The Corner

The Corner

cropped-Logo_round_grey-background.png

သူရေးတဲ့စာ

ဒီကာလမှာ ယုံရခက်တဲ့ ကျွန်ုပ်ရဲ့ ဘုရားသခင် – နောင်နောင်စိုးသိမ်း

ကျွန်တော်တို့ သတင်းစာ ကောက်ကိုင်လိုက်တိုင်း ဒါမှမဟုတ် သတင်းတွေကို ဖွင့်လိုက်တိုင်း ကြမ်းတမ်းတဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေရဲ့ ဇာတ်လမ်းတွေကို တွေ့ရတယ်။ ကမ္ဘာကြီးထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ဆိုးရွားလှတဲ့အရာတွေကို ပြုလုပ်နေကြတဲ့ လူတွေနဲ့ ပြည့်နေတယ်။ ပဋိပက္ခတွေကနေ ထွက်ပြေးဖို့ ဒုက္ခသည်တွေ သက်စွန့်ကြိုးပမ်းနေချိန်မှာ သူတို့ရဲ့ ဆင်းရဲဒုက္ခကနေ တချို့က အမြတ်ထုတ်နေကြတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဒီလိုပြုမူနေကြတာတင် မကပါဘူး။ မိုးခေါင်ရေရှားတာ၊ အငတ်ဘေးဆိုက်တာ၊ ငလျင် လှုပ်တာ စတဲ့ သဘာဝဘေးအန္တရာယ်တွေရယ် ဒါမှမဟုတ် ကြောက်စရာ ကပ်ရောဂါတွေရယ်ကြောင့် အပြစ်မဲ့သူ တွေဟာ နေ့တိုင်း သေကြေပျက်စီးနေရပါတယ်။ ခင်ဗျားက မေးလိမ့်မယ်။ ဘာကြောင့်များ မဟာဂရုဏာတော်နဲ့ ပြည့်စုံတဲ့ ဘုရားသခင်က ဒါတွေကို ဖြစ်ခွင့်ပေးရသလဲ။ ဆိုးယုတ်တဲ့အရာတွေကို ဘုရားသခင်က တားဆီးချင်တယ်။ […]

ဒီကာလမှာ ယုံရခက်တဲ့ ကျွန်ုပ်ရဲ့ ဘုရားသခင် – နောင်နောင်စိုးသိမ်း Read More »

တက်မလား၊ ထွက်မလား – သိုက်စိုးထွန်း (နတ်ရွာ)

Up or Out တဲ့။ လိုရင်းကိုပြောရရင်တော့ “တက်မလား၊ ထွက်မလား”ပေါ့။ McKinsey, BCG, Bain စတဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးတချို့မှာ ဒီမူကိုကျင့်သုံးကြပါသတဲ့။ သဘောကတော့ ရာထူးတစ်ခုအတွက် အလုပ် ဝင်တဲ့အခါ သူ့ရဲ့စွမ်းဆောင်ရည်တွေကို ပုံမှန်စောင့်ကြည့်အကဲဖြတ်နေမယ်။ နှစ်နှစ်သုံးနှစ်၊ လေးငါးနှစ် စသည် အားဖြင့် သတ်မှတ်ထားတဲ့ကာလ တစ်ခုအတွင်းမှာ နောက်တစ်ဆင့်ကိုတက်နိုင်အောင်ကြိုးစား။ ဒီလိုမှမဟုတ်ဘဲ သတ်မှတ် ကာလပြည့်တဲ့အထိတောင် လက်ရှိရာထူးကနေဆက်မတက်နိုင်သေးဘဲ ဖြစ်နေဦးမယ်ဆိုရင်တော့ တွဲထားတဲ့ လက်ကလေးကို လွှတ်လိုက်ပါရစေဆိုတဲ့သဘော။             ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘယ်လိုမူကြီးလဲလို့ထင်စရာပါ။ သေချာပြန်စဉ်းစားကြည့်မှ တက်မလား၊ ထွက်မလားဆိုတဲ့ Up or Out Policy ရဲ့ကောင်းကွက်တွေကိုသဘောပေါက်လာတယ်။ ရာထူး နောက်တစ်ဆင့် တက်ဖို့ဆိုတာက သူလိုကိုယ်လိုဘာသိဘာသာနေနေလို့တော့ ဖြစ်မှာမဟုတ်ဘူးပေါ့။ ကိုယ့် အဆင့်နဲ့ လျော်ညီတဲ့ တွေးခေါ်မြော်မြင်မှု၊ ကိုယ့်အဆင့်နဲ့လျော်ညီတဲ့ကြိုးစားအားထုတ်မှုတွေအပြင်

