The Corner

The Corner

cropped-Logo_round_grey-background.png

သူရေးတဲ့စာ

ကျားခေါင်းပေါ်က ကျတဲ့မျက်ရည်

စာက အသက် နှစ်ဆယ့်နှစ်နှစ်ကျမှ ရေးတာ။ အသက် နှစ်ဆယ်အရွယ်မှာ ဟိုယောင်ယောင်.. ဒီယောင်ယောင် ဖြစ်၍ နေတုန်း။ ပန်းချီကလည်း ဝါသနာပါသည်။ ဆိုတော့ကာ ရုပ်ရှင်ပိုစတာတွေ ဆွဲနေသော ပန်းချီ ဦးမြင့်ဆွေထံ တပည့်သွားခံသည်။ တစ်လကြာသည်အထိ သင်မပေးသေး။ ရေလဲ ပေးရသည်။ စုတ်တံ ဆေးပေးရသည်။ တစ်လကျော်လာသည်အထိ သည် ရေလဲ၊ စုတ်ဆေးက မတက်သေး။ ကျွန်တော် စိတ်မရှည်တော့။ ဆိုတော့ကာ ဦးမြင့်ဆွေဆီ ကျွန်တော် ဆက်၍မသွားတော့။ နောက်ထပ် ပန်းချီဆရာတစ်ဦး ရှိသေးသည်။ ‘ပန်းချီ ဦးလှ’ ဖြစ်သည်။ သူက ဆိုင်းဘုတ်နှင့် ကားနံပါတ်ရေးသူ။ ကျွန်တော် သူ့ဆီသွားသည်။ သူက ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပြောပြသည်။ “ဒါက ထမင်းနပ်မှန်ရုံစားရတဲ့ ပညာပါကွာ..၊ မသင်ချင်ပါနဲ့” သူက သည့်နှယ်ပြောတော့ […]

ကျားခေါင်းပေါ်က ကျတဲ့မျက်ရည် Read More »

ထူးကဲစွမ်းရည်

လူ၏စွမ်းအားသည် ကိုယ်တိုင်မသိနိုင်ပါဘဲ စွမ်းဆောင်ရည် အပြည့်ရှိနေသည်။ ထိုစွမ်းဆောင်ရည်သည် အခါအားလျော်စွာ ပေါ်ပေါက်လာတတ်သည်။ အမြဲတစေ ဖြစ်တည်နေတာတော့ မဟုတ်ပေ။ ဥပမာ မီးဘေးကြုံ၍ ဘေးလွတ်ရာပြေးရာတွင် အရေးတကြီး ပစ္စည်းပစ္စယများရှိသည့် သေတ္တာကို ထမ်းပိုး၍ ပြေးသည်။ မီးဘေးလွတ်ကင်းရာနေရာရောက်သည်အထိ ထမ်းပိုးနိုင်သေးသည်။ မီးဘေးအန္တရာယ် ကင်းရှင်းချိန်တွင် ထိုသေတ္တာကို ပြန်လည် ထမ်းပိုး၍ မရဘဲ အင်မတန် လေးပင် နေသည်ကို တွေ့ရသည်။ လူနှစ်ယောက်သယ်မှ ရတော့သည်။ အလေးမအားကစားသမားသည် အပြင်တွင်လေ့ကျင့်စဉ်က မ,နိုင်သော အလေးချိန်ကို ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် မ ၍ မရကာ စိတ်အားငယ်မိသည်။ ထိုစဉ် ဤအလေးချိန်ကို မဖြစ်မနေမ,မှသာလျှင် သူ့ဘဝတက်လမ်းသည် မျှော်မှန်း၍ရနိုင်သည်။ သို့မဟုတ်ပါက အနှစ်နှစ်အလလ အားကြိုးမာန်တက် လေ့ကျင့်ခဲ့သမျှ ပျက်ပြယ်ကာ သူ့ဘဝတစ်ခုလုံး အဖတ်ဆယ်မရအောင် ဆုံးရှုံးသွား‌တော့မည်။ စိတ်ပျက်လက်လျှော့ကာ

