မျှတတဲ့ ဆက်ဆံရေး
လုပ်ငန်းခွင်ဆက်ဆံရေးကို ကောင်းမွန်အောင်တည်ဆောက်ဖို့ကြိုးစားရာမှာ မျှတမှုရှိတဲ့ဆက်ဆံရေးတစ်ရပ်၊ သမာသမတ်ကျတဲ့ဆက်ဆံရေးတစ်ရပ်ဖြစ်အောင်တည်ဆောက်တာက အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး နည်းလမ်း တစ်ရပ်ဖြစ်ပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အမှီသဟဲပြုနေကြရတာပါ။ ဝန်ထမ်းတွေက ထိုက်သင့်တဲ့လူနေမှု အဆင့်အတန်းတစ်ရပ်နဲ့နေနိုင်ဖို့အတွက် သင့်တင့်မျှတတဲ့ လုပ်ခလစာကို လိုချင်ကြတယ်။ အလုပ်ရှင်ဘက်ကကျတော့လည်း ကုန်ပစ္စည်းထုတ်လုပ်တာတွေ၊ ဝန်ဆောင်မှုပေးတာတွေအတွက် ဝန်ထမ်းလိုတယ်။ တစ်ဖက်ကိုတစ်ဖက် အပြန်အလှန်လိုအပ်နေကြတဲ့အခြေအနေတစ်ခုမှာ၊ တစ်ဖက်မရှိရင် တစ်ဖက်က ရပ်တည်လို့မရနိုင်တဲ့အခြေအနေတစ်ခုမှာ နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကို ကောင်းကောင်းမွန်မွန် တည်ဆောက်ထားနိုင်ကြရင် လူသာဓုခေါ်၊ နတ်သာဓုခေါ်တဲ့အနေအထားမျိုး ရောက်နိုင်တာပေါ့။ နှစ်ဦးနှစ်ဘက်ဆက်ဆံရေးမှာ အလုပ်ရှင်အနေနဲ့ သင့်တင့်မျှတအောင်ဆက်ဆံတာမျိုး၊ သက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ၊ အလုပ်ရှင်-အလုပ်သမားသဘောတူစာချုပ်မှာဖော်ပြထားတဲ့အချက်တွေနဲ့အညီဆက်ဆံ တာမျိုးကို လိုလားကြတယ်။ စာချုပ်တွေပျက်ပြယ်သွားတာမျိုးကို မလိုလားကြဘူး။ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ ချုပ်ဆိုထားတဲ့ စာချုပ်တွေအပေါ်ပဲ လိုက်နာနေရုံနဲ့ပြီးသလားဆိုတော့ မပြီးသေးဘူး။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ စာရွက်စာတမ်းနဲ့ချရေးမထားပေမဲ့၊ ဒီလိုဒီလိုတွေလေးစားလိုက်နာကြစတမ်းလို့ နှုတ်ကကြိုပြောမထားကြပေမဲ့ အပြန်အလှန် […]









