The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၃၀)

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၄)

ကြောင်းရာစုံစုံ နိုင်ငံတကာ ဇာတ်ခုံ ဦးမိုး – ကိုတိုးရေ ခရီးရောက်မဆိုက် မေးရဦးမယ်။ ဟို သမ္မတ ထရမ့် နိုင်ပြီ၊ နိုင်ပြီလို့ အော်နေတဲ့ အမေရိကန် – အီရန် ဇာတ်လမ်း ဘယ်ရောက်သွားပြီလဲဗျ။ ကျန်ခဲ့တဲ့ အပတ်ကတော့ နှစ်ဦးသဘောတူ လက်မှတ်တွေ ဘာတွေ ထိုးကြလို့ဆို…။ ဦးတိုး – ကိုမိုးကလည်း သူနိုင်ပြီဆိုတိုင်း ကိစ္စတစ်ခုက ပြီးသွားပြီမဟုတ်တာလည်း သိနေလျက်သားနဲ့ဗျာ။ နောက်ဆိုရင် ကိုမိုး သူမဟုတ်တဲ့ အခြားသူ နောက်တယောက်က ပြောလာရင် ဖြစ်နိုင်ခြေပိုများတယ်ဆိုတာသာ မှတ်ထားလိုက်ပေတော့ဗျာ။ ကဲ ကျွန်တော်တို့လည်း တစ်ခါတလေတွေ့ကြတာ ဒီဇာတ်လိုက်ကြီး အကြောင်းပဲ ပြောဖြစ်နေတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ ခေါင်းစဥ်ပြောင်းကြရအောင်။ ဦးမိုး – ဟဲ ဟဲ ကိုတိုးပြောတာလည်း ဟုတ်ပါတယ်ဗျာ။ […]

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၄) Read More »

ဝန်ကြီးချုပ် ကီယာစတာမာ အလွန် ဗြိတိန်နိုင်ငံရေး

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာဟာ လေဘာပါတီခေါင်းဆောင်နဲ့ ဗြိတိန် ဝန်ကြီးချုပ်အဖြစ်က နုတ်ထွက်ကြောင်း ရုတ်တရက် ကြေညာလိုက်တယ်။ ပါတီက သူ့အပေါ် ထောက်ခံမှု မရှိတော့တာကို သိလိုက်ရတဲ့အတွက် ပါတီခေါင်းဆောင်အဖြစ်က သူနုတ်ထွက်ပြီဖြစ်ကြောင်း ကြေညာခဲ့တယ်။ အမှတ် (၁၀) ဒေါင်းနင်းလမ်းနေအိမ်မှာ သတင်းမီဒီယာများနဲ့ တွေ့ဆုံစဉ် ကီယာစတာမာက လွန်ခဲ့တဲ့ နှစ်နှစ်က သူဒီနေရာကို ဂုဏ်ယူစွာနဲ့ ရောက်ရှိလာပြီး ၁၄ နှစ်တာအတွင်း ပထမဆုံးအကြိမ် လေဘာပါတီအစိုးရကို ဦးဆောင်နိုင်ခဲ့ပေမယ့် ခုချိန်မှာ သူဟာ လောဘာပါတီခေါင်းဆောင်နဲ့ ထိုက်တန်ပါရဲ့လားဆိုတဲ့ မေးခွန်းတွေ မေးလာတာကြောင့် ထိုက်တန်သူကို နေရာပေးဖို့ ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်ကြောင်း ကြေညာ သွားခဲ့တယ်။ ကီယာ စတာမာ ရုတ်တရက် နုတ်ထွက်သွားခြင်းဟာ ဗြိတိန်နိုင်ငံရေးကို စောင့်ကြည့် လေ့လာ

ဝန်ကြီးချုပ် ကီယာစတာမာ အလွန် ဗြိတိန်နိုင်ငံရေး Read More »