ထူးကဲစွမ်းရည် Read More »

‘မဟာဆွေ စာတွေရေးပေမဲ့’လား၊ ‘မဟာဆွေ ခါတလေရေးပြန်တော့’လား

မဟာဆွေ စာတွေရေးပေမဲ့ စာရေးဆရာကြီး မဟာဆွေသည် ၁၃၁၅ ဝါဦး (၁၉၅၃ ခု ဇွန်လ)ထုတ် သင့်ဘဝမဂ္ဂဇင်း (မဂ္ဂဇင်းနံပါတ်မပါ) ထဲတွင် အထက်ပါခေါင်းစဉ်နှင့် ဆောင်းပါးတစ်ပုဒ်ရေးသွားခဲ့သည်။ “ရေးသွားခဲ့သည်”ဟုရေးလိုက်ရခြင်းမှာ ဤဆောင်းပါးရေးပြီး နှစ် လခန့်အကြာ ဩဂုတ်လ ၅ ရက်နေ့၌ ဆရာကြီးမဟာဆွေကွယ်လွန်သွားခဲ့ခြင်းကြောင့်ဖြစ်သည်။ ဆရာက သူ့ဆောင်းပါးကို လေးချိုးနှင့်ဖွင့်သည်။ မဟာဆွေစာတွေရေးပေမဲ့၊ ခါနာလွေးရန်မှ မဖူလုံ။  ။ တိုင်းတစ်ပါးမှာဖြင့်၊ နှိုင်းစားကာ သရေယိုမိငဲ့၊ ရွှေဆိုလျှင် စာတစ်စောင်လုပ်ရုံနှင့်၊ ထောင်ထုပ် အသာဝင်ကြ၊ မြန်မာတွင် ဤသဘောကို ပြော၍မယုံ။ ။ ခါနာမှာ မစုံစေ့သော်လည်း၊ ဝါသနာအထုံမွေ့သူမို့၊ ဘုံဓလေ့ သိသာရုံ၊ ညှိကာခြုံပါလို့ တစ်ဇာတ်ခင်း။    ။ လွတ်မှုကိုရည်၊ ဝတ္ထုဒဏ္ဍာရီနှင့်၊ မြန်မာပြည် ကျွန်သပေါက်ကယ်က၊ လွန်မြောက်ရန် နယူပဒေနှင့် ဇမ္ဗူမြေ၊

‘မဟာဆွေ စာတွေရေးပေမဲ့’လား၊ ‘မဟာဆွေ ခါတလေရေးပြန်တော့’လား Read More »

တိမ်မဲ့မိုး

ကျစ်ကျစ်ပါအောင် ပူလောင်နေသည့် ထဲတွင် ခရီးသွားရသည်က ဝေဒနာအထုပ်ကြီးတစ်ခုကို ရွက်ထားရသည့်နှယ်။ ကားတံခါးပေါက်မှ အရှိန်ဖြင့် တိုးဝင်နေသည့် လေပူများကလည်း ပူမဖြေနိုင်သော်လည်း ဖြေသိမ့်စရာတစ်ခု ဖြစ်နေသည်။ ကိုယ့်ရပ်ကိုယ့်ဇာတိကို ပြန်ရသည်ဖြစ်၍ ဇာတိဇောကပ်နေသည်ကလည်း ပံ့ပိုးမှုတစ်ခု ဖြစ်ပေလိမ့်မည်။ ခရီးသည်တင်ကားကဖြင့် ခရီးသည် တင်လိုက်၊ ဆင်းလိုက်နှင့် နိစ္စဓူဝ တာဝန်ထမ်းဆောင်နေသည်။ နေပူဒဏ်နှင့်အတူ အင်ဂျင်အပူဒဏ်တို့ကို လက်ဆောင်အဖြစ် ထွေးပိုက်ထားရချေသည်။ မယူချင်လည်းမရ၊ မရချင်လည်း ယူနေရသည်။ ထိုသို့ လုံးထွေးနေသည့် အပူအမျိုးမျိုးတို့ကို ကား၏ လီဗာတံက မည်သို့မျှ ဂရုစိုက်လိမ့်မည်လည်း မဟုတ်ချေ။ မခံစားနိုင်လျှင် အာရုံပြောင်းသည့်အနေဖြင့် အဝေးမှ မြင်ကွင်းများကို ငေးကြည့်နေရသော်လည်း တလက်လက်ထနေသည့် တံလျှပ်များကြောင့် မျက်လုံးထဲမှတစ်ဆင့် အပူတို့ စီးဝင်လာသလို ခံစားရပြန်သည်။ လယ်ကွင်းများကလည်း ရိတ်သိမ်းပြီးစ အချိန် ဖြစ်၍ ရိုးပြတ်ဝါဝါများက

