ဂိမ်းဆော့မလား စာဖတ်သလား
မနှစ်က ဖြစ်သည်။ မြို့နယ်အတွင်းရှိ စာကြည့်တိုက်တစ်ခုတွင် လူငယ်လေးတွေ ဦးဆောင်ပြီး စာဖတ်သူ တိုးတက် လာစေရန် အတွက် အစီအစဉ်တစ်ရပ်ကို သွားရောက်ဝန်းရံပေးဖြစ်သည်။ ကျွန်တော်တင်သာမက စာပေမြတ်နိုးသူ မိတ်ဆွေများလည်း ပါသည်။ စီစဉ်သူများက ဆယ်ကျော်သက်များဖြစ်၍ ကျွန်တော် တို့အားလုံး သူတို့ လွတ်လွတ်လပ်လပ် လုပ်နိုင်ကြစေရန် အိမ်ဖြည့် သဘောဖြင့်သာနေကြသည်။ အစီအစဉ်အစတွင် စာဖတ်ခြင်းနှင့်ပက်သက်ပြီး စကားအနည်းငယ်ပြောသည်မှအပ သူတို့ ဆောင်ရွက်နေ ကြသည်ကိုသာ အကဲခတ်နေကြသည်။ မဆိုးပါ။ လာသည့်ကလေးများကို မိမိဖတ်ဖူးသည့်စာအုပ်များထဲမှ အနှစ်သက်ဆုံး စာအုပ်အကြောင်း ပြောခိုင်းသည်။ ထပြောသူများကို ဇယားကွက်ပါ ကတ်ပြားလေးထဲတွင် အကြိမ်ရေမှတ်သားထား သည်။ ပြည့်သွားလျှင် လက်ဆောင်ပေးသည်။ ကလေးများက အစတွင် ထိုသို့ပြောလေ့မရှိသည့် အတွက် အနည်းငယ် စိုးရွံ့မှုများဖြင့် သိပ်အဆင် မချောသော်လည်း နောက်ပိုင်း အရှိန် […]
ဂိမ်းဆော့မလား စာဖတ်သလား Read More »



