The Corner

The Corner

cropped-Logo_round_grey-background.png

သူရေးတဲ့စာ

တရုတ်သိပ္ပံဝတ္ထုစာရေးဆရာလျူစီရှင်း နှင့် စာပေအင်တာဗျူး

၂၀၁၈ ခုနှစ်က စာတမ်းဖတ်ပွဲတစ်ခုတွင် သိပ္ပံဝတ္ထု စာရေးဆရာ လျူစီရှင်း (Liu CiXin) ကို စာပေပညာရှင် ပါမောက္ခ ဂျွန်ပလော့ က စကားပြန် ပူဝမ်နှင့်အတူ မေးမြန်း ပြောဆိုသည်များကို ဆီလျော်အောင် ဘာသာပြန် ထားခြင်း ဖြစ်သည်။ လျူစီရှင်းမှာ Hugo Award အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည့် ကမ္ဘာကျော် “ကြယ်သုံးစင်းပုစ္ဆာ (The Three-body Problem)” သုံးအုပ်တွဲဝတ္ထုများအပြင် အခြား သိပ္ပံဝတ္ထုတို၊ ဝတ္ထုရှည် များစွာကို ရေးသားခဲ့သူလည်း ဖြစ်သည်။ သိပ္ပံဝတ္ထုများအတွက် ပေးသော Hugo Award ကို အာရှသားများထဲမှ ပထမဆုံးရရှိသူလည်း ဖြစ်၏။ သူ၏ ဝတ္ထုလတ်တစ်ပုဒ်ဖြစ်သော “ခရီးသွားကမ္ဘာမြေ (The Wondering Earth)” ကို ရုပ်ရှင်ကားကြီးအဖြစ် […]

တရုတ်သိပ္ပံဝတ္ထုစာရေးဆရာလျူစီရှင်း နှင့် စာပေအင်တာဗျူး Read More »

အလွမ်းစုတ်ချက်ပေါ်မှ ဆေးစက်များ

“ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသည့်အတိုင်း မျက်မှောက်ခေတ် ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်တို့၏ ကြိုးပမ်း ဆောင်ရွက် ချက်အစုစုတို့ကို မှတ်တမ်းတင်ပြုစုရန် ကျွန်တော်တို့တွင်တာဝန်ရှိ့သည် မှတ်တမ်းပြုသင့်သည် ပြုထိုက်သည်ဟုလည်း ယူဆ မိသည်။ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်သည်ကိုမလုပ်မိလျင် နောင်ရာစုနစ်တခေတ် နောင်လာနောင်သားများ အတွက် ပိုမို၍ပင် အလှမ်းကွာဝေးနေပေလိမ့်မည်။ ယနေ့ ကျွန်တော်တို့ကြုံတွေ့နေရသည့် အခက်အခဲမျိုးထက် အဆ ပေါင်းများစွာ ကြီးထွား လာလိမ့်မည်။ ထို့ကြောင့် ကျွန်တော်တို့ လက်ထက် လက်လှမ်းမီသမျှ ပန်းချီ ပန်းပု ဗိသုကာ ပညာရှင်တို့၏ အတ္ထုပ္ပတ္တိကို ပြည့်စုံသည်ဟု မဆိုသာသော်လည်း စာပေအဆောက်အအုံအဖြစ် ကျန်ရစ်စေရန် ရေးသားပြုစုခဲ့ပါသည်“ အထက်ပါ စကားစုကို ရေးသားခဲ့သူမှာ စာရေးသူ ညိုဝင်းရှင် (ခေါ်) ပန်းချီဆရာကြီး ဦးဉာဏ်ရှိန်ပင်ဖြစ်သည်။ ဆရာ၏ အနုပညာလောက အပေါ်ထားသည့်

အလွမ်းစုတ်ချက်ပေါ်မှ ဆေးစက်များ Read More »