တိမ်မဲ့မိုး Read More »

အပြိုအပျက်နဲ့ အပြုအပြင်

အဖွဲ့အစည်းတစ်ရပ်ရဲ့ မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အဓိကကျတဲ့ အစိတ်အပိုင်းအားလုံး အချိတ်အဆက်မိမိ၊ ဟန်ချက်ညီညီ လည်ပတ်နေဖို့ လိုပါတယ်။ ပထမ အရေးကြီးတဲ့ အချက်ကတော့ တိကျရှင်းလင်းတဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက် တိတိကျကျ ရှိနေဖို့ပါ။ တချို့ အဖွဲ့အစည်းတွေမှာ စာနဲ့ပေနဲ့ ချရေးထားမယ်။ တချို့ကျတော့ အဖွဲ့အစည်းလေးတွေ၊ လုပ်ငန်းလေးတွေကျတော့ မျှော်မှန်းချက်၊ ဦးတည်ချက်ဆိုတာမျိုး ဆိုင်းဘုတ်ကြီးတွေ စိုက်ထူထားချင်မှ ထားမယ်။ ယုတ်စွအဆုံး စာရွက်ထဲမှာတောင် ချရေးထားချင်မှ ရေးထားလိမ့်မယ်။ ဆိုင်းဘုတ်ထောင်တာ၊ မထောင်တာ၊ စာနဲ့ရေးတာ၊ မရေးတာထက် ပိုအရေးကြီးတာကတော့ ကိုယ့်အဖွဲ့အစည်းရဲ့ ရည်မှန်းချက်၊ ဦးတည်ချက်က ဘာလဲဆိုတာကို အဖွဲ့အစည်းဝင်တိုင်း ရှင်းရှင်းလင်းလင်း သိနေဖို့ပါ။ ဆိုင်းဘုတ်ကြီးကိုတော့ ဖတ်လိုက်ရတာပဲ၊ ဘာပြောချင်မှန်းမသိဘူး၊ ဘာကိုဆိုလိုမှန်းမသိဘူးဆိုရင် ပြဿနာရှိပါတယ်။ တချို့

အပြိုအပျက်နဲ့ အပြုအပြင် Read More »

ကိုယ်စွမ်းကိုယ်စ

စာရေးဆရာ ဖြစ်ချင်စိတ်သည် အလယ်တန်းကျောင်းသားဘဝကတည်းက မက်ခဲ့ဖူးသည့် အိပ်မက်မျှသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ခေါင်ခေါင်ကျေးကျေး ဝေးလံလှသည့် အနောက်မြောက်ဘက် တောင်ကုန်းဒေသ၏ အစွန်အဖျား နယ်ခြားမြေဝေး  ကျွန်တော့်ဇာတိမြေ တမူးမြို့ကလေးသည် မြန်မာ-အိန္ဒိယခြံစည်းရိုးဘေးတွင် တည်ရှိသည်။ ကျောင်းနှင့်သုံးမိုင်ဝေးသည့် လယ်တောတဲက မိုး ဘယ်လောက်ပဲရွာရွာ၊ နှင်းမြူမှုန်ဘယ်လောက်ပဲကျကျ မပျက်မကွက် ကျောင်းတက်ခဲ့ရသည်။ မြို့ပေါ်တွင် အိမ်ရှိသော်လည်း လယ်လုပ်ချိန်ဆိုလျှင် အိမ်ကိုပိတ်၍ မိသားစုအကုန် လယ်တဲသို့ ပြောင်း ရွှေ့နေကျဖြစ်သည်။ လယ်လုပ်ချိန်နှင့် ကျောင်းဖွင့်ချိန်က ကွက်တိ။ နွေဦးရောက်လျှင် လယ်လုပ်ငန်း သိမ်းချိန်မှာ ကျောင်းပိတ်ချိန်နှင့် ကွက်တိ။ ထို့ကြောင့် ‌ကျောင်းစတင်နေချိန် မူလတန်းကျောင်းသား ဘဝကတည်းက လယ်တောတဲနှင့်ကျောင်း မဆက်စပ်မပတ်သက်ချင်ဘဲ  ဆက်စပ်ပတ်သက်ခဲ့ရသည်။ တစ်ခုရှိတာက မိုးအကုန် ထွန်တုံးပစ်ချိန် ‌၊ ဆောင်းဦးကာလတွင် စပါးစိုက်ပြီး၍ စပါးတွေ မောင်းညိုချိန်ထိ

