ဟော်မုဇ်ပြဿနာ အိုင်ဗွက်အလယ်မှာ ‘ထရမ့်အစိုးရ’ စတိုင်ပျက်ဖွယ် ကြုံနေရပြီလား
အီရန်စစ်ရပ်ရေး သော့ချက်ဖြစ်လာတဲ့ “ဟော်မုဇ်” ပြဿနာ ၂၀၂၆ သြဂုတ် ၈ ရက် (စနေနေ့) မှာ တီဟီရန်က အီရန်ဆိပ်ကမ်းတွေကို အမေရိကန်ရေတပ်က ပိတ်ဆို့ ထားမှုကို ရုပ်သိမ်းပေးရေးနဲ့ အီရန်ရဲ့နစ်နာမှုအတွက် စစ်လျော်ကြေးပေးရေး အစရှိတဲ့ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်။ တောင်းဆိုမှုတွေ ရရှိမှသာ ‘ဟော်မုဇ်’ ပြန်ဖွင့်ပေးမှာဖြစ်တယ်လို့ဆိုတယ်။ သြဂုတ် ၁၀ ရက် (တနင်္လာနေ့) မှာ သမ္မတဒေါ်နယ်ထရမ့်ကလည်း ရေလက်ကြားပြန်လည်ဖွင့်ရေးအတွက် ရာဇသံကို မြှင့်တင်ခဲ့တယ်။ အီရန်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပဋိပက္ခဖြစ်စဉ်တွေ အတွင်း “လူအမြောက်အမြား သတ်ဖြတ်ခံရမှုအတွက် အပါအဝင် လျော်ကြေးပေးဖို့ လိုအပ်ကြောင်း” ထရမ့် က ပြောကြားခဲ့ပြန်တယ်။ ဒီပုံအတိုင်းဆိုရင် ကမ္ဘာ့အရေးကြီးဆုံး စီးပွားရေးအသက်ရှူပေါက်ဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားပြဿနာကို ထရမ့်အစိုးရ ဒီနှစ်အတွင်း ဖြေရှင်းနိုင်ဖို့ မမြင်ဘူးလို့ သုံးသပ်နေကြတယ်။ […]
ဟော်မုဇ်ပြဿနာ အိုင်ဗွက်အလယ်မှာ ‘ထရမ့်အစိုးရ’ စတိုင်ပျက်ဖွယ် ကြုံနေရပြီလား Read More »









