အရူး ကွာစေ့
အရူးနဲ့ကွာစေ့က ဘာဆိုင်လို့လဲလို့ တွေးကြမယ်ထင်ပါတယ်။ဆိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကွာစေ့ရဲ့တံဆိပ် (Brand)ကိုက “အရူး”ဖြစ်နေလို့ပါ။ ကွာစေ့အကြောင်းကဘာများအရေးပါလို့လဲလို့ ထပ်တွေးကြဦးမယ်ထင်ပါတယ်။ အင်မတန်အရေးကြီးပါတယ်။ အရူးကွာစေ့ဟာ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့ အဆင့်သစ်တစ်ရပ်ကို ထပ်တက်ဖို့အတွက် သမိုင်းအချိုးအကွေ့ ဖြစ်ခဲ့လို့ပါ။ အရူးကွာစေ့နဲ့တွဲကပ်ပါလာတဲ့ သမိုင်းသဘောတရားကလည်း ဆင်ခြင်သုံးသပ်စရာပါ။ သမိုင်းဆိုင်ရာ အပြောင်းအလဲတွေဟာ တစ်ဖြောင့်တည်းဖြစ်ပေါ်တာတော့ မဟုတ်ပါဘူး။အလှည့် အပြောင်း အချိုးအကွေ့ တွေဆိုတာ ရှိနေတတ်ပါတယ်။ပိုစိတ်ဝင်စားစရာကောင်းတာက လောကသဘာဝဖြစ်တဲ့ “အကျိုးအမြတ်” နဲ့ “ပေးဆပ်မှု”ယှဥ်တွဲနေတာကို “အရူးကွာစေ့” မှာ တွေ့ရတာပါ တိတိကျကျပြောရရင် “မင်းမှာလုပ်ချင်ရင် တင်းကုပ်မှာအချုပ်ခံဝံ့ မခံဝံ့” – လို့ပြောရမှာပါ။ ‘အရူးကွာစေ့’ကိုပုံဖော် ထုဆစ်ခဲ့သူက နီယန်ဂွမ်ဂျူး (Nian Guangjin)ပါ။ နီယန်ဂွမ်ဂျူးဟာမဖွံ့ဖြိုးမတိုးတက်သေးတဲ့ တရုတ်နိုင်ငံမှာ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ ကြီးပြင်းလာတဲ့ သာမန်ပြည်သူတစ်ဦးပါ။ အသက် ခုနစ်နှစ်မှာ […]