ကိုယ်စွမ်းကိုယ်စ Read More »

ဂါးနီးကားပန်းချီကားရဲ့ ဇာစ်မြစ်

ဂါးနီးကားမှာ ရွာတဲ့ (ဗုံး) မိုး ၁၉၃၆ ခုနှစ်တွင် စပိန်နိုင်ငံ၌ ဗိုလ်ချုပ်ကြီးဖရန်ကိုခေါင်းဆောင်သော  ဖက်ဆစ်တပ်များက ဒီမိုကရေစီသမ္မတနိုင်ငံတော်အစိုးကို တော်လှန်ပုန်ကန်တိုက်ခိုက်သဖြင့် ပြည်တွင်းစဂါးနီးကားမှာ ရွာတဲ့ (ဗုံး) မိုးစ်ကြီးဖြစ်ပွားခဲ့ရသည်။ ဗိုလ်ချုပ်ကြီးဖရန်ကို,ကို ဂျာမန်ခေါင်းဆောင်ဟစ်တလာနှင့် အီတလီခေါင်းဆောင် မူဆိုလီနီတို့က ထောက်ခံအားပေးသည်။ ဂျာမနီနိုင်ငံ၏ထောက်ခံအားပေးမှုတွင် လေကြောင်းစစ်ကူပါ,ပါ သည်။ ၁၉၃၇ ခုနှစ် ဧပြီလ ၂၆ နေ့တွင် ဂါးနီးကားမြို့လေးကို ဂျာမန်လေတပ်မတော်က အပြင်းအထန် ဗုံးကြဲဖျက်ဆီးခဲ့သည်။ တကယ်တော့ ဒီမြို့ငယ်လေးမှာ စစ်ဘက်ဆိုင်ရာလုပ်ငန်းဘာမှမရှိ။ စစ်ပစ္စည်းထုတ်လုပ်သည့်စက်ရုံက မြို့အပြင်မှာရှိပြီး စစ်တန်းလျားနှစ်ခုက မြို့နှင့်မလှမ်းမကမ်းမှာရှိသည်။ ယင်းစစ်ရေးပစ်မှတ်များကို ဂျာမန်လေတပ်မတော်က လုံးဝတို့ထိမှုမရှိခဲ့။ ယခုဗုံးကြဲဖျက် ဆီးခဲ့သည့်ပစ်မှတ်တွေက စစ်ရေးနှင့်လုံးဝအကျုံးမဝင်တဲ့ အရပ်သူ အရပ်သားနေတဲ့နေရာတွေ။                           ဤဗုံးကြဲမှုက ဝေဟင်မှအကြားမလပ် တရစပ်ဗုံးကြဲခြင်း (aerial saturation bombing) တစ်ခုအဖြစ်သမိုင်းတွင်သွားသည်။

ဂါးနီးကားပန်းချီကားရဲ့ ဇာစ်မြစ် Read More »

