The Corner

The Corner

cropped-Logo_round_grey-background.png

အမေရိက

အောင်မြင်သူအဖြစ် သမိုင်းတင်နိုင်ခဲ့သည့် ‘လူလာ’ – တင်စိန်(ပထဝီဝင်)

ရှုံးနိမ့်သူ လူလာရဲ့ ပြိုင်ဖက်ကတော့ အမေရိကန်ပြည်ထောင်စုသို့ ထွက်ပြေးသွားခဲ့လေပြီ။ ဘရာဇီးနိုင်ငံရဲ့ စံညွန်းနဲ့ ဆိုရရင်တောင် အတော်ကိုထူးခြားအံ့ဖွယ်ကောင်းတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ ကြုံခဲ့ရတဲ့ ရက်သတ္တပတ် လို့ ဆိုရမှာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၅ရက်မှာ ရွေးကောက်ပွဲ အကဲခတ် အများစုက ပထမအကျော့ မဲဆန္ဒပေးပွဲအပြီးမှာ နိုင်ငံရေးလောက ကနေ အသေထွက်ပြီး  အပြီးတိုင် သင်္ဂြိုလ် လိုက်ရတော့မယ်လို့ လက်ခံယူဆထားကြတဲ့ လူအစ်ဇ် အင်နာစီယို လူလာ ဒါ ဆီလ်ဗားဟာ ဘရာဇီးလ်နိုင်ငံသမ္မတ ရွေးကောက်ပွဲမှာ အောင်ပွဲခံအနိုင်ရရှိခဲ့ပါတယ်။ အသက် ၈၁ နှစ်အရွယ် လက်ဝဲယိမ်း ခေါင်းဆောင်အဖြစ် လူသိများတဲ့လူလာရဲ့ ဒီလို အံ့အားသင့်ဖွယ်ပြန်ပြီး အနိုင်ရလာတာဟာ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲမှာ လေးကြိမ်တိုင် အနိုင်ရရှိခဲ့တဲ့သမ္မတတွေရဲ့ သီးသန့်အုပ်စုထဲကို ထိုးဖောက် ဝင်ရောက်စေနိုင်ခဲ့ပါတယ်။ နှစ်ရက် အကြာမှာတော့ […]

အောင်မြင်သူအဖြစ် သမိုင်းတင်နိုင်ခဲ့သည့် ‘လူလာ’ – တင်စိန်(ပထဝီဝင်) Read More »

လက်ယာယိမ်းနိုင်ငံ တစ်နိုင်ငံ ဖြစ်လာမည့်ဘရာဇီးလ် – တင်စိန် (ပထဝီဝင်)

ဘိုလ်ဆိုနာရို ဆွေမျိုးစုကဒေါ်နယ်ထရမ့်ရဲ့ (MAGA) နဲ့ မဟာမိတ်ဖွဲ့ ပြီး ဒီမိုကရေစီ ယန္တရားကို အနှောက်အယှက်ပြုရန် ကတိပြု ဘရာဇီးနိုင်ငံတွင် ရာစုနှစ်တစ်ခု၏လေးပုံတစ်ပုံကာလ နှစ်အများစုကို အလုပ်သမားပါတီ (Workers’ Party (PT) ကလွှမ်းမိုးထားခဲ့သည်။ အလုပ်သမားသမဂ္ဂဝါဒီများ၏လက်ဝဲယိမ်း မဟာမိတ်အဖွဲ့၊ တိုးတက်သော ကက်သလစ် ခရစ်ယာန်များနှင့်ပညာတတ်ပုဂ္ဂိုလ်များသည် ကြီးမားသော သာယာဝပြောသည့် နိုင်ငံတော်ကြီးကို တည်ဆောက်ခဲ့ကြပြီး လက်တင်အမေရိကတိုက်၏ လူမှုဒီမိုကရေစီ မြင်ကွင်းအဖြစ် အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြသည်။ ထိုခေတ်ကြီးမှာ ကုန်ဆုံးသွားပြီဖြစ်သည်။ ယခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသော ဘရာဇီးနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ပထမအကြော့မှာပင် ဖလာဘီယို ဘိုလ်ဆိုနာရို (Flavio Bolsonaro)နှင့် သူဦးဆောင်သည့် လစ်ဘရယ်ပါတီ (PL) က “လူလာ “ဟု ထင်ရှားသည့် အသက်အရွယ် အိုမင်း

