The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၃၁)

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့

တိုတိုထွာထွာ မှတ်စရာ (၃၂) စာရေးဆရာတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ သမိုင်းပေးတာဝန် ဆရာကြီး ဒေါင်းနွယ်ဆွေရဲ့ “စာဆိုဟူသည်ကား” ကဗျာဟာ စာရေးဆရာတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ သမိုင်းပေးတာဝန်ကို အလွန်လေးနက်စွာ မီးမောင်းထိုးပြထားတဲ့ ဂန္ထဝင်ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ စာဆိုဟူသည်ကားကညစ်တစ်လက်ပေတစ်ရွက်ဖြင့်အသက်စတေးခဲ့ကြသည်။ သမိုင်းပေးတာဝန်မြတ်ကျေပွန်သည်လူချွန်စာဆိုတော်ပေတကား။ ကလောင်တစ်လက်မင်တစ်စက်ဖြင့်စာဖျက်ပေဖျက်အဆိပ်တက်၏။ သမိုင်းပေးတာဝန်မကျေပွန်ကလူလွန်လူညံ့သာတကား။ ဒေါင်းနွယ်ဆွေ မျက်ရည်၊ သွေး နှင့် ကညစ်ရာဇဝင် ရှေးခေတ်က ကဗျာဆရာ၊ စာဆိုတော်ကြီးတွေဆိုတာ အခုခေတ်လို လေအေးပေးစက်တဖြူးဖြူး၊ ကော်ဖီမွှေးမွှေး တစ်ခွက်နဲ့ လက်တော့ပ် (Laptop) ကီးဘုတ်ကို သာသာယာယာ နှိပ်ရိုက်ပြီး စာထိုင်ရေးခဲ့ကြတာ မဟုတ်ဘူး။ သူတို့ခေတ်က စာရေးခြင်းအတတ်ပညာဆိုတာ သက်သောင့်သက်သာရှိတဲ့ အလုပ်တစ်ခုမဟုတ်ဘဲ ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ ရင်းနှီးပေးဆပ်ရတဲ့ ကျောက်မီးသွေးတွင်းတူးရသလို ပင်ပန်းလွန်းတဲ့ အလုပ်တစ်ခုပါ။ မှောင်ပျပျ ဆီမီးအလင်းရောင်အောက်မှာ ပေရွက်ချောချောပေါ် ကညစ်ချွန်ချွန်နဲ့ အားရပါးရ […]

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ Read More »

လုပ်ငန်းခွင်ဆက်ဆံရေး

အဖွဲ့အစည်းတစ်ခုကို စီမံခန့်ခွဲနေရသူတွေအနေနဲ့ လုပ်ငန်းခွင်ဆက်ဆံရေးကို အလေးဂရုပြုဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်ဆိုတာမျိုးက ရည်မှန်းချက်၊ ဦးတည်ချက်တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ လုပ်ငန်း တာဝန်တွေကို အကောင်အထည်ဖော်ဖို့အတွက် လူအမျိုးမျိုးစိတ်အထွေထွေနဲ့စုပေါင်းဖွဲ့စည်းထားတာမို့ ဆက်ဆံရေး ပြဿနာ တွေကလည်း အမျိုးမျိုးရှိနေတတ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာပေါ်ပေါက်နေတဲ့ ပြဿနာတွေကို နည်းမှန်လမ်းမှန်နဲ့ ကိုင်တွယ်ဖြေရှင်းမပေးနိုင်ဘူးဆိုရင် ဒါမှမဟုတ် ပြဿနာကြီးကြီးမားမား ပေါ်ပေါက်မလာဖို့အတွက် ကိုင်တွယ် ဖြေရှင်းနည်းတွေ၊ ကြိုတင် ကာကွယ်နည်းတွေ ရှိမထားဘူး ဆိုရင် အခြေအနေတွေ ဆိုးကုန်နိုင်ပါတယ်။ လုပ်ငန်းခွင်ဆက်ဆံရေးဆိုတာ အဓိကအားဖြင့်တော့ အလုပ်ရှင်-အလုပ်သမား ဆက်ဆံရေးပေါ့။ အလုပ်သမား ဆိုတာကတော့ ရှင်းပါတယ်။ ဒါပေမဲ့ အလုပ်ရှင်ဆိုတဲ့ နေရာမှာ တရားဝင်ပိုင်ဆိုင်ခွင့် အခွင့်အာဏာ ရှိတဲ့ပိုင်ရှင်၊ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဒါမှမဟုတ် တည်ထောင်သူ တစ်ယောက်တည်းကို ကြည့်လို့မရပါဘူး။ ပိုင်ရှင့်ကိုယ်စား စီမံခန့်ခွဲနေတဲ့သူတွေကလည်း အလုပ်ရှင် ရှုထောင့်ကနေရှုမြင်သုံးသပ်