အဲလ်ဖရက်နိုဘယ်ရဲ့ဒုတိယအမှား

တလောက နိုဘယ်ဆုရ ရူပဗေဒ ပညာရှင် ရစ်ချက်ဖိုင်းမင် (Richard Feynman) ၏ “Surely You’re Joking, Mr. Feynman!” (ဧပြီ၊ ၁၉၈၉။ Bantam trade edition) ဖတ်ရသည်။ မြန်မာပြည်မှာ ဆရာကိုတာကြောင့် လူသိများလာတဲ့ ရူပဗေဒပညာရှင်။ ယင်းစာအုပ်ထဲမှ Alfred Nobel’s Other Mistake ဆိုသည့်အခန်းကို ကောက်နုတ်ပြန်ဆိုပါသည်။ (၁) ကျွန်တော့်သူငယ်ချင်း မက်ဆင်းစ်က “အဲလ်ဖရက်နိုဘယ်၏ ဒုတိယအမှား” ဟု အမည်ပေးထားသည့် စာအုပ်တစ်အုပ်ရေးဖို့ တစ်ချိန်က ကြံစည်ခဲ့ဖူးသည်။ နိုဘယ်ဆု ကြေညာသည့် ရာသီရောက်လာတိုင်း ဘယ်သူများရလေမလဲဟု နှစ်အတော်ကြာကြာ ကျွန်တော် စောင့်ကြည့် ခဲ့ဖူးသည်။ အဲသည်နောက်ပိုင်း နိုဘယ်ရာသီ ရောက်ပြီ၊ မရောက်ပြီ ကျွန်တော်အာရုံမထားမိတော့ပြီ။ ထို့ကြောင့် တစ်မနက်ခင်း စောစောစီးစီး

အဲလ်ဖရက်နိုဘယ်ရဲ့ဒုတိယအမှား Read More »

အရောင်ကမ္ဘာထဲမှ အရောင်များသို့

တစ်နေ့ တစ်နေ့ စာဖတ်ဖြစ်ဖို့အတွက် စာအုပ်ရှာရသည်က ရွှေရှာရသည်ထက်ဆိုးသည်။ “သူငယ်ချင်းများက မင်းမှာ ဒီလောက် စာအုပ်အများကြီးရှိနေတာကို ကုန်အောင်ပဲဖတ်စမ်းပါဦး” ဟု ဆိုကြသည်။ သူတို့မသိသည်က ဖတ်ချင် သည့်စိတ်နှင့် ဖတ်မည့် စာအုပ်တို့မင်္ဂလာပွဲမကျင်းပနိုင်ဘဲ ဖတ်၍မဖြစ်ဆိုသည်ကိုပင်။ စာအုပ်ကများသော်လည်း ကိုယ်သူကို့ချစ်သည့်စိတ်မဖြစ်လာပဲ ဘယ်လိုမှဖတ်၍မဖြစ်ပေ။ ထိုအပြင်လက်ရှိတောင့်တနေသည့်ဆန္ဒအတွက် ရေတစ်ခွက်လိုဖြစ်ဖို့လည်းလိုပေသည်။ ကိုယ့်တွင်ရှိသည်က စာအုပ်အဟောင်းများကများသည်။ အာသံ နိုင်မော်ကွန်းတို့၊ နတ်သျှင်နောင်ရတုတို့၊ ဦးပုညမေတ္တာစာတို့ကို အကြောင်းကိစ္စအထူးအထွေမရှိပဲနှင့် သွားပြန်ဖတ်ဖို့ရာအ တွက်အတော်လေးပင်ခက်ခဲသည်။ ဤနေရာတွင် ဆရာမောင်သာနိုး ကို အားကျမိသည်။ ဆရာက “ကျွန်တော်က နတ်သျှင်နောင် ရတုတွေကို မကြာမကြာပြန်ဖတ်တယ်”ဟု ဆိုခဲ့ဖူးသည်ကိုပင်။ ယနေ့ခေတ် ယနေ့ အခြေအနေနှင့် မကိုက်ညီသည့် အပြင် နတ်သျှင်နောင်တို့ခေတ်ကို အချိန်ယန္တရား နောက်ပြန်ဆွဲ၍ ခံစားရမည်ကို ကျွန်တော့်အတွက် အတော်လေး ခက်ခဲသည့်ကိစ္စတရပ်ဟုပင်ဆိုရပေမည်။ စာတစ်ပုဒ်အတွက်

အရောင်ကမ္ဘာထဲမှ အရောင်များသို့ Read More »