တက်မလား၊ ထွက်မလား – သိုက်စိုးထွန်း (နတ်ရွာ) Read More »

နန်းဆန်လိုက်တဲ့အားကစား – ဏေသွေးအိမ်

ကမ္ဘာပေါ်မှာ အားကစားနည်းပေါင်းများစွာရှိတဲ့အထဲက အားကစားနည်း တချို့ကို လေ့လာ ကြည့်ကြပါစို့။ လူကြိုက် အများဆုံးဖြစ်တဲ့ ဘောလုံးအားကစားနည်းမှာဆိုရင် တစ်ဖက် ဆယ့် တစ်ယောက်စီ စုဖွဲ့ပြီး နှစ်သင်း ယှဉ်ပြိုင် ကစားရတာ အားလုံးအသိ။ ကိုယ့်အသင်း ဂိုးပေါက်ထဲ ဘောလုံးမဝင်နိုင်အောင် တစ်ဖက်အသင်း ဂိုးပေါက်ထဲဘောလုံးဝင်အောင် မိနစ်ကိုးဆယ်ယှဉ်ပြိုင်။ ဂိုးသွင်းနိုင်ခြင်းနဲ့ ဂိုးဝင်ခံ ရခြင်းဟာ အရှုံးနဲ့အနိုင်ပဲ။ ဒီအတွက် ကစားကွက် ဗျူဟာ၊ ငွေကြေး ဗျူဟာတွေကို အများကြီးစိုက် ထုတ်ထားကြရတယ် လို့ပဲ အကျဉ်းဆို ကြပါစို့။ ဒါကြောင့်လည်း နေရာဒေသ အသီးသီးက လူသန်းပေါင်းများစွာဟာ သူတို့ကစားပွဲတွေကို တကူးတကနဲ့ စောင့်ကြည့် နေကြတယ်။ သို့သော်လည်း ဘောလုံးယဉ်ကျေးမှုဟာ ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ဘူး။ မျက်လုံး ပေါင်းများစွာရဲ့ ရှေ့မှောက်မှာ အသင်းနိုင်ပွဲရဖို့ အတွက် စည်းကမ်း

နန်းဆန်လိုက်တဲ့အားကစား – ဏေသွေးအိမ် Read More »

စက်ရုပ်နဲ့ပြိုင် ဘယ်သူနိုင် – နောင်နောင်စိုးသိမ်း

စက်ရုပ်တစ်ရုပ်က ကျွန်တော့်လက်ရှိအလုပ်ကို ဝင်လုသွားပါပြီ။ ကျွန်တော်လုပ်နိုင်တာ ဘာရှိသေးလဲ။ ဒါကတော့ “သတင်းကောင်း၊ သတင်းဆိုး” ဟာသနဲ့ တူပါတယ်။ “သတင်းကောင်းရှိတယ်” ခင်ဗျားရဲ့ ဘော့စ်က ပြောတယ်။ “အမြတ်တွေ တိုးလာပြီ” “အဲဒီတော့ သတင်းဆိုးက ဘာလဲ” “ဒါက HAL 2.0 လို့ ခေါ်တယ်။ မင်းနေရာမှာ အစားထိုးဖို့”။ (HAL ဆိုတာ သိပ္ပံဝတ္ထုစာရေးဆရာ အာသာစီကလပ် နဲ့ ဒါရိုက်တာ စတန်လေကူးဘရစ်တို့ရဲ့ ၂၀၀၁ အာကာသခရီးရှည် ရုပ်ရှင်ထဲက ဉာဏ်ရည်တု ကွန်ပျူတာကြီးရဲ့ နာမည်ပါ။ ဘာသာပြန်သူ။) ဒီအဖြစ်မျိုးကို အတွေးခေါင်လွန်းတယ်လို့ ခင်‌ဗျားက စဉ်းစားကောင်း စဉ်းစားမယ်။ မဟုတ်ပါဘူး။ ဉာဏ်ရည်တုနဲ့ စက်ရုပ်နည်းပညာ တိုးတက်လာတာနဲ့အမျှ အလိုအလျောက် လုပ်လို့ရတဲ့ အလုပ်တွေ ပိုပိုပြီး များလာမယ်။ အဲဒီကနေ

