The Corner

The Corner

cropped-Logo_round_grey-background.png

Feature

Feature article

ယုန်လိုပြေးသော ဆိုဗီယက်နှင့် လိပ်လိုနှေးသော တရုတ်

ယုန်နဲ့လိပ် အပြေးပြိုင်တဲ့ ပုံပြင်ကို မကြားဖူးတဲ့သူ ဆိုတာ ရှိမယ် မထင်ပါဘူး။ ဒါပေမဲ့ ယုန်နဲ့လိပ် အကြောင်း ပြောချင်တာတော့ မဟုတ်ပါဘူး။ ဆိုဗီယက်ပြည်ထောင်စုရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တရုတ်နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး တွေးမိတာလေးတွေ ပြောချင်လို့ပါ။ ဆိုဗီယက်ပြည်ထောင်စု ပြိုလဲခါနီးမှာ ပြုပြင်ပြောင်းလဲရေးတွေကို တက်သုတ်ရိုက် ဆောင်ရွက်ခဲ့ပါတယ်။ ဂိုဘာချော့ဗ်က ၁၉၈၅ ခုနှစ်မှာ အာဏာရခဲ့ပြီးနောက်ပိုင်း ဆိုဗီယက်ပြည်ထောင်စုကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၇၀ ကျော် အမြစ်တွယ်နေတဲ့ စနစ်တစ်ခုကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ ဧဝရက်တောင်ထိပ်ကို တက်ရတဲ့ အလုပ်မျိုးပါ။ ဘရက်ဇညက် (Brezhnev) လက်ထက် (၁၉၆၄-၁၉၈၂) နှစ် ၂၀ နီးပါးကာလမှာ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို မသိချင်ယောင်ဆောင် လျစ်လျူရှုခဲ့ပါတယ်။ တချို့သော ပညာရှင်တွေက […]

ယုန်လိုပြေးသော ဆိုဗီယက်နှင့် လိပ်လိုနှေးသော တရုတ် Read More »

တကယ်ဖြစ်လာနေတဲ့ အေအိုင်ရဲ့ ခြောက်လှန့်သံ

အေအိုင်ကို လူတွေနဲ့ ယဥ်ပါးအောင်လုပ်သင့်ပြီ ဉာဏ်ရည်တု (AI) နည်းပညာ တိုးတက်လာခြင်းတည်းဟူဖြစ်ရပ်က နည်းပညာရှင်များကို ခြောက်လှန့်နေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ယခုနောက်ပိုင်းတွင် မဲပေးကြသူ ပြည်သူများကပါ ထိုစိုးရိမ်ပူပန်မှုကို တဖြည်းဖြည်းနှင့် သိရှိခံစားလာရသည်။ အနောက်နိုင်ငံများတွင် အေအိုင် ကို လူကြိုက် နည်းလာပြီး နိုင်ငံရေး နှင့် မဲဆွယ်ခြင်းစသည့် အရေးပါသော အခန်းကဏ္ဍများတွင် အေအိုင် အသုံးပြုမှု များပြားလာခြင်းကို စိုးရိမ်နေကြသည်။ အမေရိကန်နိုင်ငံအတွင်း အေအိုင်နှင့် ပတ်သက်သည့် အပြင်းထန်ဆုံး ဆန့်ကျင်မှုများ ဖြစ်ပွားခဲ့ပြီး ဖြစ်စဥ်တစ်ခုတွင် အေအိုင်အတွက် ဒေတာစင်တာ (အချက်အလက်များ သိုလှောင်သည့် အဆောက်အအုံ) များ တည်ဆောက်ခြင်း လုပ်ငန်းကို ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ဒေါ်လာ ဘီလီယံ ၁၀၀ ခန့် တန်ဖိုးရှိသော စီမံကိန်းများ ပျက်ပြားခဲ့ရသည်။ ထို့ပြင်

တကယ်ဖြစ်လာနေတဲ့ အေအိုင်ရဲ့ ခြောက်လှန့်သံ Read More »