လက်ယာယိမ်းနိုင်ငံ တစ်နိုင်ငံ ဖြစ်လာမည့်ဘရာဇီးလ် – တင်စိန် (ပထဝီဝင်) Read More »

ဗင်နီဇွဲလားအပေါ် ဒေါ်နယ်ထရမ့်ရဲ့ ရိုးသားမှုမရှိတဲ့ ကမ်းလှမ်းချက်များ

ပိုဆိုးသည်က ဒီမိုကရေစီစနစ်ကျင့်သုံးမှုကို ပိတ်ပင်ထားပြီး မက်လုံးများကို ဖန်တီးနေခြင်းသာဖြစ် ရေနံက ဗင်နီဇွဲလားနိုင်ငံကို ချမ်းသာကြွယ်ဝလာအောင် ဖန်တီးပေးခဲ့သည်။ လက်တင် အမေရိကတိုက်တွင် တည်ငြိမ်မှုရှိသော ဒီမိုကရေစီစနစ်နှင့် လူနေမှုအဆင့်အတန်း အမြင့်ဆုံး စံနှုန်းများဖြင့် ဆယ်စုနှစ်များစွာ နေထိုင်နိုင်အောင် ငွေကြေးဥစ္စာဓနဖြင့် ကူညီပေးခဲ့သည်။ ယင်းနိုင်ငံသည် ရေနံရောင်းချခြင်းဖြင့် ရရှိလာသော ပက်ထရိုဒေါ်လာ (Petro Dollar) ခေါ် ငွေကြေးများကို ဆင်းရဲသားပြည်သူလူထုထံ ရောက်ရှိအောင် ပြန်လည်လမ်းကြောင်းပြောင်းမည်ဟု ကတိပေးခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် လက်ဝဲယိမ်း လူကြိုက်များဝါဒီ ဟူဂိုရှာဗက်ဇ် ရွေးချယ်တင်မြောက် ခံခဲ့ရချိန်၌ တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း ၃ ဒသမ ၄ သန်း ထုတ်လုပ်လျက်ရှိသည်။ နောက်ပိုင်းတွင် ထိုသို့ ထုတ်လုပ်နိုင်မည့်အစား သူ၏အကျင့်ပျက်ခြစားပြီး အရည်အချင်းမပြည့်ဝသည့် အစိုးရအဖွဲ့ လက်ထက်တွင် ရေနံနှင့် ငွေကြေးစီးဆင်းမှုများ

ဗင်နီဇွဲလားအပေါ် ဒေါ်နယ်ထရမ့်ရဲ့ ရိုးသားမှုမရှိတဲ့ ကမ်းလှမ်းချက်များ Read More »

ပိုမိုအရေးပါလာသည့်ပနားမားတူးမြောင်း

တူးမြောင်းနှင့်ဆက်စပ်သောစိန်ခေါ်မှုများအမြင့်ဆုံးအဆင့်သို့ရောက်လာ အခု၂၀၂၆ခုနှစ်အတွင်း  ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံနဲ့စစ်ဖြစ်တဲ့အချိန်မှာ ပထမဆုံး ဟောမုဇ် ရေလက်ကြားကို ပိတ်လိုက်တဲ့ အချိန်မှာ အကျိုးသက်ရောက်မှုတွေကတော့ ကမ္ဘာ့တခြားဘက်မှာ ခပ်မြန်မြန်ဆန်ဆန်ပဲ ပေါ်ပေါက်လာခဲ့တယ်။ အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာနှစ်ခုကိုဆက်သွယ်ထားပြီး ကီလိုမီတာ ၈၀ ရှည်လျားသည့် ရေလမ်းကြောင်းဖြစ်တဲ့ ပနားမားတူးမြောင်းကို ဖြတ်သန်းပြီး ကူးသန်း သွားလာလိုကြတဲ့ “ဝယ်လိုအား”ဟာ တစ်နေ့ကို တူးမြောင်းကိုဖြတ်သန်းသွားလာနိုင်တဲ့ အမြင့်ဆုံး ပမာဏ ၃၆ စင်း ကနေ အစင်း ၄၀ အထိ တစ်ဟုန်ထိုး တိုးတက်လာခဲ့တယ်။ ရေနံဝယ်ယူသုံးစွဲနေကြရတဲ့ နိုင်ငံအတော်များများဟာ အမေရိကန်နိုင်ငံရဲ့စွမ်းအင်ကိုဝယ်ယူသုံးစွဲရေးဘက်ကိုဦးလှည့်လာကြတာမို့ လောင်စာဆီတွေ တင်ဆောင်လာပြီးတူးမြောင်းကို ဖြတ်သန်းတဲ့သင်္ဘောအရေအတွက်ဟာ  အတော်ကို မြန်မြန်ဆန်ဆန် တိုးမြင့်လာခဲ့တယ်။ LNG ခေါ်တဲ့ သဘာဝဓာတ်ငွေ့ရည် (Liquified Natural Gas) ကုန်စည်တင်တဲ့  သင်္ဘောအရေအတွက်တူးမြောင်းကိုဖြတ်သန်းတာဟာ အရင်နှစ်ဧပြီလကနဲ့ယှဉ်ရင် အခုနှစ်

