The Corner

The Corner

cropped-Logo_round_grey-background.png
Share မယ်

The Corner မှာ ဖတ်စရာ (အတွဲ ၂၉ - မာတိကာ)

(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)

အတွဲ (၂၉)၊ ၂၀၂၆ ဇွန်လ ၁၆ - ၃၀ ရက်

စီစဉ်သူ့ အမှာ

၂၃ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနှင့်အတူ The Corner အတွဲအမှတ် ၂၉ ကို တင်ဆက်လိုက်ပါပြီ။ ကမ္ဘာ့ဖလားကို ရင်ခုန်စိတ်လှုပ်ရှားရင်း မိုးအေးအေးမှာ The Corner ကို ဖတ်ဖို့ အချိန်လည်း ပေးနိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ အခုစတင်နေပါပြီ။ The Corner ရဲ့ ထုံးစံအတိုင်း ကမ္ဘာ့ဖလားကို နိုင်ငံရေး အခြေအနေများနောက်ခံထားပြီး သုံးသပ်ထားတဲ့ ဆောင်းပါးကို feature ဆောင်းပါးအဖြစ် ဒီအပတ်မှာတင်ဆက်ထားပါတယ်။

စီစဉ်သူအနေဖြင့် သီးခြားတင်ပြလိုသည်မှာ The Corner ကို မဂ္ဂဇင်းအင်္ဂါရပ် ပိုပြီး ပြည့်စုံစေဖို့ အသစ်ဖွင့်လှစ်လိုက်သည့် ကဗျာကဏ္ဍ အကြောင်းဖြစ်ပါတယ်။ စတင်ဖွင့်လှစ်လိုက်သည်နှင့် ကဗျာများစွာ ပေးပို့လာကြသော ကဗျာချစ်သူများကို အထူးပင် ကျေးဇူးတင် ကြိုဆိုပါတယ်။ ပုံနှိပ်စာပေလုပ်ငန်းများ မတွင်ကျယ်တော့သဖြင့် ကဗျာများ ပျောက်ကွယ်သွား တော့မည်လားဟု စိုးရိမ်မိသော ကျွန်တော်တို့အတွက် အံ့သြဝမ်းသာလည်း ဖြစ်ရပါတယ်။

ကဗျာတိုင်းမှာ ကိုယ်စီအလှတွေရှိကြပါတယ်။ The Corner မှာ တင်ဆက်ဖို့ ရွေးချယ်ရာတွင် ခံစားချက်အစစ်အမှန်ကို ထိမိသော စကားလုံးများဖြင့် တိကျသော အထားအသိုတွင် နေရာချပြီး လှပစွာ ဖော်ပြထားသော ကဗျာတွေကို  ဦးစားပေး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ခံစားချက်စစ်လျှင် ဖတ်သူကလည်း ချက်ချင်းပဲ ရင်ထဲထိသွားတာပါ။ ရှေးစာဆိုများ ဟာသနှော ပြောခဲ့သည့် “သူ့လင်နှင့်ကြုံ၊ တံခါးခုံ၊ လွတ်ရုံကျော်၍ပြေး” ဆိုသည့် ၄-၃-၂ ကာရံများကို ဖက်တွယ်မထားသလို၊ စကားလုံးဆန်းလျှင်ပြီးရော ခံစားချက်အတု အနုပညာပါမလာသော ကဗျာများကိုလည်း ပရိသတ်ထံ တင်ဆက်ဖို့ တွန့်ဆုတ်ရပါတယ်။

ကျွန်တော်တို့အနေနဲ့ ရွေးချယ်တဲ့နေရာမှာ နှလုံးသားဖြင့်ရော ဦးနှောက်ဖြင့်ပါ ခံစားပြီး အလှပဆုံး ကဗျာတွေကို တင်ဆက်သွားမှာပါ။ ကဗျာချစ်သူများအတွက် The Corner သည် ချစ်ခင်မြတ်နိုး အမှတ်ရစရာ နေရာဖြစ်အောင် ကြိုးစားသွားပါမယ်လို့ ကတိပေးရင်း စီစဉ်သူ့အမှာကို နိဂုံးချုပ်ပါရစေ ခင်ဗျား။

စီစဥ်သူ