အကောင်းဆုံးမိတ်ဆွေ
စာဖတ်တာဟာ ကောင်းပါတယ်။ စာဖတ်တဲ့အတွက် ယဉ်ကျေးသိမ်မွေ့လာနိုင်တယ်။ အသိဉာဏ် ရင့်ကျက် လာနိုင်တယ်။ ဗဟုသုတရှိပြီး လူလိမ်မခံရနိုင်ဘူး။ ဒါပေမဲ့ စာဖတ်တိုင်း လူလိမ္မာ၊ လူယဉ်ကျေး ဖြစ်မယ်လို့တော့ ကောက်ချက်မချနိုင်ပါဘူး။ လူ့ဘဝရဲ့အကောင်းဆုံးအဖော်ဟာ ဘာလဲလို့မေးလာရင် အကောင်းဆုံးအဖော်ဟာ “စာအုပ်”ပေါ့လို့ ကျွန်တော်ဖြေမယ်လို့ ရေးခဲ့ဖူးပါတယ်။ စာအုပ်ဟာ အကောင်းဆုံးအဖော်၊ အကောင်းဆုံးမိတ်ဆွေ ဖြစ် ပါတယ်။ စာဖတ်နေသူဟာ စိတ်ကို တည်ငြိမ်စေပြီး အာရုံကို မပျံ့လွင့်စေတော့ပါဘူး။ စာအုပ်ထဲမှာက အားလုံးပါတယ်။ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာတရား စတဲ့ လူ့လောကနဲ့ဆိုင်တဲ့ အကြောင်းအရာအားလုံး စာအုပ်ထဲမှာရှိတယ်။ စာအုပ်ထဲက အကြောင်းအရာတွေကို စာသိနဲ့မှတ်ပြီး လောကထဲမှာ ဘဝသိဖြစ်အောင် တိုးဝင်ကြရတာပဲ။ စာသိမရှိဘဲ လောကထဲ ဆင်းတဲ့အခါ မျက်မမြင်ပုဏ္ဏားတွေ ဆင်စမ်းသလို ဖြစ်ကြလိမ့်မယ်။ စာရေးခြင်းနဲ့ […]
အကောင်းဆုံးမိတ်ဆွေ Read More »