နှလုံးသားထဲက ထွက်ခွာသွားပြီ ဖြစ်သော ကျွန်တော့်သူရဲကောင်း

ကျူးဘားနိုင်ငံမှာ “တစ်နေ့” လျှပ်စစ်မီး နှစ်နာရီကနေ လေးနာရီလောက်ပဲ ရတော့တယ်။ တိုင်းပြည်စီးပွားရေးက ပြိုလဲတော့မယ်။ အမေရိကန် နိုင်ငံက ကျူးဘားနိုင်ငံကို ဝင်သိမ်းတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာနေတယ် ဆိုတဲ့ သတင်းတွေကို ကြားရတဲ့ အခါ ငယ်ငယ်က ဖီဒယ်ကက်စထရိုက ကိုယ့်သူရဲကောင်း ဖြစ်ခဲ့တာကို သတိရမိပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင် စနစ်ကို ဖီဒယ်ကက်စထရို ဦးဆောင်တဲ့ သူပုန်အဖွဲ့က တော်လှန်ဖြုတ်ချနိုင်တယ် ဆိုတာက ဒဏ္ဍာရီထဲက သူရဲကောင်းတစ်ဦးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသလိုပါပဲ။ ပြည်သူလူထု အများစုကြီးအတွက် “တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း” တွေကို ကိုယ်စားပြုတောင်းဆိုတယ်ပေါ့။ ဒီလို ခေါင်းဆောင်မျိုးက ဦးဆောင်တည်ထောင်ခဲ့တဲ့ ကျူးဘားနိုင်ငံက ဒီကနေ့ မြင်တွေ့ရတဲ့ ‘ပြိုလုဆဲဆဲ နိုင်ငံဘဝ’ ကို ဘယ်လို ဆိုက်ရောက်ခဲ့ရတာလဲ။ အဓိကကတော့

နှလုံးသားထဲက ထွက်ခွာသွားပြီ ဖြစ်သော ကျွန်တော့်သူရဲကောင်း Read More »

နေတန်ယာဟုကို ဂိုင်ဒီအိုင်ဇင်ကော့က ဖြတ်ကျော်သွားမှာလား

အစ္စရေးနိုင်ငံသားတွေကတော့ သူဟာ ဘင်ဂျမင်နေတန်ယာဟုကို အစားထိုးနိုင်မယ့်သူ စင်စစ်ပဲလို့ ယူဆကြတယ်။ အစ္စရေးနိုင်ငံသူနိုင်ငံသားတွေ မဲရုံတွေဆီကို သွားပြီး ဆန္ဒမဲပေးကြဖို့ လေးလလောက် လိုတဲ့အချိန်မှာ အဓိက ပြိုင်ဖက်ချင်း တွေ့ဆုံမှု အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ ညွန့်ပေါင်းအစိုးရဟာ လူထုဆန္ဒ သဘောထားမှာ အင်အားလျော့နည်းနေခဲ့ပါတယ်။ တစ်နှစ်တာ ကာလလောက် ဦးဆောင်စိန်ခေါ်တဲ့သူကတော့ ၂၀၂၁ ခုနှစ်တုန်းက မစ္စတာ နေတန်ယာဟုကို အစားထိုးခဲ့ဖူးတဲ့ လက်ယာယိမ်း နိုင်ငံရေးသမား နက်ဖ်တာလီ ဘင်နက် ပဲဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ကိုယ်စားလှယ်လောင်း တစ်ယောက်က မကြာသေးခင်က ပြုလုပ်တဲ့ လူထုသဘောထားဆန္ဒခံယူပွဲ အတော်များများမှာ မစ္စတာ ဘင်နက်ကို အသာစီးရသွားပြီး သက်တမ်းကြာရှည် တာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ်အတွက် အဓိက အန္တရာယ် ဖြစ်လာသူ

နေတန်ယာဟုကို ဂိုင်ဒီအိုင်ဇင်ကော့က ဖြတ်ကျော်သွားမှာလား Read More »

