ပိုင်းအရေးမှာ အနိုင်ရရှိသွားသူကတော့…

စတော့ရှယ်ယာမှာ ရင်းနှီးမြှုပ်နှံသူများပဲ ဖြစ်ပါတယ်။ စတော့ရှယ်ယာ လောကမှာ လတ်တလော trend ဖြစ်နေတာ တစ်ခုက TACO trading လို့ခေါ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ လေ့လာဆန်းစစ်သူများကတော့ TACO trade ဟာ နည်းလမ်းတကျ ထွက်ပေါ်လာတဲ့ ကိစ္စရပ်တစ်ခု မဟုတ်လို့ အမြဲတမ်းမှန်ကန်မှာမဟုတ်ဘူးလို့ သတိပေးနေကြပါတယ်။ TACO Trade ဆိုတာ ဘာလဲ အရင်ဆုံး TACO ဆိုတာဘာလဲ ရှင်းပြချင်ပါတယ်။ Trump Always Chickens Out (TACO) ကို မြန်မာလို ပြန်မယ်ဆိုရင်တော့ “လေပိနေတဲ့ ထရမ့်” လို့ ပြောချင်တယ်။ အကျယ်တဝင့်ပြောမယ်ဆိုရင်တော့ “ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်လို့ ပြောနေပေမဲ့ တကယ်တမ်းကျတော့ ကြောက်လို့ နောက်ဆုတ်ပြီး တကယ်လည်းလုပ်တာ မဟုတ်” လို့ ပြောရမယ်ထင်တယ်။

အရှေ့အလယ်ပိုင်းအရေးမှာ အနိုင်ရရှိသွားသူကတော့… Read More »