အင်ဒိုပစိဖိတ်ရေလမ်း၏ မဟာဗျူဟာ အရေးပါဆုံး အချက်အချာဒေသ – မလက္ကာရေလက်ကြား
ဟောမုဇ်နဲ့မလက္ကာရေလက်ကြားတွေရဲ့ ထိခိုက်လွယ်တဲ့ အားနည်းချက်တွေဟာ အခြေခံအရခြားနားကြပါတယ်။ ဒါပေမဲ့ မလက္ကာရေလက်ကြားပိတ်လိုက်ရင်တော့ အခြေအနေက ပိုပြီးဆိုးရွားသွားပါလိမ့်မယ်။ အမေရိကန်နဲ့အစ္စရေးနိုင်ငံတွေက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့ဖြစ်ရပ်အဖြစ်အီရန်နိုင်ငံရဲ့ ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှုဟာ အခုတစ်ခါ ကမ္ဘာပေါ်မှာအခိုင်မာဆုံးနဲ့ရေရှည် အမြစ်တွယ်နေတဲ့ မဟာဗျူဟာမြောက် အားနည်းချက်တွေရှိတဲ့ နေရာတစ်ခု ပြန်ဖြစ်လာခဲ့တယ်။ ပမာဏအရဆိုရင် ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၈ဝ ရာခိုင်နှုန်းဟာ ပင်လယ်ရေကြောင်းလမ်းကိုအသုံးပြုပြီးပို့ဆောင်ခဲ့ရတာဖြစ်တယ်။ ထူးခြားတာကတော့ အဲဒီလိုပို့ဆောင်မှုရဲ့ရေကြောင်း သွားလာမှုတွေဟာ လက်တစ်ဆုပ်စာလောက်ပဲရှိတဲ့ ဗျူဟာမြောက် ကျဉ်းမြောင်း ရေကြောင်းဆုံမှတ် (Choke Point)တွေကိုဖြတ်သန်းသွားလာရတာဖြစ်ပါတယ်။ အကြမ်းအားဖြင့်ပြောရရင်တော့ ပင်လယ်ရေကြောင်းလမ်းကနေလာတဲ့ ရေနံကုန်သွယ်ရေးအားလုံးရဲ့ လေးပုံတစ်ပုံနဲ့ တစ်ကမ္ဘာလုံးရဲ့ သဘာဝ ဓာတ်ငွေ့ရည်တင်ပို့မှု (Liquified Natural Gas – LNG)ရဲ့ငါးပုံတစ်ပုံလောက်ဟာ ပုံမှန်အားဖြင့် ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသယ်ဆောင်ကြရပါတယ်။ အရှေ့ဘက်ကိုဆက်သွားရင်တော့အစွန်ဆုံးမှာ အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာတွေကို ဆက်သွယ်ထားပြီး စွမ်းအင်ပို့ဆောင်ဖြည့်ဆည်းရေး၊စက်မှုကုန်ထုတ်လုပ်ငန်းဆိုင်ရာ […]
အင်ဒိုပစိဖိတ်ရေလမ်း၏ မဟာဗျူဟာ အရေးပါဆုံး အချက်အချာဒေသ – မလက္ကာရေလက်ကြား Read More »