ယူကရိန်း ထိတ်လန့်တကြား ဖြစ်နေရသည့် လေကြောင်းစစ်ပွဲသစ်

ဒုံးကျည်စစ်ပွဲမှာ လက်ရှိအင်အားအခြေအနေအရ ရုရှားက အလိုအလျောက် အသာစီးရနေသော်လည်း ယူကရိန်းကတော့ ထိုအခြေအနေ ပြောင်းလဲသွားလိမ့်မည်ဟု မျှော်လင့်နေ ယူကရိန်းနိုင်ငံသူနိုင်ငံသားတွေဟာ ဇွန်လ ၁၅ ရက် တနင်္လာနေ့မနက်က သူတို့ကြုံနေကြ ရေနံဆီနံ့၊ မီးလောင်လို့ညှော်တဲ့အနံ့၊ နံ့သွေးညှိနံ့စတဲ့ အနံ့ဆိုးတွေကြောင့် လန့်နိုးလာကြတယ်။ ရုရှားရဲ့ နောက်ဆုံးတိုက်ခိုက်မှုမှာ ဒရုန်းအစင်းပေါင်း ၆၁၁ စင်းနဲ့ ဒုံးကျည်ပေါင်း ၇၀ ပါဝင်ပြီး ယူကရိန်းမြို့တော် ကီယက်ဗ်ကို အဓိကပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်။ အဲဒီမြို့တော်မှာရှိတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ရှေးဟောင်း ပီချာဆက် လာဗရာ ခရစ်ယာန်အယူမှန်ဂိုဏ်း ဘုန်းတော်ကြီးကျောင်းဟာ ဒေသတွင်းအာဏာပိုင်အဖွဲ့အစည်းတွေက တတာဝန်ရှိသူတွေအဆိုအရတော့ တိုက်ရိုက်ကိုထိမှန်ခဲ့တယ်လို့ သိရပါတယ်။ နေရာတိုင်းမှာကတော့ အဓိကပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့နေရာတွေဟာ စစ်ရေးဆိုင်ရာပစ္စည်းတွေထုတ်လုပ်တဲ့စက်ရုံတွေနဲ့ လျှပ်စစ် ဓာတ်အားပေးရေး အခြေခံအဆောက်အဦတွေ ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ တချို့ဒုံးကျည်တွေကတော့ အိပ်ခန်းထဲတွေအထိ ခါတိုင်းလိုပဲ ကျရောက်တတ်ပါသေးတယ်။

ယူကရိန်း ထိတ်လန့်တကြား ဖြစ်နေရသည့် လေကြောင်းစစ်ပွဲသစ် Read More »

စီးပွားပျက်ကပ်ကြီးကို ရှောင်ရှားရန် အီရန်စစ်ပွဲကို အဆုံးသတ်ရမည်

သမ္မတ ထရမ့်က ယခုအပတ်အတွင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် အီရန်ကို တွန်းအားပေးခဲ့သည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးပြိုပျက်မည့်အရေးကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု ထရမ့်က ဝန်ခံခဲ့သည်။ ထရမ့်၏ စီးပွားရေးအကြံပေးများက ကမ္ဘာလုံးဆိုင်ရာ ရေနံသိုလှောင်မှုများ ကျဆင်းလာနေပြီဖြစ်ကြောင်း သတိပေးခဲ့၍လည်းဖြစ်သည်။ စီးပွားပျက်ကပ်ကြီးတစ်ခုကို စတင်ဖြစ်ပွားစေခဲ့ပြီး ဈေးကွက်ပြိုလဲမှုကို ဖြစ်ပေါ်စေခဲ့သော အမေရိကန်သမ္မတ ‘ဟာဘတ်ဟူးဗား’ နှင့် နှိုင်းယှဉ်ခံရမည်ကို စိုးရိမ်မိသည်ဟု ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။ “ကျွန်တော် စီးပွားရေးကပ်ဘေးကို မမြင်ချင်ပါဘူး” ဟု ဇွန် ၁၇ (ဗုဒ္ဓဟူးနေ့) တွင် ပြင်သစ်-ဆွစ်ဇာလန် နယ်ခြားမြို့ ‘အီဗီယန်လက်စ်ဘိန်းစ်’ (Évian-les-Bains) ရှိ Hôtel Royal တွင် ဂျီဆဲဗင်း (G-7) ထိပ်သီးအစည်းအဝေးကို အဆုံးသတ်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၄-ချက်ပါ နားလည်မှုစာချွန်လွှာ (MOU)

စီးပွားပျက်ကပ်ကြီးကို ရှောင်ရှားရန် အီရန်စစ်ပွဲကို အဆုံးသတ်ရမည် Read More »