လုပ်ငန်းခွင်ဆက်ဆံရေး Read More »

ကမ္ဘာဖလားပြိုင်ပွဲအတွင်းက နှစ်ခြမ်းကွဲနေတဲ့ကမ္ဘာကြီး

ယခု စာရေးနေတဲ့အချိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များ နှစ်ပွဲစီကစားပြီးနေပါပြီ။ သို့ဖြစ်၍ အုပ်စုတက်ရေး အတွက် ကြိုးစားရမည့်အသင်းများလည်းရှိလာပြီးဖြစ်သလို အုပ်စုတက်ပြီးအသင်း များလည်း ထွက်ပေါ်နေပေ၏။ အမေရိကန် ၊ ကနေဒါ နှင့် မက္ကဆီကို တို့ သုံးနိုင်ငံပူးတွဲကျင်းပသည့် ဤပြိုင်ပွဲကြီးတွင် အိမ်ရှင်နိုင်ငံများကလည်း အုပ်စုအဆင့်မှလွန်မြောက်ရန်အခြေအနေကောင်းနေပါသည်။ ဘောလုံးအင်အားကြီးနိုင်ငံများဖြစ်သည့် ဘရာဇီး၊ ပြင်သစ်၊ အာဂျင်တီးနား၊ စပိန်၊ နယ်သာလန်၊ ဂျာမနီ၊ အင်္ဂလန်၊ ပေါ်တူဂီ တို့သည်လည်း အခြေအနေက စိုးရိမ်စရာမရှိ၍ ရှုံးထွက် ပွဲစဉ်များတွင် စိတ်ဝင်စားဖွယ် ပွဲစဉ်များ တွေ့ရပေလိမ့်မည်။ တစ်ခု ထူးခြားသည်က အာရှမှ တောင်ကို ရီးယားအသင်းနှင့် ဂျပန်အသင်းတို့ပါ အုပ်စုကို ကျော်ဖြတ်ရန် အခြေအနေ ကောင်းနေခြင်းပင်ဖြစ် သည်။ နောက်ထပ် ထူးထူးခြားခြားရှိသည်က ယခုမှ ကမ္ဘာ့ဖလားပွဲ သို့ဝင်ရောက်ယှဉ်ပြိုင်ခွင့်

ကမ္ဘာဖလားပြိုင်ပွဲအတွင်းက နှစ်ခြမ်းကွဲနေတဲ့ကမ္ဘာကြီး Read More »

ကမ္ဘာကျော်များကို ပုံသွင်းယူကြသူများ

သူတို့ တုန်လှုပ်ချောက်ချားသွားနေကြတယ်။ အစဥ်အဆက်က ကမ္ဘာ့ဖလား အကြိတ်အနယ် ပြိုင်ပွဲတွေ အတွင်း ကစားသမားအချင်းချင်း တရားမျှတမှု မရှိသလို ခံစားခဲ့ကြရလို့ အမျက်ဒေါသ ခြောင်းခြောင်းထွက်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို စိတ်တွေ ကယောက်ဂယက် ဖြစ်နေတဲ့ အချိန်မှာ သမိုင်း ကမ္ပည်းတင်မည့် ပင်နယ်တီ အဆုံးအဖြတ်ကို ကန်ရမယ့် အချိန်မှာ စိတ်ဓာတ်များ ပြိုလဲသွားခဲ့ကြပြီး ကမ္ဘာကျော် ချန်ပီယံများ ကန်လိုက်သည့် ဘောလုံးက ဂိုးပေါက်နှင့် လွဲချော်သွား ခဲ့ပြီ။ အကောင်းဆုံး ဆိုတဲ့ ဘောလုံးသမားများပင် ကမ္ဘာ့ဖလားပြိုင်ပွဲများ၌ အလွဲလွဲအချော်ချော် ဖြစ်တတ်ကြတာ အားလုံး အမြင်။ အကြီးကျယ် အခမ်းနားဆုံး ကစားကွင်းကြီးတွေမှာ သူတို့ဟာ အကောင်းဆုံးကစားသမားများ အဖြစ် နာမည်ကျော်ခဲ့ကြသော်လည်း ထင်သလောက်မဟုတ်ဘဲ နာမည်ကျော် ပုံကြီးချဲ့ခံရမှုကြောင့် ချန်ပီယံ ဖြစ်နေခဲ့ ကြခြင်းဖြစ်ကြောင်း

