အင်းလျားရဲ့သတင်းစကား
တကယ်တော့ အင်းလျားကန်ဟာ အလျားရှည်လို့ အင်းလျားလို့ခေါ်လေသလား မသိပါ။ တက္ကသိုလ်မြေ ခြေချသူတိုင်း အင်းလျားကို တက္ကသိုလ်ရဲ့သင်္ကေတတစ်ခုအဖြစ် မြင်တွေ့ရမှာ ပါ။ မွန်ဘာသာနဲ့ ကမာရွတ်ဆိုတဲ့ အဓိပ္ပာယ်က “ရတနာကန်” လို့ အင်းလျားကို ခေါ်ဝေါ်ထား တာပါ။ ကမာရွတ်မြို့နယ် လို့ အခေါ်ရှိတာကလည်း အင်းလျားကန်ကို မွန်ဘာသာရဲ့အမည် အကြောင်းပြုပြီး ပေါ်ပေါက်လာတာပါ။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကို စတင်တည်ထောင်တဲ့ အခါ ရန်ကုန်တက္ကသိုလ်မှာ (၁)တက္ကသိုလ်ကောလိပ်နှင့် (၂)ဂျပ်ဆင်ကောလိပ်တို့ ကောလိပ် ကျောင်းနှစ်ကျောင်း ပေါ်ပေါက်လာပါတယ်။ ၁၉၂၃-ခုနှစ်ကုန်ခါနီးမှာ ကျောင်းသား (၂၂၄) ဦး နေနိုင်တဲ့ သစ်သားဆောင် နှစ်ဆောင်ဆောက်လုပ်ရာက ယခုအချိန်ထိ မြင်တွေ့နေရတဲ့ တကောင်းကျောင်းဆောင်နှင့် ပြည်ကျောင်းဆောင်တို့ ဖြစ်ပြီး ၁၉၂၄- ခုနှစ်ဇွန်လမှာ ဖွင့်လှစ် […]
အင်းလျားရဲ့သတင်းစကား Read More »