ပြင်းထန်မယ်လို့ ခန့်မှန်းထားတဲ့ ၂၀၂၇ အယ်လ်နီညို

လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ပီရူး တံငါသည်တွေဟာ ပစိဖိတ် သမုဒ္ဒရာအတွင်းက ငါးနီတူငါးတွေဟာ အုပ်လိုက်ကြီး ပျောက် ပျောက် သွားတတ်တဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တစ်ခုကို သတိထားမိ ခဲ့ကြတယ်။ အဲဒီလို အချိန်မှန်မှန် ငါးအုပ်တွေ ပျောက်သွားတတ်တဲ့ ကာလဟာ ခရစ္စမတ် အချိန်နဲ့ တိုက်ဆိုင်နေတတ်တာမို့ အဲဒီဖြစ်ရပ်ကို “el- niño Jesus, Christ Child” “ဘုရားသခင်ရဲ့ကောင်လေး”လို့ အမည်ပေးခဲ့ကြတယ်။ ဒီခေတ်မှာတော့ အယ်လ်နီညို (El Niño) ဖြစ်စဥ်ဟာ လူတိုင်းလူတိုင်း ကြားဖူးနေတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ။ ဒီဖြစ်စဥ်မှာ ပုံမှန် ဖြစ်လေ့ဖြစ်ထရှိတဲ့ မိုးလေဝသ ဖြစ်စဥ်တစ်ခုပါ။ ဒီဖြစ်စဥ်မှာ ကမ္ဘာ့အချို့နေရာတွေမှာ မိုးခေါင်တတ်ပြီး အချို့နေရာတွေမှာတော့ မိုးများပြီး ရေကြီးတာတွေ ကြုံရတတ်သလို တစ်ခါတစ်ရံမှာ အပူလှိုင်းတွေ၊ တောမီးတွေ နဲ့

ပြင်းထန်မယ်လို့ ခန့်မှန်းထားတဲ့ ၂၀၂၇ အယ်လ်နီညို Read More »

တကယ်ဖြစ်လာနေတဲ့ အေအိုင်ရဲ့ ခြောက်လှန့်သံ

အေအိုင်ကို လူတွေနဲ့ ယဥ်ပါးအောင်လုပ်သင့်ပြီ ဉာဏ်ရည်တု (AI) နည်းပညာ တိုးတက်လာခြင်းတည်းဟူဖြစ်ရပ်က နည်းပညာရှင်များကို ခြောက်လှန့်နေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ယခုနောက်ပိုင်းတွင် မဲပေးကြသူ ပြည်သူများကပါ ထိုစိုးရိမ်ပူပန်မှုကို တဖြည်းဖြည်းနှင့် သိရှိခံစားလာရသည်။ အနောက်နိုင်ငံများတွင် အေအိုင် ကို လူကြိုက် နည်းလာပြီး နိုင်ငံရေး နှင့် မဲဆွယ်ခြင်းစသည့် အရေးပါသော အခန်းကဏ္ဍများတွင် အေအိုင် အသုံးပြုမှု များပြားလာခြင်းကို စိုးရိမ်နေကြသည်။ အမေရိကန်နိုင်ငံအတွင်း အေအိုင်နှင့် ပတ်သက်သည့် အပြင်းထန်ဆုံး ဆန့်ကျင်မှုများ ဖြစ်ပွားခဲ့ပြီး ဖြစ်စဥ်တစ်ခုတွင် အေအိုင်အတွက် ဒေတာစင်တာ (အချက်အလက်များ သိုလှောင်သည့် အဆောက်အအုံ) များ တည်ဆောက်ခြင်း လုပ်ငန်းကို ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ဒေါ်လာ ဘီလီယံ ၁၀၀ ခန့် တန်ဖိုးရှိသော စီမံကိန်းများ ပျက်ပြားခဲ့ရသည်။ ထို့ပြင်

တကယ်ဖြစ်လာနေတဲ့ အေအိုင်ရဲ့ ခြောက်လှန့်သံ Read More »