ပိုမိုအရေးပါလာသည့်ပနားမားတူးမြောင်း Read More »

နှလုံးသားထဲက ထွက်ခွာသွားပြီ ဖြစ်သော ကျွန်တော့်သူရဲကောင်း

ကျူးဘားနိုင်ငံမှာ “တစ်နေ့” လျှပ်စစ်မီး နှစ်နာရီကနေ လေးနာရီလောက်ပဲ ရတော့တယ်။ တိုင်းပြည်စီးပွားရေးက ပြိုလဲတော့မယ်။ အမေရိကန် နိုင်ငံက ကျူးဘားနိုင်ငံကို ဝင်သိမ်းတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာနေတယ် ဆိုတဲ့ သတင်းတွေကို ကြားရတဲ့ အခါ ငယ်ငယ်က ဖီဒယ်ကက်စထရိုက ကိုယ့်သူရဲကောင်း ဖြစ်ခဲ့တာကို သတိရမိပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင် စနစ်ကို ဖီဒယ်ကက်စထရို ဦးဆောင်တဲ့ သူပုန်အဖွဲ့က တော်လှန်ဖြုတ်ချနိုင်တယ် ဆိုတာက ဒဏ္ဍာရီထဲက သူရဲကောင်းတစ်ဦးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသလိုပါပဲ။ ပြည်သူလူထု အများစုကြီးအတွက် “တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း” တွေကို ကိုယ်စားပြုတောင်းဆိုတယ်ပေါ့။ ဒီလို ခေါင်းဆောင်မျိုးက ဦးဆောင်တည်ထောင်ခဲ့တဲ့ ကျူးဘားနိုင်ငံက ဒီကနေ့ မြင်တွေ့ရတဲ့ ‘ပြိုလုဆဲဆဲ နိုင်ငံဘဝ’ ကို ဘယ်လို ဆိုက်ရောက်ခဲ့ရတာလဲ။ အဓိကကတော့

နှလုံးသားထဲက ထွက်ခွာသွားပြီ ဖြစ်သော ကျွန်တော့်သူရဲကောင်း Read More »

ကျူးဘား (သို့) ဒေါ်နယ်ထရမ့်အတွက် နောက်ထပ် ပစ်မှတ်တစ်ခု

ရာအူးလ် ကက်စထရိုကို တရားစွဲဆိုတာတွေနဲ့ သူ့ရဲ့ ဖိအားပေးလှုပ်ရှားမှုက နီကိုလတ်စ် မာဒူရိုကို ဖြုတ်ချခဲ့တဲ့ လုပ်ရပ်နဲ့ ပိုပြီးတော့ ဆင်တူလာ ဗင်နီဇွဲလားနိုင်ငံက အာဏာရှင် နီကိုလတ်စ် မာဒူရိုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုတ်တရက် ဖမ်းဆီးလိုက်မယ်လို့ လူတချို့ လောက်ကပဲ ထင်မှတ်ကြမှာပါ။ အခုတော့ မာဒူရိုတစ်ယောက် အမေရိကန်က ဘရွတ်ကလင်းထောင်ထဲမှာ ဘဝကို နွမ်းလျစွာနဲ့ပဲ ဖြတ်သန်း နေရပါပြီ။ ဒီလိုပဲ မစ္စတာထရမ့်ဟာ အသက် ၉၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကျူးဘားနိုင်ငံရဲ့ ဩဇာတိက္ကမအကြီးဆုံးနဲ့ ကွန်မြူနစ်ပါတီက ပုဂ္ဂိုလ်ကျော်တစ်ဦးဖြစ်တဲ့ ရာအူးလ် ကက်စထရိုကိုပါ ဖမ်းဆီးကောင်း ဖမ်းဆီးနိုင်တယ်ဆိုတဲ့ အတွေးအမြင်ကို အခုအချိန်ထိတိုင် အလေးအနက်ထား စဉ်းစားသူကတော့ ပိုလို့တောင် နည်းပါသေးတယ်။ ရာအူးလ်ရဲ့ ကွယ်လွန်သူ နောင်တော်ကြီး ဖီဒယ် ကက်စထရိုကတော့ ၁၉၆ဝ ပြည့်လွန်နှစ်တွေ ကာလအတွင်းမှာ

