The Corner

The Corner

cropped-Logo_round_grey-background.png

သူရေးတဲ့စာ

အင်္ဂါဂြိုဟ်ကို ရွှေ့ပြောင်းနေသင့်သလား

ကမ္ဘာမြေကြီးက တဖြည်းဖြည်းနဲ့ အတော်ကလေး ကြပ်ညပ်လာပါပြီ။ တစ်နေ့မှာ အင်္ဂါဂြိုဟ်ကို ပြောင်း‌ရွှေ့ အခြေချချင်သူ တွေအတွက် ကြော်ငြာတစ်ခုကို ခင်ဗျားတွေ့တယ်။ ခရီးစရိတ်ကလည်း အခမဲ့ပါတဲ့။ ကမ္ဘာသားဘဝကို စွန့်လွှတ် နိုင်မယ့် သူတွေအတွက် မြေယာအဆောက်အအုံ ပိုင်ဆိုင်မှု နဲ့ အလုပ်အကိုင်ကောင်းကောင်းလည်း ရမယ်။ ဂြိုဟ်ပေါ်မှာ အခုဆိုရင် ကိုလိုနီတစ်ခု ထူထောင်ပြီးသွားပြီ။ အခုအချိန် အဲဒီမှာ အင်မတန်လိုအပ်နေတဲ့ ကျွမ်းကျင်မှုက ခင်ဗျားဆီမှာ ရှိတယ်။ “ဘာလို့ မသွားရမှာလဲ” ခင်ဗျား ကောက်ချက်ချလိုက်တယ်။ အဲဒီနောက် အိပ်မက်ကင်းမဲ့တဲ့ စံလွန်အိပ်စက်ခြင်းတစ်ခု ကြာပြီးတဲ့အခါ အင်္ဂါဂြိုဟ်ကို ခင်ဗျား ‌ရောက်သွားပါတော့တယ်။ အင်္ဂါဂြိုဟ်က ခင်ဗျား မျှော်လင့်ထားတာထက် စိမ်းစိုနေပြီး ခင်ဗျားရဲ့ မြေယာအသစ်ကလည်း အင်မတန်လှပါတယ်။ ဒါပေမဲ့ အရာအားလုံးက မြင်နေရတဲ့အတိုင်း မဟုတ်ဘူး။ ကမ္ဘာမှာကျန်ခဲ့တဲ့ […]

အင်္ဂါဂြိုဟ်ကို ရွှေ့ပြောင်းနေသင့်သလား Read More »

ခံစားခွင့်

လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုသဘောတရားကိုလေ့လာတဲ့အခါ ခံစားခွင့်တွေအကြောင်းက ချန်ထားခဲ့လို့မရတဲ့ အဓိက အကြောင်းအရာတစ်ခုပေါ့။ လုပ်ခလစာဆိုတာ လူတစ်ယောက်အပေါ်မှာ စီးပွားရေး အရရော၊ လူမှုရေးအရရော၊ စိတ်ပိုင်း ဆိုင်ရာ အရပါ သက်ရောက်မှုရှိတတ်ပါတယ်။ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဝန်ထမ်းတွေဆီကနေ အဖွဲ့အစည်းရဲ့ရည်မှန်းချက်တွေအောင်မြင် လာအောင် တစ်ဦးချင်းစီရဲ့ ပင်ကိုအရည်အချင်းတွေ၊ ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေ၊ လုပ်ငန်း စွမ်းဆောင်ရည်တွေကို ထိထိရောက်ရောက်အသုံးချပြီး ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေနဲ့အညီ ကြိုးပမ်း အကောင်အထည်ဖော်ဖို့ စတဲ့စတဲ့ မျှော်လင့်ချက်တွေရှိပါတယ်။ အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်ဝန်ထမ်းတွေဘက်က အများကြီးကြိုးစားပေးဖို့မျှော်လင့်ပိုင်ခွင့်ရှိသလိုပဲ ဝန်ထမ်းတွေအနေနဲ့လည်း အဖွဲ့အစည်း ဘက်က သင့်တင့်မျှတတဲ့လုပ်ခလစာပေးဖို့၊ ခံစားခွင့်တွေပေးဖို့ မျှော်လင့်ပိုင်ခွင့်ရှိပါတယ်။ တချို့ကကျတော့လည်း လစာတွေ အများကြီးပေးထားပေမယ့် အလုပ်ကျတော့ သိပ်မလုပ်ချင်ဘူးဆိုတဲ့ အမြင်မျိုးလည်းရှိတတ်ပြန်တယ်။ အခြားတစ်ဖက်မှာ ကျတော့လည်း လစာကသာတိုးမလာ၊ အလုပ် ဝန်တွေကပိပိလာတယ်လို့ မြင်လာတတ်တဲ့သဘောရှိတယ်။ လူတိုင်း ကျေနပ်တဲ့

