The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့  (၁၃)

အရှေ့အာရှ နိုင်ငံဖြတ်ကျော် စာပေသမိုင်းမှသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ရန်ကုန်မြို့လယ်ရှိ အဆင့်မြင့်စားသောက်ဆိုင်ကြီးတစ်ခု၏ သီးသန့်ခန်းငယ်လေးအတွင်း တည်ခင်းထားသော ခမ်းနားသည့် နေ့လယ်စာစားပွဲဝိုင်းထက်၌ နိုင်ငံခြားသားဧည့်သည်ကြီး သုံးဦး စကားနိုင်လုနေကြသည်။ ၎င်းတို့မှာ ၂၁ ရာစု မြန်မာနိုင်ငံ၏ စာပေယဉ်ကျေးမှုနှင့် လူမှုစီးပွားအခင်းအကျင်းသစ်ကို ကိုယ်တိုင်လေ့လာရန် ရောက်ရှိလာကြသည့် အရှေ့အာရှစာပေလောက၏ ဖခင်ကြီး သုံးဦးဖြစ်သည်။ တရုတ်ခေတ်သစ်စာပေဖခင်ကြီး လုရွှန်း (Lu Xun) က စားပွဲပေါ်ရှိ တရုတ်လက်ဖက်ရည်ကြမ်းခွက်ကို လက်ညှိုး ထိုးကာ ခပ်လေးလေး ပြုံးရင်း စတင်ပြောလိုက်သည်။ “ဟေ့လူတို့… သမိုင်းကြောင်းအရ ကြည့်ရင် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်ပြည်ရဲ့ စာပေ ယဉ်ကျေးမှုဟာ မြန်မာပြည်အပေါ် အနက်ရှိုင်းဆုံး လွှမ်းမိုးခဲ့တာ။ ရှေးဟောင်း ရာဇဝင် စာပေတွေ ကစလို့ ယနေ့ခေတ်အထိ စီးပွားရေးနဲ့ နည်းပညာနယ်ပယ်မှာပါ […]

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့  (၁၃) Read More »

AI ဟာ စာရေးဆရာတွေကိုတော့ အလွတ်ပေးသင့်တယ်

The Economist magazine ပါ Don’t let AI kill the author ဆောင်းပါးကို မြန်မာဘာသာ ပြန်ဆိုသည်။ The Economist မဂ္ဂဇင်းမှာ အရေးအသားကောင်းခြင်းနဲ့ အသစ်ထွင်ခြင်းများရှိတယ်ဆိုရင် AI ပေါ်မလာခင်အထိ အဲဒီ နှစ်ခုဟာ ဆန့်ကျင်ဘက်တွေ မဟုတ်ကြပါဘူး။ အခုအချိန်မှာတော့ AI အရေးအသားတွေက ဆုတွေဆွတ်ခူးနေကြတဲ့ အပြင် သတင်းစာအယ်ဒီတာအာဘော်ကို ငြင်းချက်ထုတ်တဲ့ ဆောင်းပါးတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ မိန့်ခွန်းတွေအထိ ရောက်လာပါတယ်။ ဗြိတိသျှပါလီမန်မှာ ပြောတဲ့ စကား ၁၀လုံးမှာ တစ်လုံး၊ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ စကား ၇ လုံးမှာ တစ်လုံးက AI ကူညီပြင်ဆင်ပေးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ စာတပုဒ်ဖြစ်လာပြီဆိုရင် ဘယ်စာရေးဆရာမှ ကြားမနေပါ။ သတင်းစာတစ်စောင်က နှစ်ပေါင်း ၂၀

AI ဟာ စာရေးဆရာတွေကိုတော့ အလွတ်ပေးသင့်တယ် Read More »

