The Corner

The Corner

cropped-Logo_round_grey-background.png

ခြိမ့်သဲ

မှော်ရမ်းပွင့်ချိန်

ရုံးအားရက် တနင်္ဂနွေနေ့တစ်နေ့တွင် စာရေးရန် စိတ်ကူးစိတ်သန်း ထုတ်နေစဉ် အမေက စာအုပ်တစ်အုပ် လာပေးသည်။ အဖေ့စာအုပ်စင် ရှင်းလင်းရာမှ တွေ့လာပုံရသည်။ အဖေသာ သက်ရှိထင်ရှားရှိသေးလျှင် အသက်တစ်ရာ‌ကျော်ရော့မည်။ စာအုပ်မှာ သားရေဖုံး မှတ်တမ်းစာအုပ် ဖြစ်သည်။ ဟောင်းနွမ်းလှပြီ။ အပြင်က သားရေဖုံးအကောင်းစားဖြစ်၍သာ စာအုပ်အဖြစ် တည်တံ့ နေသည်။ စာအုပ်ကို လှန်လှောကြည့်သောအခါ အတွင်း စာရွက်များမှာ အထိပင် ကောင်းကောင်း မခံချင်။ ဆွေးမြည့်နေပြီ။ အချို့နေရာများတွင် ပိုးဖောက်ရာတွေ ပြည့်နေ၏။ အဖေ့လက်ရေးလက်သားမှာ ရှင်းလင်းပီသ၍ ဝိုင်းစက်လှပသည်။ သို့ရာတွင် မင်အရောင်မှာ မှေးမှိန် ဖျော့တော့နေပြီ။ အတော်ပင် အားယူ၍ ဖတ်ရ၏။ ပိုးဖောက်ရာများသော စာမျက်နှာများမှာ လုံးစေ့ပတ်စေ့ ဖတ်မရ တော့။ ရှေ့နောက်ဆက်စပ်၍သာ ဖတ်ရ၏။ ဖတ်ရင်းဖတ်ရင်းမှာပင် မဂ္ဂဇင်း အချို့၌ […]

မှော်ရမ်းပွင့်ချိန် Read More »

အချစ်အလွမ်း နှစ်တစ်သန်း

ဤတောင်တန်းမှ လှမ်း၍မျှော်လျှင် သစ်ပင်တောအုပ်တို့ ဝေဝေဆာ ဆာ၊ အင်းအိုင်ချောင်းမြောင်းတို့ ထွေးရောယှက်တင်၊ ရေတသွင်သွင် စီးဆင်း နေသော မြစ်ကြီးတစ်စင်းက ကွေ့ဝန်းရစ်ခွေ။ ထိုတောထိုတောင် ထိုဒေသသို့ အဝေးကသာ လွမ်းရသည်။ နယ်စိမ်းပယ်စိမ်းမို့ မသွားရဲ။ ပြောရလျှင် အုပ်စု နှင့်သာ လှုပ်ရှားတတ်သူများမို့ သင်းကွဲအဖြစ်မခံနိုင်။ သင်းကွဲတစ်ယောက် ၏ ရပ်တည်မှုသည် ရေရှည်မခိုင်မြဲချေ။ အုပ်စုတစ်စုနှင့်တစ်စု ထိပ်တိုက်ရင် ဆိုင်တိုက်ပွဲများ ဖြစ်လေ့ဖြစ်ထရှိသည်။ အုပ်စုတိုက်ပွဲ အတွင်း ကြေမွသွားမည့် ပန်းလေးတစ်ပွင့်ကို တစ်ဖက်အုပ်စုက မကြုံဖူးမြဲ ထူးကဲစွာ ကရုဏာဖြင့် ရှင်သန်ခွင့်ပေးခဲ့သည်။ ဖြောင့်ဖြောင့်ဖြူးဖြူး ရှင်သန်ခွင့်တော့မဟုတ် အုပ်စု အတွင်း မလုပ်ချင်သော အလုပ်များကို လူးသာအနေဖြင့် ဒိုင်ခံလုပ်ရသည်။ အန္တရာယ်ကြီးသော ကျား၊ ကျားသစ်နှင့် တောကောင်ကြီးကြီးတွေကို ရှေ့မှ အသေခံ တိုက်ခိုက်ရသည်။

အချစ်အလွမ်း နှစ်တစ်သန်း Read More »

