တီဟီရန်မှာ ဆုံစို့ကွယ် – စိုင်းအောင်မြင့် (တာချီလိတ်)
ဒေါ်နယ်ထရမ့်လိုပဲ ကျွန်မကိုယ်တိုင်လည်း အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံရဲ့ အခြေအနေကို တစ်ခါက အထင်သေးခဲ့မိဖူးတယ်။ ၂၀၀၄ ခုနှစ် ဆောင်းဦးပေါက်တုန်းက ကျွန်မက လောက်လောက်လားလား အလုပ်မရှိသေးတဲ့ အလွတ်တန်း သတင်းထောက်ပေါက်စတစ်ယောက် ဖြစ်တာကြောင့် နိုင်ငံတကာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေနောက်ကို လိုက်ချင်နေတော့ သတင်းထောက်ဗီဇာ မဟုတ်ဘဲ အလည်အပတ် ဗီဇာနဲ့ပဲ တံခါးပိတ်ထားတဲ့ နိုင်ငံထဲကို သွားကြည့်ဖို့ စိတ်ကူးပေါက်ခဲ့တာ။ တကယ်တော့ အီရန်ကို သတင်းထောက် ဗီဇာနဲ့ သွားဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါကြောင့်လည်း ဘယ်သူ့ခိုင်းစေချက်မှ မပါဘဲ ကိုယ့်ဘာသာကိုယ် လေ့လာရေးခရီး ထွက်ခဲ့တာပါ။ ကျွန်မလို နာမည်မရှိတဲ့ သတင်းထောက်တစ်ယောက်ကို ဘယ်သူက ဂရုစိုက်မှာလည်းလို့လည်း တွေးခဲ့မိတာပေါ့။ ဟိုရောက်ရင် ခရီးသွားသလိုလိုနဲ့ လည်ပတ်ရင်း အီရန်က နိုင်ငံရေး လေ့လာသုံးသပ်သူတွေ၊ […]
တီဟီရန်မှာ ဆုံစို့ကွယ် – စိုင်းအောင်မြင့် (တာချီလိတ်) Read More »