ဘောလုံးကလုံးတယ်၊ ပထဝီ နိုင်ငံရေးက ရှုပ်ထွေးတယ်၊ ကမ္ဘာ့ဖလားက…

၁၉၃၄ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အီတလီကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ နှစ်ပွဲစလုံးမှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဆွီဒင်လူမျိုး လူငယ်ဟာ အီတလီ အာဏာရှင် မူဆိုလီနီနဲ့ ညစာအတူစားရင်း တကယ်ပဲ တွေ့ဆုံခဲ့တာလား။ ပြီးတော့ သူဟာ အိမ်ရှင်အသင်းဘက်ကနေ ဘက်လိုက်ပေးဖို့ သဘောတူပြီး အီတလီအသင်း ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲနိုင်အောင် လမ်းခင်းပေး ခဲ့တာလား။ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိသေးတဲ့ ကောလာဟလတွေဟာ ယနေ့ထက်တိုင် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ စတင်ပေါ်ပေါက်လာကတည်းက ပြဿနာတွေ၊ အရှုပ်တော်ပုံတွေနဲ့ ရင်ဆိုင်ခဲ့ ရတာပါ။ ၁၉၃၀ ပြည့်နှစ် ဥရုဂွေးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဘောလုံးကွင်းကြီးဟာ ပြိုင်ပွဲဖွင့်ပွဲ ကျင်းပဖို့ အချိန်မီ အဆင်သင့် မဖြစ်ခဲ့ပါဘူး။ အဲဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သတ်မှတ်ခံထားရတဲ့

ဘောလုံးကလုံးတယ်၊ ပထဝီ နိုင်ငံရေးက ရှုပ်ထွေးတယ်၊ ကမ္ဘာ့ဖလားက… Read More »

အဆင်မပြေတဲ့ သူတို့အတွဲ

အပြန်အလှန် ခြိမ်းခြောက်ခံနေရတယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုနေရာကို ယူထားလို့မရနိုင်ပါဘူး တစ်ခါတစ်ခါ ပြောခဲ့ကြတယ် အထူးသဖြင့်ကတော့ သမ္မတ ထရမ့် ပေါ့။ အမေရိကနဲ့ တရုတ်ဟာ အခုအချိန်မှာ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်နေပြီ ကမ္ဘာကို ဦးဆောင်နေတဲ့ စုံတွဲ ဆူပါပါဝါ နိုင်ငံတွေပဲဆိုတဲ့စကားပါ။ အဲဒါ အင်မတန်ညံ့တဲ့ စိတ်ပျက်စရာ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။ တစ်ဦးသောခေါင်းဆောင်က သူ့ရဲ့မဟာမိတ်နိုင်ငံတွေကို အလွယ်တကူလှည့်စားနိုင်တဲ့သူ အသုံးချခံရုပ်သေးရုပ်လို သဘောထားပြီးဆက်ဆံတယ်။ ဒါ့ပြင် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကမ္ဘာကြီးရဲ့ တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုခဲ့တဲ့ အဖွဲ့အစည်းတွေကို တစ်စစီပြိုကွဲသွားအောင် ဖျက်ဆီးပစ်နေတယ်။ တခြားနိုင်ငံကြီးတစ်ခုကလည်း သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေကို ဗိုလ်ကျစိုးမိုးနေပြီး သူကိုယ်တိုင် တင်းမာမှုလျှော့သွားအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ နိုင်ငံခြားတိုင်းပြည်တွေက ပဋိပက္ခတွေကို ဖြေရှင်းပေးတာမရှိဘဲ ပိုပြီးဆိုးဝါးလာအောင် ဖန်တီးနေတယ်။ ပိုဆိုးတာက ဒီနှစ်နိုင်ငံဟာ နည်းပညာနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းလို့

အဆင်မပြေတဲ့ သူတို့အတွဲ Read More »

