ပုလင်းပေးမှ သတင်းရေးတာလား
ခေတ်တိုင်းမှာ သတင်းသမားတွေအများစုဟာ လခစားသတင်းသမားတွေဖြစ်ကြတော့ တံစိုးလက်ဆောင်နဲ့ မကင်းကြလို့ ”ပုလင်းမပေးရင် သတင်းမရေးဘူး” တို့ဘာတို့ဖြစ်လာကြ၊ အဲဒီ တံစိုးလက်ဆောင်ပေးတာကပဲ သတင်း သမားတွေအတွက် ပြောစရာဖြစ်လာရဆိုတာတွေ ပြောခဲ့ပြီးပါပြီ။ မြန်မာပြည်မှာ သတင်းထောက်လို့ ၁၉၃၃ ခုနှစ်ကျမှ စတင်ခေါ်ဝေါ်သုံးစွဲကြဆိုတာလည်း ပြောခဲ့ပြီးပြီ။ ၁၉၃၃ ခုနှစ်မှာ ပေါ်ထွက်ပေါက်ဖွားခဲ့တဲ့ သတင်း ထောက်တွေဟာ နှစ်နှစ်အကြာ ၁၉၃၅မှာတော့ စောစောက ပုလင်းကိစ္စ ပြောစရာဖြစ်ခဲ့တယ်။ “တခြားသတင်းထောက်တွေ အကြောင်းတော့ ကောင်းကောင်း မသိဘူးဗျ။ ကျွန်တော်တို့မြို့က သတင်းထောက် ကတော့ဖြင့် လက်ဖက်ရည်တစ်ခွက် ပသလိုက်လည်းရတာပဲ။ ခေါက်ဆွဲကလေးတစ်ခွက်လောက် ပသလိုက် ရင် လည်းပြီးတာပဲ။ သူ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်ထဲ ဝင်လာမှဖြင့် ဟိုလူကခေါ်၊ ဒီလူကခေါ်နဲ့ သိပ်ကိုဟန် ကျနေတာပဲ။ နို့မခေါ်လို့ ဘယ့်နှယ်လုပ်မလဲ။ သူနဲ့မတည့်မှဖြင့် ဆော်တော့တာမို့ […]
ပုလင်းပေးမှ သတင်းရေးတာလား Read More »