တစ်ကိုယ်ကောင်းဆန်သင့် မဆန်သင့်

တစ်ကိုယ်ကောင်းဆန်ခြင်းဟာ စာရိတ္တပိုင်းအရ စဉ်းစားစရာဖြစ်‌ကြောင်း ငယ်စဉ်ကတည်းက ကျွန်တော်တို့ သင်ခဲ့ ရပါတယ်။ ဒါပေမဲ့ လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ကျိုးအတွက် ကြိုးစားတာက လူ့အဖွဲ့အစည်း တစ်ခုလုံး အတွက် အကျိုးရှိကြောင်း ဒီနေ့ခေတ် ဘောဂဗေဒ သဘောတရားက ဆိုပါတယ်။ ကိုယ့်အတွက် ကိုယ်စဉ်းစားပြီး ချဉ်းကပ် တာက လူမှုကောင်းကျိုးချမ်းသာ အသားတင်တိုးလာဖို့ကို တကယ်ပဲ ပဉ္စလက်ဆန်ဆန် ဖြစ်စေသလား။ ဒါမှမဟုတ် ကိုယ်ကျိုးကြည့်ဖို့ရယ်၊ အကျိုးအမြတ်အများဆုံးရဖို့ရယ်အတွက် ပြောပေးသလိုဖြစ်နေတဲ့ စီးပွားရေး ပညာကို ကျွန်တော်တို့ သတိထားသင့်သလား။ ဒီမေးခွန်းဟာ ဘောဂဗေဒပညာရပ်ဆိုင်ရာ ငြင်းခုံပွဲတွေရဲ့ ဗဟိုချက် ဖြစ်လာခဲ့တယ်။ ဒါကြောင့် ဘောဂဗေဒဖခင်ကြီး အဒမ်စမစ် (၁၇၂၃-၉၀)1 နဲ့ စတာက အသင့်လျော်ဆုံးပါပဲ။ သူ့ရဲ့ နိုင်ငံများ၏ ဓနဥစ္စာ (၁၇၇၆) ဆိုတဲ့ နာမည်ကျော်

တစ်ကိုယ်ကောင်းဆန်သင့် မဆန်သင့် Read More »

စိတ်ကူးသစ်များစွာဖြင့် နေထိုင်ခဲ့သောပန်းချီဆရာ

လွန်ခဲ့သော ၁၉၈၀ ဝန်းကျင်က ပန်းချီစာအုပ်ဆို၍ လက်ချိုးရေရလောက်အောင် နည်းပါးလှသည်။ ထိုအထဲကမှ တရှိုက်မက်မက်ဖတ်ဖြစ်ခဲ့သည့်စာအုပ်က ဂျီလှမောင်ရေးသော ကမ္ဘာပန်းချီသိ မြန်မာပန်းချီသိစာအုပ်ဖြစ်သည်။ ထိုစာအုပ်ကို ဖတ်ပြီး ယနေ့အချိန်အထိ စိတ်ထဲစွဲကျန်နေရစ်သည့် ပန်းချီဆရာတစ်ယောက်ရှိခဲ့သည်။ ပန်းချီဆရာကြီး ဦးစံလွင်ဖြစ်သည်။ ဆရာကြီးဦးစံလွင်က ဘုန်းကြီးပျံမှသည် ဧည့်ခန်းဆောင် မရောက်မီကြားကာလ၌ ပန်းချီဆရာများ၏ ခက်ခဲကြမ်းတမ်းသည့် ဘဝများကို စကားလုံးနည်းနည်းဖြင့် ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ပြောခဲ့သည့် အတွက်ကြောင့်ပင်ဖြစ်သည်။ “ကြက်ငှက် အစာကောက်သလို ကျောက်ခဲတွေလည်းမျိုရ၊ စပါးတွေလည်း စားရ၊ ထမင်းတွေလည်းဟပ်ရသလို တွေ့ရာအလုပ် ရရာဈေးနဲ့ ဘဝလမ်းကြောင်းကိုထိန်းကွပ်ရတဲ့အလုပ်ဆိုရင် (ပန်းချီဆရာတွေပဲကွ)။ အိမ်ဆေး သုတ်သင့်လည်း သုတ်လိုက် ရတာပဲ၊ ဆိုင်းဘုတ်ရေးချင်တဲ့သူနဲ့တွေ့လည်းရေးပေးလိုက်ရတာပဲ၊ အဲဒီလိုအဓိဋ္ဌာန်နဲ့ စိတ်ကိုလူလုံးဘယ်ဘဝရောက်ရောက် ပန်း ချီဆရာဆိုတဲ့ နာမည်ကြီး ထမင်းငတ်ဘဝကို ဇောက်ချ လုပ်ကိုင်ရင်း ကြီးလေငတ်လေပေါ့ကွာ၊ ဦးထွန်းလှကိုကြည့်

စိတ်ကူးသစ်များစွာဖြင့် နေထိုင်ခဲ့သောပန်းချီဆရာ Read More »

