ရေးခဲ့ဖူးတဲ့ ရန်ကုန်အက်ဆေး
၂ မေ နှင့် ၃ မေ ၂၀၀၈ တွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့၌ နာဂစ် ဟူသော လေမုန်တိုင်းကြီး တိုက်ခတ် ဖျက်ဆီးသွား၍ ပြည်သူများစွာ အသက် အိုးအိမ် ပစ္စည်းများ ဆုံးရှုံးခဲ့ရပါသည်။ ကျွန်တော်တို့ ကြေကွဲဝမ်းနည်းမဆုံး ယူကျုံးမရ ဖြစ်ခဲ့ကြပါသည်။ နာဂစ်လေမုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့ကြီးလည်း သစ်ပင်ကြီးတွေ ပြိုလဲ၊ ဓာတ်တိုင်တွေ၊ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေ ကျိုးပျက်၊ အိမ်ခေါင်မိုးတွေ လန်ထွက်၊ ဆင်းရဲသားတွေမှာ အိမ်တွေ ပြိုလွင့်၊ မီးပြတ်၊ ရေပြတ်၊ လူအများ စိတ်ဓာတ်ပျက်ပြားခဲ့ရသည်။ ကျွန်တော် အပါအဝင် စာရေးဆရာများသည် တစ်သက်တာ မမေ့ပျောက် နိုင်လောက်အောင် ဆိုးဝါးပြင်းထန်လှသော လေမုန်တိုင်းကြီးကြောင့် ကြုံတွေ့ခဲ့ရသော ပြည်သူများ၏ ဒုက္ခအဖုံဖုံကို ခံစားမိသလို […]
ရေးခဲ့ဖူးတဲ့ ရန်ကုန်အက်ဆေး Read More »