ဒုက္ခလမ်းများပေါ်မှ ပွင့်ဖူးလာသည့်ပန်းများ

နာဇီဆိုသည့် ဝေါဟာရမှာ ကမ္ဘာကြီး၏ သမိုင်းတွင် ယနေ့တိုင်အသည်း တဆတ်ဆတ်ခါသူများ အတွက် နှိုင်းပြစရာ အသုံးအနှုန်းအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ ယနေ့တိုင် ရိုက်ကူးခဲ့သောရုပ်ရှင်များ၊ ရေးသားခဲ့ကြသော စာအုပ်များက ထိုအချက်ကိုကောင်းစွာသက်သေခံနေဆဲဖြစ်သည်။ ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများစွာထဲမှ ဒုတိယကမ္ဘာ စစ်အတွင်း ဂျာမနီနာဇီတို့ တည်ဆောက်ခဲ့သည့် အော့စဝှစ်-ဘီရကင်နော (Auschwitz-Birkenau) သေမင်းတမန် အကျဉ်းစခန်းသည် လူသားတို့၏ စိတ်ကူးစိတ်သန်းဖြင့် ဖန်တီးနိုင်သမျှသော ငရဲခန်းများတွင်အဆိုးဝါးဆုံးဖြစ်သည်။ လူပေါင်း ၁ ဒသမ ၃ သန်းကျော် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ၁ ဒသမ ၁ သန်းကျော်သည် ဂတ်စ်ဓာတ်ငွေ့ခန်းများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ ရောဂါဘယနှင့် ငတ်မွတ်မှုများကြောင့် မြေမှုန်ဖြစ်ခဲ့ရသည်။ ရထားပေါ်မှ ဆင်းဆင်းချင်း နာဇီအစောင့် (SS) တို့၏ လက်ညှိုးတစ်ချက် အောက်တွင်

ဒုက္ခလမ်းများပေါ်မှ ပွင့်ဖူးလာသည့်ပန်းများ Read More »

ပုလင်းပေးမှ သတင်းရေးတာလား

ခေတ်တိုင်းမှာ သတင်းသမားတွေအများစုဟာ လခစားသတင်းသမားတွေဖြစ်ကြတော့ တံစိုးလက်ဆောင်နဲ့ မကင်းကြလို့ ”ပုလင်းမပေးရင် သတင်းမရေးဘူး” တို့ဘာတို့ဖြစ်လာကြ၊ အဲဒီ တံစိုးလက်ဆောင်ပေးတာကပဲ သတင်း သမားတွေအတွက် ပြောစရာဖြစ်လာရဆိုတာတွေ ပြောခဲ့ပြီးပါပြီ။ မြန်မာပြည်မှာ သတင်းထောက်လို့ ၁၉၃၃ ခုနှစ်ကျမှ စတင်ခေါ်ဝေါ်သုံးစွဲကြဆိုတာလည်း ပြောခဲ့ပြီးပြီ။ ၁၉၃၃ ခုနှစ်မှာ ပေါ်ထွက်ပေါက်ဖွားခဲ့တဲ့ သတင်း ထောက်တွေဟာ နှစ်နှစ်အကြာ ၁၉၃၅မှာတော့ စောစောက ပုလင်းကိစ္စ ပြောစရာဖြစ်ခဲ့တယ်။ “တခြားသတင်းထောက်တွေ အကြောင်းတော့ ကောင်းကောင်း မသိဘူးဗျ။ ကျွန်တော်တို့မြို့က သတင်းထောက် ကတော့ဖြင့် လက်ဖက်ရည်တစ်ခွက် ပသလိုက်လည်းရတာပဲ။ ခေါက်ဆွဲကလေးတစ်ခွက်လောက် ပသလိုက် ရင် လည်းပြီးတာပဲ။ သူ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်ထဲ ဝင်လာမှဖြင့် ဟိုလူကခေါ်၊ ဒီလူကခေါ်နဲ့ သိပ်ကိုဟန် ကျနေတာပဲ။ နို့မခေါ်လို့ ဘယ့်နှယ်လုပ်မလဲ။ သူနဲ့မတည့်မှဖြင့် ဆော်တော့တာမို့

ပုလင်းပေးမှ သတင်းရေးတာလား Read More »