စက်ရုပ်နဲ့ပြိုင် ဘယ်သူနိုင် – နောင်နောင်စိုးသိမ်း Read More »

ရှုံးနိမ့်ခြင်း – ထိုက်

ရှုံးနိမ့်မှုကို ကြောက်ပါသလား။            ရှုံးနိမ့်မှုကို ကြောက်ရွံ့ခြင်းရဲ့ လွှမ်းမိုးမှုကို ခံနေရသလား။ ဒါမှမဟုတ် အောင်မြင်မှုရဖို့ တွန်းအားတစ်ခုရဲ့ လွှမ်းမိုးမှုကို ခံနေရသလား။            ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ဖူးလား။ ရှုံးနိမ့်မှုကနေ ဘယ်လို သင်ခန်းစာ ရရှိခဲ့သလဲ။ ရှုံးနိမ့်မှုက ရတဲ့ သင်ခန်းစာနဲ့ အောင်မြင်မှုက ရတဲ့ သင်ခန်းစာ ဘာကွာခြားမှုရှိသလဲ။            လူ့ဘ၀မှာ အောင်မြင်ချင်ကြလား၊ ရှုံးနိမ့်ချင်ကြလားလို့ စစ်တမ်းကောက်ကြည့်ရင် ရှုံးနိမ့် ချင်ပါတယ်လို့ ဖြေမယ့်သူ မရှိသလောက် နည်းမှာပါ။ တကယ်တော့ ရှုံးနိမ့်မှုဆိုတာ ပုဂ္ဂိုလ်ရေး (မိမိ ကိုယ်တိုင်) နဲ့ ပရော်ဖက်ရှင်နယ်

ရှုံးနိမ့်ခြင်း – ထိုက် Read More »

ပျော်ပါတယ် ရေနီမြောင်း – KIDD

၇.၇ ရစ်ချတာစကေး ငလျင် သို့မဟုတ် မိုင် ၃၀၀၀ ကျော်ရှည်သည့် နဂါးကြီးမှာ မန္တလေး ရေနီမြောင်းကို လက်မှိုင်ချရသည်။ ၁၉၀၂ ခုနှစ်မှ စတင်စီးဆင်းနေသည့် ရေနီမြောင်းမှာ အစီးမပျက်၊ မြောင်းဘေး နံရံ အုတ်လေး တချပ်ပင် ပဲ့သွားခြင်းမရှိသလို နောက်ကျိ ညစ်ပတ်နံစော်နေသည့် ရေကွာလတီလည်း ပြောင်းလဲသွားခြင်း မရှိပါ။ ဆည်တော်ကြီးမှ ရေများကို လယ်ကွင်းများအတွင်းသို့ ပေးပို့ရန် အင်္ဂလိပ် အစိုးရလက်ထက် တွင် ဖောက်လုပ်ခဲ့သည့် ရေနီမြောင်းသည် သာယာလှပ သန့်ရှင်းစွာ ၁၉၈၈ ခုနှစ် မတိုင်မီအထိ စီးဆင်းခဲ့သည်ဟု ဆိုပါသည်။ ဆူးနှင့် ဩဘာရေးဖွဲ့ပြီး လွှမ်းမိုးသီဆိုသော “သတိတရ နန်းတော်ရှေ့” သီချင်းမှာ “ရေနီမြောင်း အချစ်အကြောင်းတို့ဖွဲ့ရာမြေ” ဟု ရန်ကုန်တက္ကသိုလ် ပုဂံလမ်းနှင့် နှိုင်းယှဉ်ပြသွားသည်။ ဂျူး

ပျော်ပါတယ် ရေနီမြောင်း – KIDD Read More »