ကမ္ဘာကျော်များကို ပုံသွင်းယူကြသူများ Read More »

ကန္တာရမှာပွင့်သောပန်း

အကယ်၍သာ ချောင်းသာလူရည်ချွန်အပန်း‌ဖြေစခန်းသို့ လိုက်ပါခွင့် မရခဲ့ပါလျှင်၊ ကျွန်တော်နှင့်အတူ တစ်ခရီးတည်း လျှောက်လှမ်းလာသူ လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ (ဗဟို)မှ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်ကသာ ကျွန်တော့်အား လက်တွဲ မခေါ်ယူခဲ့ပါလျှင် ချောင်းသာလူရည်ချွန်စခန်းသို့  လိုက်ပါလာသော ရန်ကုန်ရန်ကင်းပညာရေး ဒီဂရီကောလိပ် ဒုတိယနှစ်ကျောင်းသူ လူရည်ချွန် မနဒီရွှေလွှာကို တက္ကသိုလ် ကောလိပ်ပထမနှစ်နှင့် ဒုတိယနှစ်လူရည် ချွန် (၂၉၁)ဦး ထဲက သာမန်ထူးချွန်ကျောင်းသူအဖြစ် အမှတ်တမဲ့ ဖြစ်နေပေလိမ့်မည်။ မနဒီရွှေလွှာသည် အသက် (၁၀)နှစ်ရောက်မှ  ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်တွင် စတင်ပညာသင်ကြားခွင့် ရရှိပြီး စာတတ်မြောက်ရေး အထောက်အကူပြု ပင်မအဖွဲ့ (Literacy Resource  Centre)  ဥယျာဉ်နန်းမှ ငွားငွားစွင့်စွင့် ကြွားကြွားဝင့်ဝင့် ဖူးပွင့်လာသော ပန်းကလေး ဖြစ်မှန်း အမှတ်မထင်သိခွင့်ရရှိခဲ့ပါသည်။  ထို့ကြောင့် ကျွန်တော်တို့လူရည်ချွန် (၁၉၆၄-၈၈)

ကန္တာရမှာပွင့်သောပန်း Read More »

ဒလိုင်းလားမားနှင့် ဘောလုံးပွဲ

တိဗက်ဗုဒ္ဓဘာသာအယူအရ အဝလောကိတေသွရ (စကြဝဠာစောင့် ကရုဏာရှင်နတ်မင်း)ရဲ့အသွင်တော်ကိုယူထားတဲ့ ဒလိုင်းလားမားအရှင်သူမြတ်ဟာ တစ်နေ့တော့ ကားလမ်းဘေးမှာ ကလေးတွေ ဘောလုံး ကန်နေတာကို ရပ်ကြည့်မိသတဲ့။ သူငယ်စဉ် “လဟာမို” ဘဝ တိဗက်ပြည်အရှေ့မြောက်ပိုင်းက သူတို့ရွာလေးမှာ ဘောလုံး ကစားခဲ့ ရတာတွေကို သတိရမိ၊ လွမ်းဆွတ်တမ်းတမိသတဲ့။ တစ်နေ့ခင်း သူငယ်ချင်းတွေက သူတို့နဲ့အတူဘောလုံးကန်ဖို့ သူ့ကိုတကြော်ကြော်အော်ခေါ်နေချိန်မှာ ဗောဓိသတ္တလူဝင်စားကို လာရောက်ရှာဖွေတဲ့ စူးစမ်းရေးအဖွဲ့ရောက်လာသတဲ့။ အဲဒီအခိုက်အတန့်မှာပဲ သူ့ဘဝတစ် ဆစ်ချိုးခဲ့ရသတဲ့။ သူရပ်ကြည့်နေတဲ့ဘောပွဲအကြောင်းပြောရင်းက ကဗျာဆရာက သူ့ငယ်ဘဝကိုခင်းပြတယ်။ ဒီတော့ ဘောလုံးပွဲထဲကို သူ့ဘဝတစ်ပိုင်းတစ်စက ဝင်လာလိုက် ထွက်သွားလိုက်။ ဘောပွဲကလည်းရင်ဖိုစရာ၊ သူ့ဘဝကလည်း ရင်ဖိုစရာ။ ဘောပွဲအရှိန်တက်လာသလို သူ့ဘဝကလည်း အရှိန်တက်လာ။ နောက်ဆုံးမတော့ ဘောပွဲပြီးသွားသလို သူ့ရဲ့ ငယ်ဘဝလည်းဆုံးခန်းတိုင်သွားခဲ့။ အဲဒီအချိန်ကစလို့ အရာအားလုံး ထာဝရပြောင်းလဲသွားခဲ့။ ၂၀၁၃ ခု မေလထဲ

