မှိုပွင့်ဖြူတွေ
၁၉၃၀ ဖွား စာရေးဆရာ / သတင်းစာဆရာ အော့တာပါဗယ်လ်က ချက်ကိုစလိုဗားကီးယားနိုင်ငံမြို့တော် ပရာ့ဂ်ဇာတိ။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးရှောင်စဉ် သူတို့နေခဲ့တဲ့ မြို့လေးက ချက်နိုင်ငံ အလယ်ပိုင်း တစ်နေရာမှာ တည်ရှိတဲ့ ဗူးရှ်တယ်ဟရတ်ဆိုတဲ့ မြို့လေး။ သူ၏ “ငါးတွေနဲ့ ကျွန်တော် ဘယ်လိုယဉ်ပါးခဲ့သလဲ” (How I came to know fish) စာအုပ်က ထင်ရှားသည်။ ထိုစာအုပ်ထဲမှ White Mushrooms ကို မြန်မာပြန်ဆိုပါသည်။ တစ်ရက် ကျွန်တော်တို့မိသားစု ထင်းကောက်ဖို့ တောထဲသွားခဲ့ကြသည်။ လူအတော်များများက ခရှီဗိုကလတ်မြို့ အနီးတစ်ဝိုက်က တောနက်ကြီးကိုဖြတ်ရတိုင်း အထိတ် တလန့် ဖြစ်ကြသည်။ တောထဲ၌ အကြင် ခရီးသွားတစ်ဦးသည် အနီးနားရှိတီးရှော့ဗ်ရဲတိုက်ကြီးမှ မြင်းနှင့်အပြင်းနှင်လာသည့် ဒူးလေး ကိုင်စွဲထားသော ဓားပြများနှင့် ပက်ပင်း […]