သမ္မတများ၊ စစ်များ

အရပ်သား အမေရိကန်သမ္မတတွေရဲ့ တာဝန်တွေထဲမှာ Commander in Chief (စစ်ဦးစီးချုပ်) တာဝန်လည်း ပါဝင်ပါတယ်။ အမေရိကန် ကြည်းတပ်၊ လေတပ်၊ ရေတပ် အားလုံးဟာ အရပ်သားသမ္မတရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်။ ဒီဆောင်းပါးမှာ အမေရိကန်သမ္မတ အဆက်ဆက် စစ်ပွဲတွေနဲ့ ကြုံရတဲ့အခါ Commander in Chief အနေနဲ့ ဘယ်လို ကိုင်တွယ်ခဲ့ကြလဲဆိုတာကို စုဆောင်းတင်ပြထားပါတယ်။ သမ္မတတွေရဲ့ အထုပ္ပတ္တိ မဟုတ်ပါ။ စစ်အတွင်းကာလ သူတို့ရဲ့ စီမံခန့်ခွဲမှု၊ စစ်အပေါ် သဘောထား စတာတွေဖြစ်ပါတယ်။ အခုလက်ရှိ အမေရိကန်ဆင်နွှဲနေတဲ့ စစ်ပွဲမှာ ရှေးယခင်က သမ္မတကြီးတွေ၊ Commander in Chief တွေများ ဗျူဟာချ ကွပ်ကဲကြရင် ဘယ်လိုတွေများ ပြောင်းသွားမလဲ တွေးကြည့်မိပါတယ်။ ဂျော့ချ်ဝါရှင်တန် (၁၇၈၉ – ၁၇၉၇) “သစ္စာတရားနဲ့ တရားမျှတမှုကို နိုင်ငံအားလုံးအပေါ် ကျင့်သုံးပါ။

သမ္မတများ၊ စစ်များ Read More »

ထရမ့်အလွန် ကာလနောက်ပိုင်း၌ ဖြစ်နိုင်ခြေရှိသည့် ကမ္ဘာ့အခင်းအကျင်း သုံးမျိုး

(မြန်မာပြန်သည်) ကမ္ဘာဟောင်းသည် သေအံ့မူးမူး ဖြစ်နေပြီ “ကမ္ဘာဟောင်းသည် သေအံ့မူးမူး ဖြစ်နေပြီ” ဟု အီတလီ ဒဿနပညာရှင် ‘အန်တိုနီယို ဂရမ်ဆီ’ (Antonio Gramsci) က ၁၉၃၀ ပြည့်နှစ် တွင် ရေးသားခဲ့သည်။ “ကမ္ဘာအသစ်သည် မွေးဖွားရန် ကြိုးစားရုန်းကန်လျက်ရှိသည်” ဟုလည်း သူက ဆိုသည်။ သူ၏ မာ့က်စ်ဝါဒဆိုင်ရာ ယုံကြည်ချက်များ မည်သို့ပင် ရှိနေစေကာမူ ‘ဂရမ်ဆီ’တစ်ယောက် ယခု ‘ထရမ့်ခေတ်’ (Trumpian Age) မှာ ရှိနေမည် ဆိုလျှင်တော့ လက်ရှိအခြေအနေသည် သူ့အတွက် အထူး အဆန်းကိစ္စတစ်ခု ဖြစ်နေမည် မဟုတ်ပေ။ ဤနေရာတွင် “ကမ္ဘာဟောင်း” ဟုဆိုသည်မှာ ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန်ပြည်ထောင်စုက အနောက်နိုင်ငံများတွင် ပြန်လည်ထူထောင်တည်ဆောက်ပေးခဲ့သော လူမှုဘဝအခင်းအကျင်းဖြစ်သည်။ ‘စစ်အေးခေတ်’ စစ်ပွဲတွင် အောင်ပွဲရရှိခဲ့လေသည်။

ထရမ့်အလွန် ကာလနောက်ပိုင်း၌ ဖြစ်နိုင်ခြေရှိသည့် ကမ္ဘာ့အခင်းအကျင်း သုံးမျိုး Read More »

ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး

လွန်ခဲ့တဲ့ တစ်လလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂါဇီပူရ် (Gazipur) ခရိုင်၊ ကာလီယာကဲလ် (Kaliakair) မြို့နယ်ထဲက ဘာမွန်ဂိုနာ (Bamonghona) ကျေးရွာရဲ့ လယ်ကွင်းပြင်တွေမှာ စပါးစိုက်တဲ့ အလုပ်တွေ ပြီးစီးသွားခဲ့ပါပြီ။  ဒီကျေးရွာဟာ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာ (Dhaka) နဲ့ အကွာအဝေးအရ ကြည့်ရင် သိပ်မဝေးလှဘူး ဆိုပေမဲ့ ကဏ္ဍတော်တော်များများမှာတော့ နိုင်ငံရဲ့ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ အထောက်အပံ့တွေနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ကျေးရွာကနေ ဒေသတွင်းစျေးကို ဆက်သွယ်ပေးမယ့် ကောင်းမွန်တဲ့ ကတ္တရာလမ်း ဒါမှမဟုတ် အခိုင်အမာခင်းထားတဲ့ လမ်းမျိုးတောင် အခုထက်ထိ မရှိသေးပါဘူး။ ဒါကြောင့် ရွာကလူတွေ အနေနဲ့ ဆေးကုသခွင့်ရဖို့၊ ပညာရေးနဲ့ တခြားမရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ရယူဖို့အတွက် ခက်ခဲနေရပြီး အထူးသဖြင့် မိုးရာသီဆိုရင် ပိုပြီးတော့တောင် ဒုက္ခရောက်ကြရပါတယ်။  အခုအချိန်မှာတော့ လယ်ကွင်းပြင်နဲ့ ခြံတွေထဲမှာ

ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး Read More »

ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးအရှုပ်အထွေး

(Feature article: အာရှဒေသတွင်း ရွေးကောက်ပွဲများကို လေ့လာသုံးသပ်ချက်) ဒီလထဲမှာ ရွေးကောက်ပွဲတွေ ဆက်နေတယ်။ တိုက်ဆိုင်တယ်လို့ပဲ ပြောရမလားမသိ။ ဂျပန်နဲ့ ထိုင်းနိုင်ငံတွေမှာ ဖေဖော်ဝါရီ (၇) ရက်နေ့က ရွေးကောက်ပွဲတွေ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြတယ်။ သူ့အကြောင်းနဲ့သူ ရွေးကောက်ပွဲ ကျင်းပကြတာဖြစ်ပေမဲ့ ရွေးကောက်ပွဲနေ့က ဖေဖော်ဝါရီ (၇) ရက် တစ်ရက်တည်းမှာဆိုတော့ ထူးခြားနေတယ်လို့ ဆိုရမယ်။ ရွေးကောက်ပွဲ နှစ်ခုစလုံးကလည်း လက်ရှိဝန်ကြီးချုပ်တွေကပဲ ဆက်ပြီး အနိုင်ရသွားကြတယ်။ ထိုင်းနိုင်ငံက ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် အနုတင် ဦးဆောင်တဲ့ ဘွန်ဂျိုင်ထိုင်းပါတီက ထိုင်ခုံနေရာအများဆုံးနဲ့ အနိုင်ရခဲ့သလို ဂျပန်ရွေးကောက်ပွဲမှာလည်း လက်ရှိဝန်ကြီးချုပ် ဆာနေး တာကာအီချီရဲ့ အယ်လ်ဒီပီပါတီက အပြတ်အသတ် အနိုင်ရရှိသွားခဲ့တယ်။ တိုက်ဆိုင်တာမဟုတ်ပေမဲ့ ထူးထူးခြားခြား တစ်ရက်တည်း တစ်ပြိုင်တည်း ကျင်းပတဲ့ ရွေးကောက်ပွဲနှစ်ခုမှာ ဝန်ကြီးချုပ်နှစ်ဦး

ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးအရှုပ်အထွေး Read More »

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းသစ်

(Feature article: အသေးစိတ် လေ့လာသုံးသပ်ချက်) ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ထိုင်းနိုင်ငံ၏ အမျိုးသား ရွေးကောက်ပွဲသည် အရှေ့တောင်အာရှ ဒေသတွင်း၌သာမက ကမ္ဘာ့အဆင့်တွင်ပါ စိတ်ဝင်စားစရာ ကောင်းသည့် နိုင်ငံရေးအလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ဤရွေးကောက်ပွဲသည် ထိုင်းနိုင်ငံ၏ မငြိမ်မသက်ဖြစ်နေသော ဒီမိုကရေစီသမိုင်းကြောင်းတွင် နောက်ထပ်အခန်းကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်သည် တိုးတက်သောဝါဒီ (Progressive) အင်အားစုများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်စေခဲ့ပြီး၊ ကွန်ဆာဗေးတစ် (Conservative) အင်အားစုများအတွက်မူ မမျှော်လင့်ထားသော အောင်ပွဲတရပ် ဖြစ်လာခဲ့သည်။ ဘွန်ဂျိုင်ထိုင်း (Bhumjaithai) ၏ အံ့အားသင့်ဖွယ် အောင်ပွဲနှင့် အမျိုးသားရေးလှိုင်း ရွေးကောက်ပွဲကော်မရှင်၏ မဲအရေအတွက် ၉၀ ရာခိုင်နှုန်းကျော် ရေတွက်ပြီးစီးချိန်တွင် ဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူးလ် ၏ ဘွန်ဂျိုင်ထိုင်းပါတီသည်

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းသစ် Read More »

‘ဒေါ်နယ်ထရမ့်’ လက်ချက်နဲ့ ကွဲအက်စပြုနေတဲ့ ကမ္ဘာကြီး

အမေရိကန်တွေ သမ္မတရွေးချယ်မှု အမှားဒဏ် တစ်ကမ္ဘာလုံး ခံနေရ ကမ္ဘာကြီးဟာ အသည်းအသန် နာမကျန်းဖြစ်နေပြီ ဖြစ်တယ်။ ပြဿနာခပ်သိမ်းရဲ့ အဓိက လက်သည်ကတော့ အမေရိကန်ပြည်ထောင်စုက ‘ဒေါ်နယ်ထရမ့်’ကို သမ္မတအဖြစ်ရွေးချယ်ခဲ့လို့ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုဟာ စူပါ-ပါဝါ နိုင်ငံကြီးဖြစ်တဲ့အတွက် ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုအတွက် ပဓာနကျတဲ့ ဆုံချက်လိုဖြစ်နေတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေး-စီးပွားရေးတည်ငြိမ်မှုဟာ ကမ္ဘာကြီး တစ်ခုလုံးအတွက် အရေးပါနေခဲ့တာ ဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုသာ ဗဟိုပြုစဉ်းစားတဲ့ ‘ဒေါ်နယ်ထရမ့်’ လို လက်ယာအစွန်း ရောက် ‘အမေရိကန်-ပထမ’ အယူဝါဒသမားကို သမ္မတအဖြစ်ရွေးချယ်ခဲ့ခြင်းဟာ အလွန်ကြီးမားတဲ့ အမှားကို ကျူးလွန်ခဲ့ကြ တာဖြစ်တယ်။ အမေရိကန် ပြည်သူတွေက ဒေါ်နယ်ထရမ့်ကို ရွေးချယ်ခဲ့တာဖြစ်ပေမယ့် အဲဒီ အမှားရဲ့ ဒဏ်ဟာ လက်ရှိ အခြေအနေမှာ

‘ဒေါ်နယ်ထရမ့်’ လက်ချက်နဲ့ ကွဲအက်စပြုနေတဲ့ ကမ္ဘာကြီး Read More »