ဒလိုင်းလားမားနှင့် ဘောလုံးပွဲ Read More »

ကျားခေါင်းပေါ်က ကျတဲ့မျက်ရည်

စာက အသက် နှစ်ဆယ့်နှစ်နှစ်ကျမှ ရေးတာ။ အသက် နှစ်ဆယ်အရွယ်မှာ ဟိုယောင်ယောင်.. ဒီယောင်ယောင် ဖြစ်၍ နေတုန်း။ ပန်းချီကလည်း ဝါသနာပါသည်။ ဆိုတော့ကာ ရုပ်ရှင်ပိုစတာတွေ ဆွဲနေသော ပန်းချီ ဦးမြင့်ဆွေထံ တပည့်သွားခံသည်။ တစ်လကြာသည်အထိ သင်မပေးသေး။ ရေလဲ ပေးရသည်။ စုတ်တံ ဆေးပေးရသည်။ တစ်လကျော်လာသည်အထိ သည် ရေလဲ၊ စုတ်ဆေးက မတက်သေး။ ကျွန်တော် စိတ်မရှည်တော့။ ဆိုတော့ကာ ဦးမြင့်ဆွေဆီ ကျွန်တော် ဆက်၍မသွားတော့။ နောက်ထပ် ပန်းချီဆရာတစ်ဦး ရှိသေးသည်။ ‘ပန်းချီ ဦးလှ’ ဖြစ်သည်။ သူက ဆိုင်းဘုတ်နှင့် ကားနံပါတ်ရေးသူ။ ကျွန်တော် သူ့ဆီသွားသည်။ သူက ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပြောပြသည်။ “ဒါက ထမင်းနပ်မှန်ရုံစားရတဲ့ ပညာပါကွာ..၊ မသင်ချင်ပါနဲ့” သူက သည့်နှယ်ပြောတော့

ကျားခေါင်းပေါ်က ကျတဲ့မျက်ရည် Read More »

အာဖရိကက အာရှနှင့်ပြိုင် ယှဥ်နိုင်ပါ့မလား

၁၉၆၀ ပြည့်လွန်နှစ်များနောက်ပိုင်း မိသားစုပိုင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းငယ်လေးများတွင် စပါးမျိုး စိတ်သစ်များ ဖြစ်ထွန်းအောင်မြင်ခဲ့ပြီး အာရှဒေသကို အသွင်ကူးပြောင်းစေခဲ့သည့် “အစိမ်းရောင် တော်လှန်ရေး” (Green Revolution) အကြောင်းကို အာဖရိကရှိ စီးပွားရေးပညာရှင်များက မနာလိုဖြစ်ဖွယ် အားကျကာ ပြောဆို ကြသည်။ လူဦးရေသိပ်သည်းဆ မြင့်မားလာမှုကြောင့် တောင်သူများသည် နည်းပညာအသစ်များကို တီထွင်လာကြပြီး ဓာတ်မြေဩဇာကဲ့သို့သော သွင်းအားစုများကို ပိုမိုသုံးစွဲလာကြသည်။ ကျေးလက်နေ ပြည်သူများ ပိုမိုချမ်းသာ ကြွယ်ဝလာသည်နှင့်အမျှ ကုန်ထုတ်လုပ်မှုဆိုင်ရာ လူသုံးကုန်ပစ္စည်းများကို ပိုမို လိုအပ်လာခဲ့ကြသည်။ ထိုအခါ စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် ဆက်လက်လုပ်ကိုင်ရန် မလိုအပ်တော့သည့် အလုပ်သမားများသည် စက်ရုံ အလုပ်ရုံများသို့ ရောက်ရှိနေရာယူလာခဲ့ကြသည်။ ဆာဟာရအောက်ပိုင်း အာဖရိကဒေသသည်လည်း ထိုကဲ့သို့သော လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ပါသလား။ ခြုံငုံ၍ ကြည့်ရှုရလျှင် ထိုဒေသရှိ တောင်သူများသည် ပြောင်းဖူးနှင့်