ငါပဲ ဘာကြောင့် ဒီလို အမြဲဖြစ်ရသလဲ – နောင်နောင်စိုးသိမ်း

ဒါကတော့ ကောင်းတဲ့အရာတွေဟာ တခြားလူတွေ အပေါ်မှာပဲ ကွက်ကျားမိုး ရွာနေပါလားဆိုပြီး အဆိုးမြင်ဝါဒီတွေက ရင်နင့်စွာနဲ့ လျှောက်လဲကြတဲ့ လှုံ့ဆော်သံ ဖြစ်တယ်။ ကံကောင်းတာက စိတ်ပညာရှင် ပေါလ်ဗတ်ဇလာဗစ်ခ် ပြောတဲ့ အတိုင်း အခြေအနေဟာ မျှော်လင့်ချက်မရှိပေမဲ့ စိုးရိမ်စရာ မရှိပါ။ တကယ်တော့ ခင်ဗျားကို ကမ္ဘာကြီးက မဆန့်ကျင် ပါဘူး။ ခင်ဗျားကပဲ အဲဒီလို မြင်နေ ခံစားနေတာပါ။ ဒါပေမဲ့ အမြင်ပြောင်းရုံနဲ့ ခံစားချက်ပြောင်းသွားဖို့ကျတော့လည်း ဘယ်လွယ်ပါ့မလဲ။ အဆိုးမြင်ဝါဒ ဆိုတာ ဘာလဲ အဆိုးမြင်ဝါဒ ဆိုတာ ကမ္ဘာကြီးထဲက မျှော်လင့်ချက်‌တွေ၊ လှပဝေဆာမှုတွေ၊ ဘဝတွေကို ဆုတ်ယုတ်ကုန်ခမ်းစေတဲ့ ရှုမြင်ချက် ဒါမှမဟုတ် ရပ်တည်ချက်ပဲ ဖြစ်တယ်။ စိတ်ပညာဝေါဟာရ အနေနဲ့ ပြောရရင် အဆိုးမြင်ဝါဒဆိုတာ စိတ်ပျက်စရာ ယုံကြည်မှုတွေကနေ သန္ဓေတည်လာတဲ့ အပျက်သဘောဆောင်တဲ့

ငါပဲ ဘာကြောင့် ဒီလို အမြဲဖြစ်ရသလဲ – နောင်နောင်စိုးသိမ်း Read More »

ဓာတ်ပုံ – ထိုက်

ဓာတ်ပုံကို လူတိုင်းနီးပါး မွေးကင်းစ ကလေးအရွယ်ကစလို့ အသက်အရွယ်ကြီးရင့်သူများအထိ မရိုက်ဖူးသူ ရှိမယ်မထင်ပါဘူး။ ဟိုအရင် ရုပ်ရှင်တွေထဲမှာ မြင်ဖူးခဲ့တဲ့ ဓာတ်ပုံရိုက်ရင် မီးလုံးတွေ ပွင့်ထွက်သွားတဲ့ ကင်မရာတွေခေတ်၊ အဝတ်အမည်းကြီးနောက်ကို ခေါင်းဝင်ပြီး ရိုက်ရတဲ့ ကင်မရာတွေခေတ်ကို ကိုယ့်အနေနဲ့ မကြုံခဲ့ဖူး ပေမယ့် ဖလင် ထည့်ပြီး ရိုက်ရတဲ့ ကင်မရာခေတ်ကိုတော့ ပီပီပြင်ပြင် ဖြတ်သန်းခဲ့ဖူး၊ အဲလို ကင်မရာမျိုး ကိုယ်တိုင် ကိုင်ပြီး ရိုက်ခဲ့ ဖူးတယ်။ ဖလင်ထည့်တာ အချိုးမပြေလို့ ဓာတ်ပုံကူးတဲ့အချိန်ကျမှ ရိုက်ထားသမျှ ပုံတွေ ပျက်ကုန်တာမျိုးလည်း ကြုံခဲ့တာ အခါခါ။ ရိုက်ထားတာတွေ ပြန်ကြည့်လို့မရတာမို့ ဓာတ်ပုံကူးပြီးမှ အချိုးမပြေတဲ့ ပုံတွေထွက်လာလည်း အောင့်သက်သက်နဲ့ သိမ်းထားခဲ့ရတာ အကြိမ်ကြိမ်။ နောက်ပိုင်း ခုရိုက် ခုပြန်ကြည့်လို့ရတဲ့ ဒစ်ဂျစ်တယ် ကင်မရာလေး တွေ

ဓာတ်ပုံ – ထိုက် Read More »