ဆူလေဗန်မောင်းထုတ်ခဲ့သည့် လူဝံ

ငယ်ငယ်ကတည်းက ကစားခြင်းကိုနှစ်သက်ခုံမင်သူဖြစ်သဖြင့် ကိုယ့်မြို့တွင်ကစားသည့်နည်းရှိသမျှကို လိုက်ကစားဖြစ်သည်။ ကိုယ့်မျိုးနွယ်ထဲတွင်လည်း အားကစားနှင့်ပတ်သက်၍ မျိုးရိုးလည်းမရှိ။ ယနေ့ထိ မျိုးနွယ်ရင်းများတွင်သာမက တစ်ဝမ်း နှစ်ဝမ်းမျိုးနွယ်များထဲတွင်လည်း စွဲစွဲမြဲမြဲအားကစားလုပ်သူဟူ၍လည်း ကျွန်နော်တစ်ယောက်သာရှိသည်။ တစ်နည်းအားဖြင့် အားလုံးထဲတွင် ကျွန်တော်တစ်ယောက်တည်းအားယားနေ၍လည်း ဖြစ်ခွင့်ရှိပေသည်။ သို့ကလို ကစားသော်လည်း အပျင်းပြေကစားခြင်းမျိုးမဟုတ်။ ရပ်ကွက်ထဲတွင် သူများ ဘောလုံးကန်နေ၍ လိုက်ကန်ခြင်းမျိုးမဟုတ်။ ကံအသင့်အခွင့်ဆိုင်သည်ဟုဆိုနိုင်သည်။ အားကစားသင်ပေး သည့်ဆရာတစ်ဦးက ငယ်ငယ်ကတည်းက ကျနော်ကိုရွေးချယ်ခဲ့သဖြင့် ဆရာနှင့်စနစ်တကျသင်လျက် ကစားရ ခြင်းမျိုးဖြစ်သည်။ ပင်ပေါင်၊ ဘတ်စကက်ဘော ၊ ဘောလီဘော တို့ကို ဆရာကစနစ်တကျသင်ပေးခဲ့သည်။ ထိုသို့ဆရာထံတွင် လေ့ကျင့်ကစားနေရင်းဖြင့် ကျောင်းသွားကျောင်းပြန်လမ်းတွင် ရိုးရာခြင်းဝိုင်းတွေ့ပါက လည်း ဝင်ပါလိုက်သေးသည်။ သို့ဖြစ်၍ လက်ဦးဆရာထံတွင် မကစားဖြစ်သည့်အခါ ခြင်းဝိုင်းသို့ရောက်သွား ပြီး တွေ့ဖူးသမျှ မြင်ဖူးသမျှလိုက်လုပ်နေသည်ကို ခြင်းဆရာကြီးတစ်ယောက်က အမြင်မတော်ဟန်ရှိသည်နှင့်တူ သည်။ ကျွန်တော့်ကို

ဆူလေဗန်မောင်းထုတ်ခဲ့သည့် လူဝံ Read More »

စကြဝဠာ၏ မျက်လုံးများနှင့် ခေတ်သစ်ရှင်သန်ခြင်း အနုပညာ

လွန်ခဲ့သော နှစ်ပေါင်း ၁၃ ဒသမ ၈ ဘီလီယံ ခန့်က Big Bang ဟုခေါ်သော မဟာပေါက်ကွဲမှုကြီးမှ စတင်ခဲ့သည့် စကြဝဠာ၏ အတိုင်းအဆမဲ့ သက်တမ်းရှည်လျားမှုကို ပြန်ကြည့်လျှင် လူသားတို့၏ သမိုင်းကြောင်းမှာ မျက်တောင်တစ်ခတ်စာ စက္ကန့်ပိုင်းမျှသာ ရှိပါသေးသည်။ ကြယ်တာရာများ ပေါက်ကွဲပျက်စီးခြင်း၊ ဂလက်ဆီများ ဖြစ်တည်ခြင်းနှင့် ဒြပ်စင်တို့၏ ရှုပ်ထွေးလှသော ပေါင်းစပ်မှုဖြစ်စဉ်များကြားတွင် ကျွန်ုပ်တို့သည် အသက်ဓာတ် ကိန်းအောင်းရာ နေအဖွဲ့အစည်း၏ ကမ္ဘာဂြိုဟ်ငယ်ပေါ်၌ မတော်တဆသဖွယ် နိုးထလာခဲ့ကြသည်။ ​နက္ခတ္တဗေဒပညာရှင် Carl Sagan ပြောသကဲ့သို့ “ကျွန်ုပ်တို့သည် ကြယ်များ၏ အကြွင်းအကျန်များ (Star-stuff)” ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ သွေးကြောထဲမှ သံဓာတ်နှင့် အရိုးထဲမှ ကယ်လ်စီယမ်တို့သည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ကြယ်ကြီးများ ပေါက်ကွဲပျက်စီးရာမှ