ကျူးဘား (သို့) ဒေါ်နယ်ထရမ့်အတွက် နောက်ထပ် ပစ်မှတ်တစ်ခု Read More »

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဗင်နီဇွဲလားလက်တင်အမေရိကား

၂၀၂၆ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ရဲ့ သန်းခေါင်ကျော် လင်းအားကြီးအချိန်မှာ အမေရိကန်စစ်လေယာဥ် ၁၅၀ကျော်ဟာ ကရာကက်(စ)မြို့ကို လက်နက်မျိုးစုံနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဗင်နီဇွဲလား ကာကွယ်ရေးတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့သလို အရပ်သားတွေနဲ့ လူနေအိမ် အဆောက်အအုံများစွာလည်း မီးလောင်ပျက်စီးပြီး အရပ်သားအများအပြားလည်း သေဆုံးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်စစ်သား ၂၀၀နီးပါးဟာ ကရာကက်(စ)မြို့တွင်းကို ဝင်ရောက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတနီကိုလပ်(စ)မာဒူရိုနဲ့ ဇနီးဖြစ်သူ စီလီယာဖလော်ရက်(စ)တို့ကို ဖမ်းဆီးခဲ့ပါတယ်။ ထိုသို့ဖမ်းဆီးခဲ့ရာမှာ ထရမ့်က အကြောင်းပြချက်ပေးရာမှာတော့ သမ္မတ မာဒူရိုနဲ့ ဗင်နီဇွဲလားကို အုပ်ချုပ်နေသူတွေဟာ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုတွေ လုပ်နေတယ်၊ မူးယစ်ဆေးတွေကို အမေရိကန်နိုင်ငံအတွင်းကို ခိုးသွင်းနေတယ်၊ သူ့ပြည်တွင်းမှာလည်း ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်မှုတွေလုပ်နေတယ်၊ အဂတိ လိုက်စားမှုတွေ ကျူးလွန်နေတယ်စတဲ့ အကြောင်းပြချက်တွေကို ပေးခဲ့ပါတယ်။ သို့ပေမဲ့ သိပ်မကြာမီမှာပဲ အမေရိကန်သမ္မတထရမ့်က သူရဲ့အဓိကရည်မှန်းချက်ကို ထုတ်ဖော်ပြောခဲ့တယ်။ ထရမ့်အစိုးရက

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဗင်နီဇွဲလားလက်တင်အမေရိကား Read More »

အဖိနှိပ်ခံ ပြည်သူတွေကိုယ်စား ပေးတဲ့ဆု

အဖိနှိပ်ခံ ပြည်သူတွေကိုယ်စား ပေးတဲ့ဆု (သို့မဟုတ်) ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို ရရှိသွားတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ၂၀၂၅ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ ရလိမ့်မယ်လို့ ဆုရွေးချယ်ရေး ကော်မတီရဲ့ ကြေညာချက် မထွက်ခင်အထိ ကြွေးကြော်နေခဲ့တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် သူ့ရဲ့ လုပ်ဆောင်ချက် တွေဟာ နိုဘယ်လ်ဆုနဲ့ ထိုက်တန်တယ်ဆိုပြီးတော့လည်း လူအများရှေ့မှာ ပြောဆိုနေတာ တွေ့ရတယ်။ နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီဟာ ခုလို သမ္မတထရမ့်က သူ ရလိမ့်မယ်လို့ ပြောဆိုနေတဲ့ကြားက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် အမျိုးသမီး မာရီယာ ကိုရီနာ မာချာဒို ကို ချီးမြှင့် လိုက်ကြောင်း အောက်တိုဘာ(၁၀)ရက်နေ့မှာ ကြေညာလိုက်တယ်။ ဗင်နီဇွဲလားအတိုက်ခံခေါင်းဆောင် မာချာဒို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရရှိကြောင်း သတင်းတွေ

