The Corner

The Corner

cropped-Logo_round_grey-background.png

The Corner

အတွဲ (၃၅) အောက်တိုဘာလ ၁ – ၃၁ ရက်

တင်စိန် (ပထဝီဝင်)၊ ဇင်လင်း၊ ဒေါက်တာအောင်ကြီး၊ CWM၊ KIDD၊ ကိုဝ၊ ကိုလေအိုး၊ 

ကမ္ဘောဇတိုင်း စိုင်းစိုင်း၊ ဏေသွေးအိမ်၊ ခေတီအယ်လ်၊ မောင်လူထွန်း၊ ကိုတင်၊

Features နှောင်းလူတွေအတွက် မော်စီတုန်းရဲ့ အမေရိကန် နိုင်နည်းကား

The Corner မှာ ဖတ်စရာ (အတွဲ ၃၅ - မာတိကာ)

(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)

အတွဲ (၃၅)၊ ၂၀၂၆ အောက်တိုဘာ ၁ - ၃၁ ရက်

စီစဉ်သူ့ အမှာ

မုတ်သုန် နှုတ်ဆတ်ထွက်ခွာချိန်လေးနဲ့ ကပ်ပြီး The Corner ရဲ့ အတွဲ (၃၅) ထွက်လာပါပြီ။ ရှေးဦးစွာ ပုံမှန် ထွက်နေကျ ထက် နောက်ကျထုတ်ရတဲ့အတွက် စောင့်နေသူ စာဖတ်ပရိသတ်ကို တောင်းပန်ပါရစေ။

မကြာခင်မှာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလကို ရောက်ပါတော့မယ်။ မိုးထဲရေထဲ အိမ်ထဲမှာ အချိန်ကုန် ကြရသူများ အပြင်ထွက်ဖို့ တာစူပါလိမ့်မယ်။ မိုးတွင်းကာလ မိုးဒဏ် ရေဒဏ်ကြောင့် မိမိတို့ မှီတင်းနေထိုင်ရာ အိမ်ယာများကို ပြင်ဆင်ကြရသူများကတော့ ဒီ အခွင့်အရေး ရနိုင်မယ် မထင်မိ။

အပြင်ကမ္ဘာက ပထဝီနိုင်ငံရေးကလည်း မုတ်သုန်သော ဘာသော နားမလည်မယ်မထင်။ ဘယ်သောင်ကမ်းကို ဆိုက်မယ် မသိပဲ ခရီးထွက်နေတဲ့ သင်္ဘောတစ်စင်းလို ရွက်ကုန် တက်ကုန်လွှင့်နေသလိုပါပဲ။ တိုတိုပြောရရင် စောင့်ကြည့်သူများက ဒီလို အခြေအနေကို “အုပ်စုတွေ ကစဥ့်ကလျား ကွဲထွက်နေပြီး တည်ငြိမ်မှုမရှိပဲ မိမိအကျိုး စီးပွားရေးကို အခြေခံတဲ့ အချိန်” လို့ ယူဆကြတယ်။ ဒီလို အခြေအနေမှာ နိုင်ငံတကာ ရေးရာကို လက်မလွတ်တမ်း စောင့်ကြည့် လေ့လာသူများအတွက် ဖတ်စရာများကို သေသေချာချာ ရွေးချယ်တင်ဆက်လိုက်ပါတယ်။ အထိုက်အလျှောက် ကမ္ဘာ့ စက်ရပ် သတင်းတွေ သိနှင့်နေ ပြီးသားဖြစ်နေမှာပါ။ သို့ပေမယ့်လည်း အသေးစိတ် ခွဲခြမ်း သုံးသပ်ချက်များဟာလည်း The Corner ရဲ့ ပရိသတ်များအတွက် အကြိုက်တွေ့စေမယ်လို့ ထင်ပါတယ်။ နိုင်ငံတကာအပြင် ကျန်ကဏ္ဍများကိုလည်း မလျှော့စေရန် ကြိုးစားတင်ဆက်ထားပါတယ်။

ရက်အနည်းငယ် နောက်ကျမှာ ထွက်နိုင်လာတာကိုလည်း နားလည်ပေးနိုင်လိမ့်မယ်လို့ ကြိုတင်မျှော်လင့်ပါတယ်။

စီစဥ်သူ