မှိုပွင့်ဖြူတွေ

၁၉၃၀ ဖွား စာရေးဆရာ / သတင်းစာဆရာ အော့တာပါဗယ်လ်က ချက်ကိုစလိုဗားကီးယားနိုင်ငံမြို့တော် ပရာ့ဂ်ဇာတိ။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးရှောင်စဉ် သူတို့နေခဲ့တဲ့ မြို့လေးက ချက်နိုင်ငံ အလယ်ပိုင်း တစ်နေရာမှာ တည်ရှိတဲ့ ဗူးရှ်တယ်ဟရတ်ဆိုတဲ့ မြို့လေး။ သူ၏ “ငါးတွေနဲ့ ကျွန်တော် ဘယ်လိုယဉ်ပါးခဲ့သလဲ” (How I came to know fish) စာအုပ်က ထင်ရှားသည်။ ထိုစာအုပ်ထဲမှ White Mushrooms ကို မြန်မာပြန်ဆိုပါသည်။ တစ်ရက် ကျွန်တော်တို့မိသားစု ထင်းကောက်ဖို့ တောထဲသွားခဲ့ကြသည်။ လူအတော်များများက ခရှီဗိုကလတ်မြို့ အနီးတစ်ဝိုက်က တောနက်ကြီးကိုဖြတ်ရတိုင်း အထိတ် တလန့် ဖြစ်ကြသည်။ တောထဲ၌ အကြင် ခရီးသွားတစ်ဦးသည် အနီးနားရှိတီးရှော့ဗ်ရဲတိုက်ကြီးမှ မြင်းနှင့်အပြင်းနှင်လာသည့် ဒူးလေး ကိုင်စွဲထားသော ဓားပြများနှင့် ပက်ပင်း

မှိုပွင့်ဖြူတွေ Read More »

အနိုင်အရှုံး (သို့မဟုတ်) အီလွန်မာ့စ်နဲ့ Nordic ဖွံ့ဖြိုးမှုပုံစံ

၂၀၂၃ခုနှစ် အောက်တိုဘာလမှာ အီလွန်မာ့စ် (Elon Musk) နဲ့ ဆွီဒင်နိုင်ငံက စက်ပြင်အလုပ်သမား (၁၃၀) ဝန်းကျင်တို့ရဲ့ ထိပ်တိုက်ရင်ဆိုင်တိုးခဲ့မှုဟာ ကမ္ဘာ့အနာဂတ်လမ်းကြောင်း ရှာဖွေကြံဆရာမှာ ထည့်သွင်း စဥ်းစားရမယ့် ဖြစ်ရပ်လို့ ဆိုချင်ပါတယ်။အီလွန်မာ့စ်ဆိုတာ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ပါ။ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ကို စက်ပြင်အလုပ်သမား (၁၃၀) ဝန်းကျင်က ဘယ်လိုရင်ဆိုင် အန်တုမလဲလို့ တွေးကြမှာပါ။ တကယ်ကတော့ စက်ပြင်အလုပ်သမား (၁၃၀) ဝန်းကျင်က ကိုယ်စားပြုတဲ့ ဆွီဒင်ဖွံ့ဖြိုးမှုပုံစံနဲ့ အီလွန်မာ့စ်တို့ ထိပ်တိုက်ရင်ဆိုင် တိုးခဲ့တာပါ။ အရင်ဆုံးထိပ်တိုက်ရင်ဆိုင်တိုးခဲ့တဲ့ ဖြစ်စဥ်ကိုကြည့်ရအောင်ပါ။၂၀၂၃ခုနှစ်၊အောက်တိုဘာလမှာ တက်စလာ(Tesla)က စက်ပြင်ဌာနခုနစ်ခုက စက်ပြင်အလုပ်သမား (၁၃၀) ဝန်းကျင်ဟာ လုပ်ငန်းခွင်ကနေ ဆန္ဒပြ ထွက်ခွာ ခဲ့ကြပါတယ်။ ဆန္ဒပြတဲ့ အကြောင်းရင်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ လုပ်ခလစာ ပြဿနာ မဟုတ်ပါဘူး။ အလုပ်ချိန်လို

