ပုတ္တောဝါဒ နှင့်ကျွန်တော်
တစ်နေ့က အိပ်ရာဘေးကစာအုပ်ပုံကိုရှင်းဖြစ်တဲ့အခါ အောက်ဆုံးကထွက်လာသည့်စာအုပ်လေးက ပုတ္တောဝါဒပျို့ဋီကာ။ မည်သည့်အချိန်ကတည်းက ဖတ်မည်ဟုကြံစည်ထားမှန်းမမှတ်မိ။ စိတ်ထဲမှာ “အင်း ဒါလေးပြန်ဖတ်ကြည့်ဦးမှပါ” ဟု မှတ်မှတ်ရရရှိရန် တခြားစာအုပ်တွေကိုရွှေ့လိုက်ပြီး ထိုစာအုပ် တစ်အုပ်တည်းသာ ချန်ထားလိုက်သည်။ ယနေ့ ကျောင်းသင်ခန်းစာများကမည်သို့ရှိမည်မသိ။ ပုတ္တောဝါဒပျို့မှာ အင်္ဂလိပ်ခေတ်တွင် သတ္တမတန်းပြဋ္ဌာန်းစာအုပ်ဖြစ်သည်။ ပုတ္တောဝါဒဆိုသည်ကား လူငယ်လူရွယ်များမည်သို့ပညာရှာရမည်ကို လမ်းညွှန်ထားသော ပျို့အမျိုးအစားကဗျာတစ်ပုဒ်ဖြစ်သည်။ ကျောင်းအုပ်ဆရာကြီးဦးစိုးလှိုင်ရေးသည့် ဋီကာစာအုပ်တွင် ကဗျာတွင်သာမက စကားပြေဖြင့် ပြန်ရေးပြထားသဖြင့် ပထမတွင် ကဗျာများကိုကျော်ကာ စကားပြေများကိုသာဖတ်မိသည်။ ထိုသို့ ကဗျာများကိုကျော်ဖတ်ပါသော်လည်း မြင်နေရသဖြင့် သတိတစ်ချက်ထားလိုက်မိသွားသည်။ ထို့ကြောင့် ပထမရည်ရွယ်ချက်ကိုဖျောက်ပြီး စကားပြေကိုဆက်မဖတ်ဖြစ်တော့ဘဲ ကဗျာကိုပြန်ဖတ်မိသွားသည်။ ပုတ္တောသည် သားကိုဆိုလိုရင်းဖြစ်သည်။ ထိုအတူ ကဗျာထဲတွင် သားဆိုသည့်အသုံးအနှုန်းကို ထည်လဲသုံးသွားသည်ကိုတွေ့လိုက်ရသည်။ သို့ဖြင့် ဘယ်နှမျိုးတောင်သုံးသွားသလဲဆိုသည်ကို စိတ်ဝင်စား သွား၍ လိုက်ရှာမိသည်။ ပုတ္တောဝါဒ လင်္ကာပုဒ်ရင်း ၂ တွင် […]
ပုတ္တောဝါဒ နှင့်ကျွန်တော် Read More »