ခံစားခွင့် Read More »

ကမ္ဘာကြီးရဲ့ ဆန့်ကျင်ဘက် အစွန်း နှစ်နေရာ

မကြာသေးမီ လပိုင်းတွေ အတွင်းမှာ ကျွန်တော်မှတ်တမ်းတင်ကာ သိမ်းထားတဲ့ သတင်းအချက်အလက် စာအုပ်ကလေးကို ကျွန်တော် လှန်လှောကြည့်နေမိတယ်။ ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်းဘီလျံနာကြီးတွေနဲ့ ပိုင်ဆိုင်တဲ့ ဓနဥစ္စာ တန်ဖိုးစာရင်းကို ပထမဆုံးတွေ့ရတယ်။ အီလွန်မက်စ်က ဒေါ်လာ ၃၄၂ ဘီလီယံ၊ ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မတ်ဇူကာဘတ်က ဒေါ်လာ ၂၁၆ ဘီလီယံ၊ အမေဇုံ (Amazon) ပိုင်ရှင် ဂျက်ဖ်ဘီဇော့က ဒေါ်လာ ၂၁၅ ဘီလီယံ၊ Tech Giant ကို ပူးတွဲတည်ထောင်သူ လာရီ အယ်လီဆန်ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးက ဒေါ်လာ ၁၉၂ ဘီလီယံ၊ LVMH ဇိမ်ခံ ကုန်ပစ္စည်းတွေ ထုတ်လုပ် ရောင်းချတဲ့ လုပ်ငန်းကြီးကို ပိုင်ဆိုင်တဲ့ ဘားနတ် အာနိုးနဲ့ မိသားစုရဲ့ ပိုင်ဆိုင်မှုတန်ဖိုးက ဒေါ်လာ

ကမ္ဘာကြီးရဲ့ ဆန့်ကျင်ဘက် အစွန်း နှစ်နေရာ Read More »

ဒူးနေရာဒူး တော်နေရာတော်

The right man in the right place ဆိုသော စကားကို ငယ်ငယ်ကတည်းက ကျွန်တော်တို့ ကြားခဲ့ ပြောခဲ့ ဖူးပါသည်။ လူမှန် နေရာမှန်ဟု အဓိပ္ပာယ်ထွက်သော ထိုစကားမှာ အင်္ဂလိပ်စကားဖြစ်မည် ထင်ပါသည်။ မည်သို့ပင် ဖြစ်စေ အောင်မြင်သော ဘောလုံးအသင်း တစ်သင်းအတွက် ထိုစကားမှာ သွေးထွက်အောင် မှန်ကန်လှ ပါသည်။ ဘောလုံးအသင်းမှ ကစားသူများကို သူတို့ ကျွမ်းကျင်ပိုင်နိုင်သော နေရာများတွင် ချထားပေးပြီး ကစားခိုင်းရပါသည်။ ရှေ့တန်း ကစားသမား၊ အလယ်တန်း ကစားသမား နှင့် နောက်တန်း ကစားသမား၊ ထို့နောက် ဂိုးသမားတို့ ဖြစ်ကြသည်။ ရှေ့တန်းကို ကျွမ်းကျင် ပိုင်နိုင်စွာ ကစားနိုင်သော ဘောလုံးသမား ကို ရှေ့တန်းတွင်သာ ကစားခိုင်းမှ လူမှန်