ကျူ ဝါးရုံလား . . .  ကျူဝါးရုံလား

ဤအကြောင်းအရာ၏အစသည် ကဗျာဆရာမ ဝသုန္ဓေကဟုဆိုရပေမည်။ သူမနှင့် လူမှုကွန်ရက်အပေါ်တွင် စာတွေ ကဗျာတွေ‌ရေးကြရင်း ရင်းနှီးကြပေမင့် နောက်ပိုင်းကျွန်တော်တို့ မြို့နယ်အတွင်းသို့ပြောင်း‌ရွှေ့လာသဖြင့် ပိုနီးစပ်လာသည်။ သို့သော်လည်း သူနေသည့်နေရာ နှင့် မိုင် ၃၀ လောက်ဝေးနေ၍ မဆုံဖြစ်ကြ။ ဆုံဖြစ်ရန် ချိန်းဆိုကြပါသော်လည်း အခက်အခဲပေါင်း များစွာကိုမကျော်နိုင်သည့်အပြင် သူမကလည်း ခြေထောက်ဗွေပါနေ၍ မဆုံသောလမ်းဖြစ်နေသည်။ ထိုအနေတွင် မဆုံမဖြစ်ဆုံကြရန်ကိစ္စပေါ်လာသည်က သူမပင်စင်ထုတ်ရန် အတွက် အကူအညီ တောင်းလာခြင်း ပဲဖြစ်သည်။ သို့သော်လည်း သူမကဒီပြောင်းလာပြီးမှ ရန်ကုန်ကိုယ်ပိုင် ကျောင်းတစ်ခုတွင် ဆရာမဝင်လုပ်နေပြန်သဖြင့် ပင်စင်ထုတ်ချိန်ဆုံကြပါသော်လည်း စကားကောင်းကောင်း ပြောမဖြစ်ကြပေ။ ရောက်သည်နှင့် ဘဏ်ပြေး။ ပင်စင်ထုတ်။ လက်ဖက်ရည်ဆိုင်တွင် နေ့လည်စာစား။ စားရင်း ဖြင့် ကြုံရဆုံရ တွေ့ရမြင်ရသည်တို့ကို စကားရည် လုကြရသည်။ သို့နှင့် စာအကြောင်းပေအကြောင်းသို့ ဂိတ် မထိုးဖြစ်ပေ။

ကျူ ဝါးရုံလား . . .  ကျူဝါးရုံလား Read More »

ခရိုအေးရှား၌ ကော်ဖီသောက်ခြင်း

ကိုကိုလာမယ်ဆိုလို့ ကော်ဖီရည်တွေကျိုလို့ ပေါ်လာသေး မျှော်ကာတွေး ငေးရသူပါ။ (တေးဆို – ပုလဲ / ပိုးဒါလီသိန်းတန်။ တေးရေး – ?) (၁) နောက်တစ်နေ့မနက် ကျွန်တော်တို့ ကော်ဖီသောက်ထွက်ကြသည်။ ကျွန်တော့်အမျိုးသမီးက အပြင်မှာ ကော်ဖီ ထွက်သောက်ဖို့ ပြောလာတဲ့အခါ ကျွန်တော်အကြိုက်တွေ့သွားသည်။ SPLIT မြို့ထဲကို ဘတ်စ်ကားစီးပြီးဝင်လာတုန်းက မြင်သမျှတွေ့သမျှနှင့်ပင် ကျွန်တော်တို့အခြေချနေထိုင်ရမည့်မြို့ကို ကျွန်တော်သဘောအကျကြီးကျနေပြီဖြစ်သည်။ အခုလိုကော်ဖီသောက်ထွက်တဲ့အခါ စတားဘတ်တစ်ခွက်ကိုင်ပြီး မြို့ထဲလျှောက်ကြည့်မည်။ စတားဘတ် ကော်ဖီအရှိန်နှင့် လှိမ့်ကြမည်။ ကျွန်တော်တွေးထားတာတွေထဲ အလွဲတွေ၊ အမှားတွေ အများကြီး၊ အများကြီး ပါနေတာကို အခု ကျွန်တော်သိသွားပြီ။ (SPLIT က ခရိုအေးရှားမှာ မြို့တော် ဇာဂရက်ပြီးလျှင် ဒုတိယ အကြီးဆုံးမြို့။) (၂) ပထမဦးဆုံးအလွဲက ဒီစာရေးနေတဲ့အချိန်အထိ ခရိုအေးရှားမှာ စတားဘတ်ဆိုင်တစ်ဆိုင်မှမရှိသေးကြောင်းပါ

ခရိုအေးရှား၌ ကော်ဖီသောက်ခြင်း Read More »

ဩစကာဝိုင်း၏ “ဘုရင်ကိုချစ်မိလို့”

