ဟန်ဂေရီခေါင်းဆောင်သစ်နှင့် အစိုးရအပြောင်းအလဲ
ဟန်ဂေရီနိုင်ငံတွင် အကျင့်ပျက်ခြစားမှုများကို အမြစ်ပါမကျန်အောင် ရှင်းလင်းပစ်မည်ဟု ပီတာမာဂျာဆို ဧပြီလ ၁၂ ရက်နေ့က ဟန်ဂေရီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံ ခေါင်းဆောင် ပီတာမာဂျာ အောင်ပွဲခံ အနိုင်ရခဲ့တယ်။ ဟန်ဂေရီနိုင်ငံကို ၁၆ နှစ်ကြာ အာဏာရှင်ပုံစံနဲ့ စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် အစိုးရကို ဟန်ဂေရီ ပြည်သူလူထုက ရွေးကောက်ပွဲနဲ့ပဲ ဖြုတ်ချနိုင်ခဲ့တယ်။ လူငယ်သူငယ်ချင်းတွေ တစ်ယောက်ပခုံးပေါ်တစ်ယောက်တက်ပြီး ပျော်ရွှင်မြူးထူး ကခုန်ခဲ့ကြတယ်။ ဖခင်တွေကလည်း သူတို့ကလေးတွေကို ပွေ့ဖက်နမ်းရှုပ်လို့ ပျော်ခဲ့ကြတယ်။ ဆယ်ကျော်သက် မိန်းကလေးတွေကတော့ ဝမ်းသာလွန်းလို့ မျက်ရည်များတောင်လည်ရုံသာမက ငိုတောင်ငိုခဲ့ကြတယ်။ ဘီယာတွေကတော့ ထမင်းရည် ချောင်းစီးဆိုသလို အောင်ပွဲခံတဲ့ အနေနဲ့ အလျှံပယ် သောက်ခဲ့ကြတာပေါ့။ ၁၆ နှစ်ကြာပြီးတဲ့နောက် ဟန်ဂေရီလူထုဟာ တန်ခိုးထွားလှတဲ့ အာဏာရှင်ခေါင်းဆောင် ဗစ်တာအော်ဘန်ကို ဟန်ဂေရီ […]
ဟန်ဂေရီခေါင်းဆောင်သစ်နှင့် အစိုးရအပြောင်းအလဲ Read More »