အနိုင်အရှုံး (သို့မဟုတ်) အီလွန်မာ့စ်နဲ့ Nordic ဖွံ့ဖြိုးမှုပုံစံ Read More »

မော်စီတုန်း သင်ပေးခဲ့တဲ့ အမေရိကန် နိုင်နည်း

မော်စီတုန်းရဲ့ တရုတ်ခေါင်းဆောင်တွေအတွက် အမေရိကန်ကို ဆန်းသစ်ထွန်းကားလာသောအင်အားကြီး နိုင်ငံတစ်နိုင်ငံက လက်ရှိဩဇာလွမ်းမိုးနေသော အင်အားကြီးနိုင်ငံကို မတိုးသာမဆုတ်သာ အခြေအနေမျိုး ထိ ရောက်အောင် တိုက်ခိုက်ယှဉ်ပြိုင်နိုင်ခဲ့ပြီ ဖြစ်သည်။ ကုန်သွယ်ရေးစစ်ပွဲ (Trade war)၊ နည်းပညာစစ်ပွဲ (Tech war)၊ စစ်အေးတိုက်ပွဲသစ် (New cold war) စတဲ့ အတိုကောက် ဖော်ပြချက် ဝေါဟာရတွေဟာ ကတောက်ကဆ ဖြစ်နေတဲ့တရုတ်နဲ့အမေရိကန် ဆက်ဆံရေးမှာ စိတ်ထင့် ရင်လေးစရာ ဝန်းကျင်အခြေအနေ အရိပ်အယောင်တွေ ပါဝင်နေပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုကြောင့် အခုနှစ်စောစောပိုင်းမှာ နှစ်နိုင်ငံသဘောတူညီခဲ့ကြတဲ့ အသုံးအနှုန်းတွေ ကတော့ အဲဒီလို မဟုတ်ပါဘူး။ အခုအခါ အဲဒီနှစ်နိုင်ငံဟာ “မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် အပြုသဘောဆောင် ဆက်ဆံရေး” (Constructive relationship of strategic stability)

မော်စီတုန်း သင်ပေးခဲ့တဲ့ အမေရိကန် နိုင်နည်း Read More »

‘တီဟီရန်’ က စစ်ပွဲ ကြာရှည်လေ အီရန်အတွက် ပိုကောင်းလေဟု ဆိုသည်

‘ထရမ့်’ က ကြားဖြတ်ရွေးကောက်ပွဲအထိ အီရန်စစ်ပွဲကို မြွေမသေ တုတ်မကျိုး ထိန်းထားမည်ဟုဆိုသည် အီရန်စစ်ပွဲသည် ယခုအခါ အဆုံးအစ မမြင်သာသော ဝဲသြဃတစ်ခုအတွင်း၌ တဝဲလည်လည် ကျရောက်နေသကဲ့သို့ ဖြစ်နေသည်။ ဂျော်ဒန်နိုင်ငံရှိ Muwaffaq Salti လေတပ်အခြေစိုက်စခန်းကို စက်တင်ဘာ (၈)နှင့် (၉) ရက်နေ့များအတွင်း အီရန်တို့က တိုက်ခိုက်ခဲ့ရာ အမေရိကန်စစ်လေယာဉ် အများအပြား ပျက်စီးခဲ့ကြောင်း CBS News က ဖော်ပြခဲ့သည်။ A-10 Thunderbolt တိုက်ခိုက်ရေးလေယာဉ်တစ်စင်းမှာ တိုက်ခိုက်ခံရပြီး တောင်ပံတစ်ဖက် ပျက်စီးသွားခဲ့သည်ဟု သတင်းက ဆိုသည်။ F-15 လေယာဉ် ရှစ်စင်းလည်း ထိခိုက်ပျက်စီးမှုရှိသော်လည်း ပြန်လည်အသုံးပြုနိုင်ခဲ့သည်ဟု သတင်းကဆိုသည်။ အမေရိကန်ရေတပ် စစ်ရေယာဉ်တစ်စင်းကို အီရန်တို့က တိုက်ခိုက်ခဲ့၍ အီရန်ရေနံတင်သင်္ဘော ငါးစင်းကို   လက်တုံ့ပြန်  တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ဘက်က

