ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့
တိုတိုထွာထွာ မှတ်စရာ (၃၂) စာရေးဆရာတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ သမိုင်းပေးတာဝန် ဆရာကြီး ဒေါင်းနွယ်ဆွေရဲ့ “စာဆိုဟူသည်ကား” ကဗျာဟာ စာရေးဆရာတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ သမိုင်းပေးတာဝန်ကို အလွန်လေးနက်စွာ မီးမောင်းထိုးပြထားတဲ့ ဂန္ထဝင်ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ စာဆိုဟူသည်ကားကညစ်တစ်လက်ပေတစ်ရွက်ဖြင့်အသက်စတေးခဲ့ကြသည်။ သမိုင်းပေးတာဝန်မြတ်ကျေပွန်သည်လူချွန်စာဆိုတော်ပေတကား။ ကလောင်တစ်လက်မင်တစ်စက်ဖြင့်စာဖျက်ပေဖျက်အဆိပ်တက်၏။ သမိုင်းပေးတာဝန်မကျေပွန်ကလူလွန်လူညံ့သာတကား။ ဒေါင်းနွယ်ဆွေ မျက်ရည်၊ သွေး နှင့် ကညစ်ရာဇဝင် ရှေးခေတ်က ကဗျာဆရာ၊ စာဆိုတော်ကြီးတွေဆိုတာ အခုခေတ်လို လေအေးပေးစက်တဖြူးဖြူး၊ ကော်ဖီမွှေးမွှေး တစ်ခွက်နဲ့ လက်တော့ပ် (Laptop) ကီးဘုတ်ကို သာသာယာယာ နှိပ်ရိုက်ပြီး စာထိုင်ရေးခဲ့ကြတာ မဟုတ်ဘူး။ သူတို့ခေတ်က စာရေးခြင်းအတတ်ပညာဆိုတာ သက်သောင့်သက်သာရှိတဲ့ အလုပ်တစ်ခုမဟုတ်ဘဲ ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ ရင်းနှီးပေးဆပ်ရတဲ့ ကျောက်မီးသွေးတွင်းတူးရသလို ပင်ပန်းလွန်းတဲ့ အလုပ်တစ်ခုပါ။ မှောင်ပျပျ ဆီမီးအလင်းရောင်အောက်မှာ ပေရွက်ချောချောပေါ် ကညစ်ချွန်ချွန်နဲ့ အားရပါးရ […]
ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ Read More »