ကျွန်မက အကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါမောင်

“မိုးမာယာတွေက တိမ်ပလီတွေနဲ့ မိတ်ဆွေဖွဲ့ပြီး ရွာယောင်ဟန်ပျိုးပေမယ့် မိုးကတော့ တစ်ပေါက် နှစ်ပေါက်တောင် အားနာပါးနာ ကျမလာပါဘူး၊ ရွာမယ်ဆိုရင်လည်း မိုးပြေးကလေး ရယ်သွမ်းသွေးသလို အပြေးအလွှား မစို့မပို့ ရွာမပြေးပါနဲ့၊ ချစ်မိုးကြီးသွန်းဖြိုးလို့ရွာ တစ်မိုးလုံး အိပြီးပြိုကျ လိုက်စမ်းပါ” တိမ်မည်းညိုလေးတွေ တစ်လိပ်ပြီးတစ်လိပ် ပြေးလွှား နေသည့် မိုးကောင်းကင်နောက်ခံ ဖြင့် ပြဇာတ်မင်းသား ဝင်းသူ၏ အာဝဇ္ဇန်းရွှင်ရွှင်၊ အလင်္ကာမြောက်သော အပြောအဆိုက ပွဲကြည့်ပရိသတ်ကြီးကို ဖမ်းစားထားသည်။ ငယ်ကလည်း ငယ် ရုပ်ရည်လေးကလည်း သနားကမားမို့ သွက်သွက်လက်လက် ထက်ထက်မြက်မြက် ဇာတ်ရုပ် နှင့်လည်း လိုက်ဖက်လှသည်။ “စင်ပေါ်မှာ စကားပြောကောင်းသလောက် စင်အောက် မှာတော့ စကားနည်းလိုက်တာနော်၊ မေးနိုင်လွန်းမှ တစ် ခွန်းထက် နှစ်ခွန်းမပိုဘူး၊ စာအုပ်နဲ့မျက်နှာ ခွာတယ်လို့လည်း မရှိဘူး” မင်းသမီး မရွှေကြည်

ကျွန်မက အကျည်းတန် အထီးကျန်လို့ အဖြည့်ခံပါမောင် Read More »

ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာ

နှစ်ပေါင်းငါးဆယ်ကျော်ကို နောက်ကြောင်းပြန်ဆွဲဆန့်တွေးကြည့်သော် အဟောင်းအဟောင်းတို့သည် အသစ်အသစ် ဖြစ်၍ လာချေပြီ။ နေရာဟောင်းကိုရောက်တော့ ငယ်ချစ်ဟောင်းကို အောက်မေ့တမ်းတ သတိရမိသည်ကို အပြစ်ဟူ၍ မဆိုသာပါချေ။  ထိုခေတ်က မြတ်ဝတ်ရည်သင်း၊ မြစပယ်ငုံ၊ ယမင်းရွှေစင်တို့သည် မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္က သိုလ်၏ မြန်မာဆန်ဆန် လှပဆန်းသစ်သော အမည်နှင့် ဆင်းသွင်ရုပ်ဝါ လက္ခဏာသွယ်သွယ် မူရာကြော့ရှင်းသည့် လှယမင်းများ ဖြစ်ကြသည်။ ကိုယ်နှင့်တန်ရာတန်ရာဟူ၍ တန်းမတူသော်လည်း မြတ်ဝတ်ရည်သင်းကို ဆွတ်ချူယူငင်ရန် သံယောဇဉ် နှောင်ဖွဲ့ခဲ့ဖူးသည်။               “ရှင်က ဝတ်ရည်ကို ချစ်တယ့်လို့ ပြောလာတယ်နော်”  မြတ်ဝတ်ရည်သင်းက ချစ်သူဝိုင်းဝိုင်းလည်နေသူဖြစ်ရာ အမည်အားဖြင့်လည်း မထင်ရှား၊ ဥစ္စာဓနအားဖြင့်လည်း နွမ်းပါးသောသူ့ကို ခုလိုအဖက်လုပ်၍ ပြောဖော်ဆိုဖော်ရသည်ကိုပင် ကျေးဇူးအတင်ကြီးတင်နေမိသည်။            “ဟုတ်ကဲ့ပါ၊ နှလုံးသားဆန္ဒကို ရှေ့တန်းတင်မိခဲ့ပါတယ်”            “ဝတ်ရည်ဘေးမှာ

ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာ Read More »