စကြဝဠာ၏ မျက်လုံးများနှင့် ခေတ်သစ်ရှင်သန်ခြင်း အနုပညာ Read More »

ဦးနှောက်ပြုန်းတီးစေမှု

နိုင်ငံတစ်ခုမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကရှားပါးလာတယ်။ ရှားရှားပါးပါးထဲက ရှာလို့ဖွေလို့ ရတဲ့အလုပ်ကလေးတွေကလည်း လုပ်ရတဲ့အလုပ်နဲ့ ရလာတဲ့ခံစားခွင့်ကမမျှဘူး၊ ဖြစ်ဖြစ်မြောက်မြောက်၊​ ထိုက်ထိုက်တန်တန်မပေးနိုင်ဘူးပေါ့။ ဒီအလုပ်ကလေးတွေထဲမှာပေပေတေတေဆက်လုပ်နေဦးမယ် ဆိုပြန်ရင်လည်း အသက်မွေး ဝမ်းကျောင်းဆိုင်ရာတိုးတက်မှုအခွင့်အလမ်းကောင်းတွေက စောင့်ကြို နေတာမျိုး မရှိဘူး။ မျှော်လင့်ချက်တွေအတော်လေးမဲ့နေတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေ ကလည်း အကျဘက်ကိုဦးတည်နေတယ်။ ဒီလိုအခြေအနေမျိုးရောက်လာပြီ ဆိုရင် ရင်ဆိုင်နေရတဲ့ အခြေအနေ တွေကို ဖြေရှင်းနိုင်ဖို့၊ ကျဉ်းထဲကျပ်ထဲကနေရုန်းထွက်နိုင်ဖို့အတွက် ရေကြည်ရာမြက်နုရာကို ရှာကြတော့တာပေါ့။ ရေကြည်ရာမြက်နုရာရှာတယ်ဆိုတာကတော့ “တစ်ရွာမပြောင်း သူကောင်းမဖြစ်”ဆိုတဲ့ထုံးကို နှလုံး မူပြီး အခြေအနေကောင်းမယ်ထင်တဲ့နိုင်ငံ၊ သွားလို့လာလို့၊ လုပ်လို့ကိုင်လို့လည်းကောင်းမယ်လို့ယူဆရတဲ့ နိုင်ငံတစ်နိုင်ငံဆီကို ထွက်ခွာကြတာပါပဲ။ အလုပ်အကိုင်အခွင့်အလမ်းကောင်းလေးရယူဖို့အတွက် ခဏတာ ယာယီသဘောမျိုးသွားကြသူတွေလည်းပါမယ်၊ မိခင်နိုင်ငံကိုအပြီးစွန့်သွားပြီး နိုင်ငံသစ်မှာအခြေချတော့မယ် လို့ သန္နိဋ္ဌာန်ချလိုက်ကြသူတွေလည်းပါမယ်ပေါ့။ လာရောက်ခိုနား၊သူပျံသွားသော်၊ကိုင်းဖျားသိမ့်သိမ့်ခါသတည်း တဲ့။ ဆရာမောင်ပေါက်စည်(မန်းတက္ကသိုလ်)ရဲ့ “ဧည့်သည်”ကဗျာလေးပါ။ ကိုင်းဖျားကိုကန် ပျံသွားတဲ့ ငှက်ကလေးတွေကြောင့်

ဦးနှောက်ပြုန်းတီးစေမှု Read More »