အဟောင်းပြတိုက် – ဏေသွေးအိမ်

ကျွန်တော်တို့ ငယ်ငယ်တုန်းကကြားဖူးတဲ့သီချင်းလေးတစ်ပုဒ်ရှိတယ်။ “မမလေးကိုနော်ဗျာ မောင်မောင်က ခိုးမယ်လို့လူဆိုးတွေနဲ့မောင်တိုင်ပင်” တဲ့။ ဒီသီချင်းမူရင်းဘယ်သူဆိုတယ်ဆိုတာမသိရပေမယ်လို့ အတော် များများသီဆိုခဲ့ ကြတာတော့သေချာတယ်။ တစ်နည်းအားဖြင့် ခေတ်အဆက်ဆက် ခေတ်စားခဲ့တဲ့ သီချင်း ဆိုလည်းမမှားလောက်ဖူး။ သီချင်းက သံစဉ်လေးကလည်းသွက် စာသားလေး ကလည်း ချစ်တတ်တဲ့ သူတွေကို ဆွဲဆောင်နိုင်တာဆိုတော့ လူတိုင်းပါးစပ်ဖျားမှာလိုလို သီချင်း တစ်ပုဒ်လုံး မဟုတ်ရင်တောင် စောစောက စာသားလေးကိုအလွတ်ရကြတာ မဟုတ်လား။  နောက်ဆို မြန်မာစကားဆိုတာ စာရွက်ဟောင်းတွေ ထဲမှာ ပျောက်ဆုံးနေတဲ့ ပြတိုက်တစ်ခုလောက်ပဲ အသုံးဝင်တော့မလားဆိုတာ  “မမလေးကိုနော်ရှင်၊ မောင်မောင်ကခိုးမယ်လို့၊ လူဆိုးတွေနှင့်မောင်တိုင်ပင် ၊ အရှေ့ဆို ညောင်ပင်ရင်းမှာ၊ မြင်းကို စီးပြင်၊ လထွက်လေးကိုတဲ့မြင်းပေါ်တင်၊ လဝင်ယင် မန်းတောင် ရောက်အောင် မြင်းငေါက်ပါ့ကွယ်။” ဆိုတဲ့ သီချင်းကို ဖတ်မိတော့မှ အော်,  ဒီလိုပါလားလို့ သိရတယ်။ သီချင်းမှာ

အဟောင်းပြတိုက် – ဏေသွေးအိမ် Read More »

ဘာကြောင့် တို့တွေ ဝိတ်မကျသလဲ

ဒီခေါင်းစဉ်ကို ရုတ်တရက် ကြည့်ရင် စိတ်ပိုင်းဖြတ်နိုင်မှု စွမ်းအားနဲ့ ပတ်သက်တဲ့ ပုဂ္ဂလိကဆိုင်ရာ ပြဿနာလို့ ထင်ရတယ်။ ဒါပေမယ့် နယ်ပယ် အသီးအသီးက ကျွမ်းကျင်သူတွေကတော့ နောက်တစ်မျိုး မြင်ကြတယ်။ ကိုယ်အလေးချိန်ကျစေတဲ့ ထုတ်ကုန်တွေရဲ့ ကမ္ဘာ့ဈေးကွက်တန်ဖိုးဟာ ပေါင် ဘီလျံ ရာနဲ့ချီပြီး ရှိနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြကြတယ်။ လူတွေ ဝိတ်ချနေတာ ရပ်လိုက်ရင် အဲဒီကုမ္ပဏီကြီးတွေ စီးပွားရေး အကျိုးအမြတ် ရှိတော့မှာ မဟုတ်ဘူး။ ဝိတ်ချသင့် တယ်လို့ ထင်မိတာရယ် တကယ်လို့သာ ဝိတ်မကျတာကို ကျရှုံးမှုတစ်ခုလို့ ခံစား ရတာရယ်ဟာ သူတို့ ကြော်ငြာတွေရဲ့ သက်ရောက်မှု တစ်စိတ်တစ်ပိုင်း ဖြစ်နေမလား။  လူအများစုဟာ ကိုယ့်ကိုယ်ကို အဝလွန်နေတယ်လို့ မြင်တဲ့အတွက် စိတ်ဆင်းရဲရတယ်။ အဲဒါထက် ဝိတ်ချတာ မအောင်မြင်လို့ဆိုပြီး နှစ်ဆတိုးကာ စိတ်ညစ်ကြရပြန်တယ်။

ဘာကြောင့် တို့တွေ ဝိတ်မကျသလဲ Read More »