တစ်ခါလာလည်း ဒီ BMI ဘီအမ်အိုင်
ဒီနှစ်ပိုင်းအတွင်းမှာ ဘီအမ်အိုင် (BMI) လို့ ခေါ်တဲ့ ခန္ဓာကိုယ်ဒြပ်ထုညွှန်းကိန်း (Body Mass Index) ရဲ့ အန္တရာယ်ရှိပုံတွေ အကြောင်းဟာ ဆေးပညာနဲ့ သုတေသန နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေအကြားမှာ အဓိက ပြောစရာ အကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ဆရာဝန်တွေဟာ အဝလွန်ခြင်း၊ ဆီးချိုရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေကို ရောဂါရှာဖွေကုသရာမှာ BMI ကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီညွှန်းကိန်းဟာ ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့အဆီဓာတ်ကို တိကျစွာမပြသနိုင်ဘူးဆိုတဲ့ အထောက်အထားတွေ တစ်ပုံတစ်ခေါင်း ရှိနေတာတောင် ဒီနည်းကိုပဲ သုံးစွဲနေကြဆဲပါ။ BMI ဟာ အရပ်နဲ့ ကိုယ်အလေးချိန်ကိုသာ တွက်ချက်တာဖြစ်ပြီး အမှန်တကယ်ရှိတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ (ကြွက်သားနဲ့ အဆီအချိုးအစား) ကို ထည့်သွင်းတွက်ချက်ခြင်း မရှိပါဘူး။ ပုံမှန်အားဖြင့် သတ်မှတ်ထားကြတာက လူတစ်ယောက်ဟာ BMI […]
တစ်ခါလာလည်း ဒီ BMI ဘီအမ်အိုင် Read More »








