ဒုက္ခလမ်းများပေါ်မှ ပွင့်ဖူးလာသည့်ပန်းများ
နာဇီဆိုသည့် ဝေါဟာရမှာ ကမ္ဘာကြီး၏ သမိုင်းတွင် ယနေ့တိုင်အသည်း တဆတ်ဆတ်ခါသူများ အတွက် နှိုင်းပြစရာ အသုံးအနှုန်းအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ ယနေ့တိုင် ရိုက်ကူးခဲ့သောရုပ်ရှင်များ၊ ရေးသားခဲ့ကြသော စာအုပ်များက ထိုအချက်ကိုကောင်းစွာသက်သေခံနေဆဲဖြစ်သည်။ ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများစွာထဲမှ ဒုတိယကမ္ဘာ စစ်အတွင်း ဂျာမနီနာဇီတို့ တည်ဆောက်ခဲ့သည့် အော့စဝှစ်-ဘီရကင်နော (Auschwitz-Birkenau) သေမင်းတမန် အကျဉ်းစခန်းသည် လူသားတို့၏ စိတ်ကူးစိတ်သန်းဖြင့် ဖန်တီးနိုင်သမျှသော ငရဲခန်းများတွင်အဆိုးဝါးဆုံးဖြစ်သည်။ လူပေါင်း ၁ ဒသမ ၃ သန်းကျော် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ၁ ဒသမ ၁ သန်းကျော်သည် ဂတ်စ်ဓာတ်ငွေ့ခန်းများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ ရောဂါဘယနှင့် ငတ်မွတ်မှုများကြောင့် မြေမှုန်ဖြစ်ခဲ့ရသည်။ ရထားပေါ်မှ ဆင်းဆင်းချင်း နာဇီအစောင့် (SS) တို့၏ လက်ညှိုးတစ်ချက် အောက်တွင် […]
ဒုက္ခလမ်းများပေါ်မှ ပွင့်ဖူးလာသည့်ပန်းများ Read More »