အာဖရိကက အာရှနှင့်ပြိုင် ယှဥ်နိုင်ပါ့မလား Read More »

အမေရိကန်က တရုတ် စီးပွားရေး ကုမ္ပဏီတွေကို ပထုတ်ကာ နည်းပညာတွေယူထား

တရုတ်နိုင်ငံ၏ အသုံးမဝင်တော့ဘဲ သောင်တင်နေသော ရင်းနှီးမြှုပ်နှံမှုပိုင်ဆိုင်မှုများကြောင့် အမေရိကန်တွင် ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းသည့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံသူအမျိုးအစားသစ်တစ်ခု ပေါ်ပေါက်လာနေခြင်း။ ဒါးလတ်စ်မြို့ရှိ စက်ရုံတစ်ရုံတွင် အမေရိကန်အလံမှာ ခေါင်မိုးထက်၌ တလူလူလွင့်လျက်ရှိသည်။ ယင်းအလံတော် အောက်တွင် အလုပ်သမားပေါင်း ၁,၂ဝဝ နှင့် ခေတ်မီဆန်းသစ်လှသော စက်ရုပ်အချို့သည် တစ်ရက်လျှင် ဆိုလာပြား အချပ်ရေ ၂ဝ,ဝဝဝ အထိ စဉ်ဆက်မပြတ် ထုတ်လုပ်ပေးလျက်ရှိသည်။ ယင်းပမာဏသည် အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးက စုစုပေါင်းထုတ်လုပ်မှုပမာဏ၏ ဆယ်ပုံတစ်ပုံရှိသည်။ ယင်းစက်ရုံသည် ငါးဂီဂါဝပ် (5 Giga Watt) ပမာဏအထိ ထုတ်လုပ်နိုင်စွမ်းရှိသဖြင့် တစ်နှစ်လျှင် အမေရိကန်အိမ်ခြေ တစ်သန်းစာ လျှပ်စစ်မီးပေးနိုင်မည့် ဆိုလာ မော်ဂျူးလ်များကို ထုတ်လုပ်ပေးလျက်ရှိသည်။ ‘အမေရိကန်နိုင်ငံရဲ့ အင်ဂျင်နီယာအတတ်ပညာနဲ့ တီထွင် ဆန်းသစ်မှု တွေကိုတော့ ဘယ်တော့မှ

အမေရိကန်က တရုတ် စီးပွားရေး ကုမ္ပဏီတွေကို ပထုတ်ကာ နည်းပညာတွေယူထား Read More »

ပြင်သစ်က လက်ယာယိမ်း လီပင်း ပြန်လာပြီ

တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ပြစ်ဒဏ်ကျခံနေရတဲ့ မစ္စလီပင်း သမ္မတ ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေညာလိုက်ပါပြီ။ ရာစုနှစ် တစ်ထက်ဝက်ကျော်လောက်အတွင်း ပြင်သစ်နိုင်ငံက လီပင်း မိသားစု အစဥ်အဆက်ဟာ သမ္မတ ရွေးကောက်ပွဲတိုင်းလိုလို အင်နဲ့အားနဲ့ ဝင်ရောက်ယှဥ်ပြိုင်လေ့ရှိတာ  အစဥ်အလာတစ်ခု ဖြစ်နေပါပြီ။ နောက်တော့ ၂၀၂၅ ခုနှစ်ရောက်တဲ့အခါ လူကြိုက်များ ရေပန်းစားနေတဲ့ လက်ယာပါတီ နေရှယ်နယ် ရယ်လီ (National Rally – RN) ပါတီရဲ့ခေါင်းဆောင် မာရင်းလီပင်းကို တရားရုံးကနေ ဆန္ဒမဲပေး ပွဲတွေမှာ ဝင်ရောက်ရွေးချယ်ခွင့် ငါးနှစ် ပိတ်လိုက်တဲ့ အမိန့် ထုတ်ပြန်လိုက်တော့ လီပင်း မိသားစုရဲ့ အစဉ်အလာဟာ လာမယ့်နှစ် ရွေးကောက်ပွဲမှာ ပျက်သွားမလို ဖြစ်ရတော့ တာပေါ့။ ဒါပေမဲ့ ဇူလိုင်လ ၇ ရက်နေ့မှာတော့

ပြင်သစ်က လက်ယာယိမ်း လီပင်း ပြန်လာပြီ Read More »