ဒူးနေရာဒူး တော်နေရာတော် Read More »

သိန်းဖေမြင့်၊ အက်ဂါစနိုး၊ ဂျော့အော်ဝဲလ်

(၁) ဆရာသိန်းဖေမြင့်က “စစ်အတွင်းခရီးသည်” (၁၉၅၃၊ ရှုမဝစာအုပ်တိုက်) ထဲ၌ အိန္ဒိယတွင် သူ အင်္ဂလိပ် ဘာသာနှင့် ရေးသား ထုတ်ဝေခဲ့သော What happened in Burma စာအုပ်အကြောင်း ဤသို့ ရေးသည်။ ပန်ဂျပ်ဟိုတယ်တွင် အကျယ်ချုပ်နှင့် နေရသော ထိုအချိန်တွင်ပင် ကျွန်တော်တို့သည် “What happened in Burma” (ဗမာပြည်မှာ ဘာဖြစ်ခဲ့သလဲ) ဆိုသော စာအုပ်ငယ်ကို ရေးလေ၏။ ယခင်က အင်္ဂလိပ်လို ဆောင်းပါးကိုပင် မရေးဖူးချေ။ သို့ရာတွင် အရေးကြုံတော့ အင်္ဂလိပ်လို မရေးဘဲ မဖြစ်တော့ ရဲရဲဝံ့ဝံ့ပင် ရေးချလိုက်သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံနှင့်အစပျိုးသည်။ အင်္ဂလိပ်တွေ ဖိနှိပ်ပုံ၊ အင်္ဂလိပ်ကို ဒေါသူပုန် ထပုံ၊ ဂျပန် သူလျှိုများ ဝင်၍ ငါးစာပစ်ပုံ၊

သိန်းဖေမြင့်၊ အက်ဂါစနိုး၊ ဂျော့အော်ဝဲလ် Read More »

နောင် ဒိုင်း အသံလေးရပ်နေတော့

ကျွန်တော် အမှတ်တမဲ့ နေခဲ့တဲ့အကြောင်းအရာလေး မကြာခင်ကပြန်ဖတ်မိတော့စဉ်းစားစရာတစ်ခုဖြစ်ခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာမှာအချိန်သတ်မှတ်ပုံက နာရီ ၆၀ ရှိတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ မြန်မာ ရေနာရီပါ။ တစ်နေ့ကို နာရီ ၆၀ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့နာရီက ၂၄ နာရီရှိ တယ်ဆိုတာ လူတိုင်း လက်ခံ ထားပြီးသား ဖြစ်သလို မြန်မာတွေ လူငယ်ဘ၀ စာစသင်ပြီဆိုကတည်းက ဒီ ၂၄ နာရီရှိ တဲ့နာရီကို ကြည့်တတ်ဖို့ သင်ကြားခဲ့ရတာပဲဖြစ်ပါတယ်။ တကယ်ဆို ကျွန်တော်တို့တစ်တွေက မြန်မာတွေ မဟုတ်ဘူးလား။ ဘာဖြစ်လို့ သူများနာရီကို ယူငင် သုံးစွဲခဲ့ရတာလဲ။ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော် မသိပါဘူး။ ကျွန်တော့်အထင် လွယ်ကူ အဆင်ပြေတဲ့အရာ မို့လို့ သုံးစွဲခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ယနေ့ထိ လူတိုင်းရဲ့

နောင် ဒိုင်း အသံလေးရပ်နေတော့ Read More »

