တိမ်မဲ့မိုး
ကျစ်ကျစ်ပါအောင် ပူလောင်နေသည့် ထဲတွင် ခရီးသွားရသည်က ဝေဒနာအထုပ်ကြီးတစ်ခုကို ရွက်ထားရသည့်နှယ်။ ကားတံခါးပေါက်မှ အရှိန်ဖြင့် တိုးဝင်နေသည့် လေပူများကလည်း ပူမဖြေနိုင်သော်လည်း ဖြေသိမ့်စရာတစ်ခု ဖြစ်နေသည်။ ကိုယ့်ရပ်ကိုယ့်ဇာတိကို ပြန်ရသည်ဖြစ်၍ ဇာတိဇောကပ်နေသည်ကလည်း ပံ့ပိုးမှုတစ်ခု ဖြစ်ပေလိမ့်မည်။ ခရီးသည်တင်ကားကဖြင့် ခရီးသည် တင်လိုက်၊ ဆင်းလိုက်နှင့် နိစ္စဓူဝ တာဝန်ထမ်းဆောင်နေသည်။ နေပူဒဏ်နှင့်အတူ အင်ဂျင်အပူဒဏ်တို့ကို လက်ဆောင်အဖြစ် ထွေးပိုက်ထားရချေသည်။ မယူချင်လည်းမရ၊ မရချင်လည်း ယူနေရသည်။ ထိုသို့ လုံးထွေးနေသည့် အပူအမျိုးမျိုးတို့ကို ကား၏ လီဗာတံက မည်သို့မျှ ဂရုစိုက်လိမ့်မည်လည်း မဟုတ်ချေ။ မခံစားနိုင်လျှင် အာရုံပြောင်းသည့်အနေဖြင့် အဝေးမှ မြင်ကွင်းများကို ငေးကြည့်နေရသော်လည်း တလက်လက်ထနေသည့် တံလျှပ်များကြောင့် မျက်လုံးထဲမှတစ်ဆင့် အပူတို့ စီးဝင်လာသလို ခံစားရပြန်သည်။ လယ်ကွင်းများကလည်း ရိတ်သိမ်းပြီးစ အချိန် ဖြစ်၍ ရိုးပြတ်ဝါဝါများက […]