အဖိနှိပ်ခံ ပြည်သူတွေကိုယ်စား ပေးတဲ့ဆု Read More »

ရွှေတူးတာကမူးယစ်ဆေးဝါးလုပ်ငန်းထက်ပိုကောင်းသလား

မူးယစ်ဆေးဝါး ရောင်းဝယ် ကုန်သွယ်ကြတဲ့ လူဆိုးဂိုဏ်းတွေက ရွှေခိုးတူးတဲ့ လုပ်ငန်းကို စုပြုံ‌ရောက်ရှိ လာကြတယ်။ သတ္တုတွင်း လုပ်သားတွေရဲ့ သံပြိုင်အော်ဟစ်သံတွေက ပီရူးနိုင်ငံ‌မြောက်ဘက်ကမ်းခြေရှိ ထရူဂျီလိုမြို့ရဲ့ ပင်မ ပန်းခြံကြီး နေရာကို လွှမ်းလာခဲ့တယ်။ သူတို့ အများစုဟာ အင်ဒီးစ် တောင်တန်းရဲ့ကုန်းတွင်းရှိ တောနက်ပိုင်း ပြည်နယ်တစ်ခု ကနေ ရောက်လာကြတာ ဖြစ်တယ်။ အဲဒီဒေသဟာ တလောတုန်းကပဲ ရွှေတွင်းမှာ အလုပ်လုပ် နေတဲ့ လုံခြုံရေး အစောင့် ၁၃ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ နေရာဖြစ်တယ်။ “အဲဒီတောင်တန်း တွေထဲမှာ ရာဇဝတ်မှုခင်းတွေက အတော်ကို ပေါတယ်” လို့ဦးထုပ်ဖြူ ဆောင်းထားတဲ့ လုပ်သားတစ်ယောက်က ဆိုတယ်။ ပီရူး အစိုးရက ဒီလိုလူသတ်မှု ဖြစ်တာကို တုံ့ပြန် အရေးယူတဲ့ သဘောနဲ့ ပါတက်ဇ်မြို့က သတ္တုတွင်းကို

ရွှေတူးတာကမူးယစ်ဆေးဝါးလုပ်ငန်းထက်ပိုကောင်းသလား Read More »

မစ္စတာ ဒေါ်နယ်ထရမ့်ခင်ဗျား.. ကျေးဇူးပါ -မှ လူလာ

ဘရာဇီးရဲ့ တရားရေး လုပ်ပိုင်ခွင့်ကို ဝင်နှောက့်ယှက်တဲ့ အမေရိကန် ထင်သလိုဖြစ်ရဲ့လား စစ်အေးကာလ ပြီးဆုံးသွားကတည်းက အမေရိကန်ပြည်ထောင်စုက လက်တင်အမေရိက နိုင်ငံတစ်ခုအပေါ်မှာ ဒီလောက် နက်နက်ရှိုင်းရှိုင်း ဝင်ရောက် စွက်ဖက်တာမျိုးကို တွေ့ရမြင်ရ ခဲပါတယ်။ သမ္မတ ဒေါ်နယ်ထရန့်က ဘရာဇီးနိုင်ငံက သွင်းကုန် တွေအပေါ်မှာ အခွန် ၅၀ ရာနှုန်း ကောက်ခံတော့မယ်လို့ ဇူလိုင် ၉ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဘရာဇီး သမ္မတဟောင်း လက်ယာစွန်းဝါဒီ ဘော်လ်ဆိုနာရို (Jair Bolsonaro) ကိုလည်း အပြစ်ရှာ နှိပ်ကွပ်နေတယ်လို့ မှတ်ချက် ပြုပါသေးတယ်။ သမ္မတဟောင်း ဘော်လ်ဆိုနာရို ဟာ အာဏာသိမ်းရန် ကြံစည်မှု စွပ်စွဲချက်နဲ့ မကြာခင် တရားရုံးမှာ အမှုရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဘော်လ်ဆိုနာရို ကတော့ ဒီစွတ်စွဲချက်ဟာ မဟုတ်မမှန်

မစ္စတာ ဒေါ်နယ်ထရမ့်ခင်ဗျား.. ကျေးဇူးပါ -မှ လူလာ Read More »