‘တီဟီရန်’ က စစ်ပွဲ ကြာရှည်လေ အီရန်အတွက် ပိုကောင်းလေဟု ဆိုသည် Read More »

အမေရိကန်တွေ နောက်ဆုတ်သွားတဲ့အခါ

အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဆယ်စုနှစ်များစွာကြာအောင် ဩဇာလွှမ်းမိုးထားခဲ့တယ်။ ခုတော့ ဒါတွေ ပြီးဆုံးသွားပါတော့မယ်။ အမေရိကန်ဟာ အရှေ့အလယ်ပ်ိုင်းမှာ ပိတ်မိနေတယ်။ အီရန်နဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲကနေ လွယ်လွယ်နဲ့ ရုန်းထွက်မရနိုင် ဖြစ်နေတယ်။ နောက်ဆုံး ဒီစစ်ပွဲကြီး ပြီးခဲ့ပြီဆိုရင်တောင် ဒီပဋိက္ခဟာ အင်မတန်ထူးခြားတဲ့ အမှတ်လက္ခဏာတွေ ကျန်ရစ်နေမှာပါ။ အမေရိကန်တွေ ဒီဒေသက နောက်ဆုတ်ထွက်ခွာသွားတာနဲ့ တစ်ပြိုင်နက် အမေရိကန်ရဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှုလည်း ပျောက်ကွယ်သွားတော့မှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က အော်တိုမန်အင်ပါယာကို အင်အားကြီးနိုင်ငံတွေက ခွဲဝေယူခဲ့ကြပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် အရှေ့အလယ်ပိုင်းဒေသဟာ ကမ္ဘာကြီးရဲ့ အဝေးတစ်နေရာကနေ ကြိုးကိုင် ခြယ်လှယ် ခံရတာမျိုး မရှိနိုင်တော့ပါဘူး။ ပထမကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာ့ဘာသာကြီးသုံးခု စတင်ရာ ဒီဒေသဟာ ဒုက္ခတစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရပါတယ်။ ကမ္ဘာစစ်တုန်းက အနိုင်ရသူတွေဘက်ကနေ ကူညီတိုက်ခိုက်ပေးခဲ့တဲ့ အာရပ်တွေဟာ ဗြိတိန်က

အမေရိကန်တွေ နောက်ဆုတ်သွားတဲ့အခါ Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၃)

အမည်သညာ ခေါ်စရာကား “စူပါဉာဏ်ရည်” ဟူသတတ် ဦးမိုး။   ။ ဟာ ကိုတိုး လာဗျာ။ ခင်ဗျား ပျောက်ချက်သားကောင်းနေပါလား။ ဦးတိုး။ ။ ခင်ဗျားက ကျွန်တော့်ကို လာပြောနေ။ ဟိုတစ်ရက်က ကျွန်တော် လာပါတယ်ဗျ။ ခင်ဗျား မလာပါဘူး။ ဦးမိုး။   ။ ဟဲ ဟဲ ဟုတ်တယ်ဗျ။ ဒီရက်ပိုင်း မိုးလေးက တစွတ်စွတ်ဆိုတော့ ခြေအေးလက်အေးပြီး ဖျားမှာစိုးလို့ အိမ်မှာပဲ အပြင်ထွက်တဲ့ တူတွေကို လက်ဖက်ရည် အဝယ်ခိုင်းလိုက်ရတယ်။ အမယ် ခင်ဗျားမျက်နှာက ပြုံးစိစိနဲ့ ဘာကို သဘောကျနေတာလဲ။ ဦးတိုး။ ။ ကိုမိုး… ခင်ဗျား ဒီနေ့ မနက် ကမ္ဘာ့ သတင်းတွေကို သေချာ ကြည့်မိရဲ့လားဗျ။ ဟို နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၃) Read More »