The Corner

The Corner

cropped-Logo_round_grey-background.png
Share မယ်

The Corner မှာ ဖတ်စရာ (အတွဲ ၂၆ - မာတိကာ)

(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)

အတွဲ (၂၆)၊ ၂၀၂၆ မေလ ၁ - ၁၅ ရက်

စီစဉ်သူ့ အမှာ

သင်္ကြန်ကာလမတိုင်ခင်က စတင်ခဲ့သည့် အမေရိကန် – အီရန် ရန်ပွဲသည် တစ်နေ့တစ်မျိုး မရိုးရလေအောင် အလှည့်အပြောင်းများနှင့် သတင်းများကို စောင့်ကြည့်နေခဲ့ပါသော်လည်း ပြတ်ပြတ်သားသား ဇာတ်သိမ်းမဟုတ်ပဲ အီလည်လည်ဖြစ်ခဲ့ရလေသည်။ သို့သော်လည်း ဒီစစ်ပွဲ​ဒဏ်ကြောင့် လောင်စာဆီစျေး မတည်မငြိမ် ဖြစ်မှုနှင့်အတူ သူနှင့်ဆက်နွယ်နေသည့် အခြား ကုန်စျေးနှုန်းများကလည်း တရိပ်ရိပ် လိုက်တက်လာသည်။ ထိုဒဏ်ကို ကမ္ဘာ့နိုင်ငံများ အားလုံးလိုလိုက ထိတွေ့ သိရှိ ခံစားရသော်လည်း မကြွယ်ဝသည့် အာရှနိုင်ငံများက ပိုမို ခံစားကြရသည်။

သင်္ကြန် ပိတ်ရက်အတွင်း၌ အတွဲတစ်တွဲ​ နားခဲ့သော The Corner ကို အတွဲ (၂၆) ဖြင့် ပြန်လည်ထုတ်ဝေလိုက်ပါပြီ။ အခြား ဖြစ်ပျက် နေသည့် အကြောင်းအရာ များစွာရှိသော်လည်း ပင်လယ်ကွေ့စစ်ပွဲကိစ္စသည် လတ်တလောမှ လူအများ၏ စီးပွားရေး လူမှုရေးကိုပါ ရိုက်ခတ် နေသည့်အတွက် အဆိုပါဖြစ်ရပ်နှင့် ပတ်သတ်သည့် သုံးသပ်ချက် ဆောင်းပါးများကို အလေးပေးတင်ဆက်ထားပါသည်။ ဤအတွဲမှာပင် ကဗျာကဏ္ဍကို ဖွင့်လှစ်လိုက်ပြီး ရွေးချယ်ထားသည့် ကဗျာများထဲမှ တစ်ပုဒ်ကို စတင် ဖော်ပြလိုက်ပါသည်။

အထူးအားဖြင့် ယခုအတွဲ၏ မျက်နှာဖုံးကို အလွန်အမင်း အနိုင်လိုချင်သူ အမေရိကန် သမ္မတ ထရမ့်က မိမိရန်သူ/ပြိုင်ဖက်၏ အကြောင်းကို နားမလည်ပဲ တစ်ဖက်သတ် အရှုံးပေး အညံ့ခံစေလိုသော်လည်း ခုတ်ရာတလွဲ​ ရှရာတစ်ခြား ဖြစ်နေပုံကို တင်ဆက်လိုသည်။ ထုံးစံအတိုင်း ပါဝင်သည့် ဆောင်းပါးများကို ဆက်လက်အားပေး ဖတ်ရှုကြပါကုန်…

စီစဥ်သူ