ထူးကဲစွမ်းရည်

လူ၏စွမ်းအားသည် ကိုယ်တိုင်မသိနိုင်ပါဘဲ စွမ်းဆောင်ရည် အပြည့်ရှိနေသည်။ ထိုစွမ်းဆောင်ရည်သည် အခါအားလျော်စွာ ပေါ်ပေါက်လာတတ်သည်။ အမြဲတစေ ဖြစ်တည်နေတာတော့ မဟုတ်ပေ။ ဥပမာ မီးဘေးကြုံ၍ ဘေးလွတ်ရာပြေးရာတွင် အရေးတကြီး ပစ္စည်းပစ္စယများရှိသည့် သေတ္တာကို ထမ်းပိုး၍ ပြေးသည်။ မီးဘေးလွတ်ကင်းရာနေရာရောက်သည်အထိ ထမ်းပိုးနိုင်သေးသည်။ မီးဘေးအန္တရာယ် ကင်းရှင်းချိန်တွင် ထိုသေတ္တာကို ပြန်လည် ထမ်းပိုး၍ မရဘဲ အင်မတန် လေးပင် နေသည်ကို တွေ့ရသည်။ လူနှစ်ယောက်သယ်မှ ရတော့သည်။ အလေးမအားကစားသမားသည် အပြင်တွင်လေ့ကျင့်စဉ်က မ,နိုင်သော အလေးချိန်ကို ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် မ ၍ မရကာ စိတ်အားငယ်မိသည်။ ထိုစဉ် ဤအလေးချိန်ကို မဖြစ်မနေမ,မှသာလျှင် သူ့ဘဝတက်လမ်းသည် မျှော်မှန်း၍ရနိုင်သည်။ သို့မဟုတ်ပါက အနှစ်နှစ်အလလ အားကြိုးမာန်တက် လေ့ကျင့်ခဲ့သမျှ ပျက်ပြယ်ကာ သူ့ဘဝတစ်ခုလုံး အဖတ်ဆယ်မရအောင် ဆုံးရှုံးသွား‌တော့မည်။ စိတ်ပျက်လက်လျှော့ကာ

ထူးကဲစွမ်းရည် Read More »

‘မဟာဆွေ စာတွေရေးပေမဲ့’လား၊ ‘မဟာဆွေ ခါတလေရေးပြန်တော့’လား

မဟာဆွေ စာတွေရေးပေမဲ့ စာရေးဆရာကြီး မဟာဆွေသည် ၁၃၁၅ ဝါဦး (၁၉၅၃ ခု ဇွန်လ)ထုတ် သင့်ဘဝမဂ္ဂဇင်း (မဂ္ဂဇင်းနံပါတ်မပါ) ထဲတွင် အထက်ပါခေါင်းစဉ်နှင့် ဆောင်းပါးတစ်ပုဒ်ရေးသွားခဲ့သည်။ “ရေးသွားခဲ့သည်”ဟုရေးလိုက်ရခြင်းမှာ ဤဆောင်းပါးရေးပြီး နှစ် လခန့်အကြာ ဩဂုတ်လ ၅ ရက်နေ့၌ ဆရာကြီးမဟာဆွေကွယ်လွန်သွားခဲ့ခြင်းကြောင့်ဖြစ်သည်။ ဆရာက သူ့ဆောင်းပါးကို လေးချိုးနှင့်ဖွင့်သည်။ မဟာဆွေစာတွေရေးပေမဲ့၊ ခါနာလွေးရန်မှ မဖူလုံ။  ။ တိုင်းတစ်ပါးမှာဖြင့်၊ နှိုင်းစားကာ သရေယိုမိငဲ့၊ ရွှေဆိုလျှင် စာတစ်စောင်လုပ်ရုံနှင့်၊ ထောင်ထုပ် အသာဝင်ကြ၊ မြန်မာတွင် ဤသဘောကို ပြော၍မယုံ။ ။ ခါနာမှာ မစုံစေ့သော်လည်း၊ ဝါသနာအထုံမွေ့သူမို့၊ ဘုံဓလေ့ သိသာရုံ၊ ညှိကာခြုံပါလို့ တစ်ဇာတ်ခင်း။    ။ လွတ်မှုကိုရည်၊ ဝတ္ထုဒဏ္ဍာရီနှင့်၊ မြန်မာပြည် ကျွန်သပေါက်ကယ်က၊ လွန်မြောက်ရန် နယူပဒေနှင့် ဇမ္ဗူမြေ၊

‘မဟာဆွေ စာတွေရေးပေမဲ့’လား၊ ‘မဟာဆွေ ခါတလေရေးပြန်တော့’လား Read More »