ကျွန်တော့်ဘဝရဲ့ မွေးနေ့မှတ်တိုင်အသစ်

ကျွန်တော်ဟာ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်း နိုင်ငံတော်အာဏာသိမ်းပြီး (၁၇၇) ရက်အကြာ ဩဂုတ်လ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့မှာတော့ ကျွန်တော့်ဘဝရဲ့ မွေးနေ့မှတ်တိုင်အသစ်တစ်ခု ရောက်လာပြန်ပါပြီ။ ဒီနေ့မှာပဲ ဘာသာရေးကိုင်းရှိုင်းတဲ့ လူငယ်လေး တစ်ဦးဆီကနေ ရိုးရှင်းပေမယ့် အဓိပ္ပာယ်နက်ရှိုင်းတဲ့ မွေးနေ့ဆုတောင်း စာတိုလေးတစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။ စာက တိုတိုလေးပဲ၊ ပင်လယ်ထဲက ရေခဲတောင်ထိပ်ဖျားလေးလိုပဲ။ ဒါပေမဲ့ အဓိပ္ပာယ်က  ရေခဲတောင်ထိပ်ဖျား အောက်ဘက်မှာ မမြင်နိုင်တဲ့ ထုထည်က ကြီးလှပါတယ်။ “Do not count the candles but see the light they give. Do not

ကျွန်တော့်ဘဝရဲ့ မွေးနေ့မှတ်တိုင်အသစ် Read More »

မျက်လှည့်ပြခြင်း

ပြကွက်ကို ဘူတာရုံမှာပင် ပြသည်။ ပွဲကြည့်ပရိသတ်ကလည်း ဘူတာရုံသို့ တစ်အုပ်တစ်မကြီး သွားရောက်ကြည့်ရှုကြပါသည်။ ဘူတာရုံ လမ်းပေါ်တွင် ခရီးသည်တင် မီးရထားကြီးတစ်စင်း ရပ်နေ၏။ရထားမှာ အရုပ်မဟုတ်၊ ပုံကားချပ်လည်း မဟုတ်ဘဲ တကယ့် ရထား အစစ်ကြီး ဖြစ်သည်။ ရထားအစစ် ဟုတ်မဟုတ်ကို ပရိသတ်ထဲကတချို့ကို စစ်ဆေးကြည့်ရှုခွင့်ပေးသည်။ ခရီးသည်တင် ရထားကြီးဖြစ်ကြောင်း ပရိသတ်က အတည်ပြုပေးပြီးနောက် ရထားတစ်စင်းလုံးပေါ် တာလပတ်ကြီးဖြင့် အုပ်မိုးလိုက်ပါသည်။ ထို့နောက် ကြိမ်တုတ်ကလေး တဝင့်ဝင့်နှင့် ဒေးဗစ်ကော့ပါးဖီးလ်က ထိုရထားကြီးကို ပျောက်ကွယ်သွားအောင် သူလုပ်ပြပါမည်ဟု ပရိသတ်ကိုပြောကာ တုတ်ကို အပေါ်ဘက် ဝင့်ပြလိုက်သည်နှင့် တာလပတ်အုပ်ထားသော ရထားကြီးအပေါ်သို့ တဖြည်းဖြည်း မြောက်တက်ကာ နောက်ဆုံးကောင်းကင်ပေါ် တွင် ပျောက်ကွယ်သွားပါတော့သည်။ ထို့နောက် ဒေးဗစ်ကော့ပါးဖီးလ်က ကြိမ်တုတ်လေးကို အောက်ဘက်သို့ ဆွဲချပြလိုက်သောအခါ တာလပတ်ကြီးမှာ အောက်သို့

မျက်လှည့်ပြခြင်း Read More »