“ဩစကာဝိုင်းနှင့် ဦးချန်ထွန်း” အမည်နှင့်ဆောင်းပါးတစ်စောင်ကို ၁၉၈၂ ခု စက်တင်ဘာစန္ဒာရုပ်စုံမဂ္ဂဇင်းမှာ ဆရာတိုက်စိုးရေးဖူးသည်။ ဆရာ၏ “စာရေးစားပွဲပေါ်က ပုံရိပ်များ” ဆောင်းပါးပေါင်းချုပ်ထဲ ယင်းဆောင်းပါးကို ထည့်သွင်းပုံနှိပ်ထား သည်။ (၂၀၀၅ ဩဂုတ်၊ စာအုပ်စျေး) ဩစကာဝိုင်းကွယ်လွန်ပြီးနှစ်ပေါင်း ၂၀ ကျော်သည့်တိုင် တစ်ကြိမ်တစ်ခါမျှပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးသည့်ပြဇာတ်တစ်ပုဒ်အကြောင်းရေးထားတဲ့ဆောင်းပါးဖြစ်သည်။ ဒီပြဇာတ်က ဗမာပြဇာတ်ဟုအမည်တပ်ထားသော်လည်း တကယ်ကရခိုင်နောက်ခံပြဇာတ်၊ ဇာတ်လမ်းကိုပြောပြသူက ရခိုင်အမျိုးသားဦးချန်ထွန်း။ ဩစကာဝိုင်းကွယ်လွန်ပြီး ကာလအတန်ကြာမှ ဒီပြဇာတ်စာမူကိုပုံနှိပ်ခွင့်ပြုခဲ့သူကလည်း ဦးချန်ထွန်း၏ဇနီးသည် အိုင်းရစ်လူမျိုးဝတ္ထုရေးဆရာမ။ ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာ ဩစကာဝိုင်းလို ပုဂ္ဂိုလ်ကျော်က အာရှအရှေ့ဖျား မြန်မာနိုင်ငံက ရခိုင်ဘုရင် တစ်ပါးရဲ့ အချစ်ဇာတ်လမ်းကို ပြဇာတ်အဖြစ် ရေးဖွဲ့တယ် ဆိုတာစိတ်ဝင်စားဖို့မကောင်းပေဘူးလားဗျာ။ ဩစကာဝိုင်း (၁၈၅၄-၁၉၀၀) နှင့် ဦးချန်ထွန်း / ဦးချန်ထွန်းဇနီးတို့ ဘယ်လိုဆက်စပ်ပတ်သက်ခဲ့ပါလိမ့်။ ဒီပြဇာတ်ကို သူသက်ရှိထင်ရှားရှိစဉ်က ပုံနှိပ်ထုတ်ဝေခြင်းမရှိဘဲ ဘာ့ကြောင့်သူသေမှပုံနှိပ်ခဲ့ပါလိမ့်။ ဆရာတိုက်စိုးဆောင်းပါး၌

ဩစကာဝိုင်း၏ “ဘုရင်ကိုချစ်မိလို့” Read More »

ထိုင်ကူမှသည် စာပေသစ်ဆီသို့

တစ်နေ့က ကျွန်တော့်ကဗျာလေး တစ်ပုဒ်တွင် သူငယ်ချင်း တစ်ယောက်က မှတ်ချက် လာပေးသည်။ “ကဗျာဆရာ သတ်ပုံကျနေတယ်” ဟူ၍ ဖြစ်သည်။ မှန်ပါသည်။ ကျွန်တော့် ကဗျာတွင် “နှုတ်ဆက်” ဆိုသော စကားရပ်ကို “နှုတ်ဆတ်” ဟု ရေးထားခြင်း ဖြစ်သည်။ ကျွန်တော် စဉ်းစားသည်။ ”ဘာကြောင့် နှုတ်ဆတ်ဟု ရေးသည်ကို ရှင်းပြရကောင်းမည်လား သို့မဟုတ် ဒီအတိုင်းပဲ ထားလိုက်ရမလား“ဆိုတာကိုပဲ ဖြစ်သည်။ သို့သော်လည်း နှုတ်ဆက်ဆိုသည့် စကားလုံးအစား “ဆတ်” ဆိုသည့် နာကျင်သည့်စကားလုံးဖြင့် တွဲသုံး ဖြစ်ပုံကို ရှင်းပြမိသည်။ တစ်ဆက်တည်းမှာ ဆရာဒဂုန်တာရာကို သတိရမိသည်။ အဘယ်ကြောင့် ဆိုသော် ဆရာ ဒဂုန်တာရာသည် ဤသို့ စကားလုံးများကို ပေါရာဏထဲမှ သော်လည်းကောင်း ထိုပေါရာဏများကို မိမိ စိတ်ကူးအရ တီထွင်

ထိုင်ကူမှသည် စာပေသစ်ဆီသို့ Read More »