အပယ်ရတနာ

ရတနာဆိုတဲ့အထဲမှာ သဘာဝထဲမှာရှိနေတဲ့ သက်မဲ့ကျောက်မျက်ရတနာတွေရှိသလို ဆင်ရတနာ၊ မြင်းရတနာ စသည်အားဖြင့် သက်ရှိ ရတနာတွေလည်းရှိကြတယ်။ သား၊ သမီးရတနာဆိုတဲ့အခေါ်အဝေါ် မျိုးလည်းရှိတယ်ပေါ့။ ရှားပါးလို့၊ အဖိုးထိုက်အဖိုးတန်ဖြစ်လို့၊ နှစ်သက်မြတ်နိုးစရာဖြစ်နေလို့ ရတနာဆိုတဲ့ဂုဏ်ပုဒ်ကို ရခဲ့ကြတာလို့ဆိုတယ်။ ရှားပါးတာနဲ့ အဖိုးတန်တာက တိုက်ရိုက်မဟုတ်ပေမယ့် အတော်လေးတော့ ဆက်စပ်မှု ရှိနေပုံရပါတယ်။ ရတနာ မှန်သမျှ ရှားပါး နေကြတာ ကတော့ သေချာတယ်။ စိန်ကောင်း၊ ကျောက်ကောင်း တစ်ပွင့်ရဖို့၊ ရွှေကြော တစ်ခုတွေ့ဖို့ ကျောက်တူးသမားတွေ၊ ကုမ္ပဏီတွေ ဘယ်လောက် အထိ ခက်ခက်ခဲခဲ ရှာကြရသလဲ ဆိုတဲ့အချက်ကို ကြည့်ရင် ရှားပါးမှုရဲ့ သရုပ်သကန်ကို မြင်နိုင်တွေ့နိုင်မှာပါ။ ရတနာတွေ နောက်ကိုလိုက်ရင်း အခက်အခဲ အမျိုးမျိုးကြုံရ၊ အသက်တွေ၊ ဘဝတွေ စွန့်လွှတ်ကြရတဲ့အဖြစ်တွေလည်း များခဲ့ကြလှပြီပေါ့။ “လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုး၊

အပယ်ရတနာ Read More »

ဟိုမီယို ပက်သီ ဓာတ်ကြမ်းတိုက်ကုထုံးတာကို ယုံမိရင် အပြစ်လား

(မူရင်း ဆောင်းပါးမှာ ဖော်ပြထားတဲ့ အတိုင်း ဆေး သိပ္ပံအရ အငြင်းပွားဖွယ် ကုထုံး တစ်မျိုးဖြစ်တဲ့ Homeopathy (ဟိုမီယို ပက်သီ) လို့ပဲ ဒီဆောင်းပါးမှာ ဝေါဟာရတစ်ခုအဖြစ် တိုက်ရိုက်သုံးသွားပါမယ်။ Homeopathy (ဟိုမီယို ပက်သီ) ဟာ ၁၇ ရာစုလောက် ကတည်းက ပေါ်ခဲ့တဲ့ ကုထုံးတစ်ခုပါ။ Homeopathy (ဟိုမီယို ပက်သီ) ရဲ့ သဘောကတော့ အကြမ်းဖျင်း ပြောရရင် ကြက်သွန်နီ အစိမ်းက လူကောင်း တွေကို မျက်ရည်ကျစေ နှာမွှန်စေပါတယ်။ ဒါကို ကြည့်ပြီး Homeopathy (ဟိုမီယို ပက်သီ) ကုထုံးဆရာတွေက မျက်လုံးပူ နှာမွှန်ပြီး အဖျားရှိတဲ့ လူနာတွေကို ပမာဏ အလွန်နည်းတဲ့ ကြက်သွန်နီ အစိမ်း ထည့်ဖျော်ထားတဲ့ ဆေးကို ပေးပြီး

ဟိုမီယို ပက်သီ ဓာတ်ကြမ်းတိုက်ကုထုံးတာကို ယုံမိရင် အပြစ်လား Read More »