The Corner

The Corner

cropped-Logo_round_grey-background.png

သူရေးတဲ့စာ

ပြတင်းပေါက်

အခုအချိန်အထိ အိမ်ရာ အတည်တကျ မရှိသေးတဲ့ သံသရာခရီးသည် ကိုယ့်အတွက်တော့ ကိုယ်လက်ရှိ နေတဲ့ နေရာကို ကိုယ့်အိမ်လို့ သတ်မှတ်နေရချိန်မှာ နေရာအသစ်တစ်ခုမှာ အိမ်အသစ် တစ်ခုကို ရှာရပြီဆိုရင် ကိုယ်ပထမဆုံး တောင်းဆိုတာက ပြတင်းပေါက် များများပါတဲ့၊ အလင်းရောင် များများရတဲ့ အိမ်ဖြစ်ဖို့ပါပဲ။   ပြတင်းပေါက်လို့ ပြောလိုက်တာနဲ့ ဘာကို ပြောတယ်ဆိုတာ လူတိုင်းနီးပါး သိကြမှာပါ။ မျက်စိထဲမှာလဲ ပြတင်းပေါက် ပုံလေးတွေကို တန်းမြင်ကြမှာပါပဲ။ တံခါးပေါက်ကတော့ အဓိပ္ပာယ် နောက်တစ်မျိုးပေါ့။ အခု ပြောချင်တာက ပြတင်းပေါက် အကြောင်းပါ။  ပြတင်းပေါက်ဆိုတဲ့ စကားလုံး ရိုးရိုးကိုမှ ထပ်ပြီး ချဲ့လိုက်ရင် သစ်သားပြတင်းပေါက်၊ မှန်ပြတင်းပေါက်၊ ထရံကာ ပြတင်းပေါက်၊ အုတ်တံတိုင်းကြားက သံတိုင်တွေနဲ့ ပြတင်းပေါက်၊ ခြင်လုံဇကာတပ်ထားတဲ့ ပြတင်းပေါက်၊ မှန်အနောက်တွေ ကာထားတဲ့ […]

ပြတင်းပေါက် Read More »

Single Story ကို ယုံနေတုန်းပဲလား

ဇာတ်လမ်းတွေက အများကြီး အရေးပါပါတယ်။ တခါတလေမှာ ကျိုးပဲ့သွားတဲ့ ဂုဏ်သိက္ခာတွေကို ပြန်ဆယ်ဖို့အတွက်ဖြစ်နိုင်သလို၊ တခါတလေမှာလည်း သူများကိုရှင်းထုတ်ဖို့၊ အပုပ်ချဖို့အတွက် ဇာတ်လမ်းတွေက အရေးပါတဲ့ နေရာကနေ အသုံးတော်ခံကြပါတယ်။   အဲဒီဇာတ်လမ်းတွေထဲမှာမှ Single Story လို့ပြောကြတဲ့ တစ်ပုဒ်ထည်းသော ဇာတ်လမ်း လို့ပဲခေါ်ခေါ်၊ တစ်ပုဒ်တည်း သော ပုံပြင်လို့ပဲပြောပြော ပြောကြတဲ့ Single Story ကတော့ လူမှု ပတ်ဝန်းကျင်အတွက် များစွာအန္တရာယ်ရှိပါတယ်။ ဒါက လူတစ်ယောက်၊ နေရာတစ်ခု ဒါမှမဟုတ် အကြောင်းအရာ တစ်ခု အကြောင်းကို တဖက်သတ်အမြင်၊ ရှုထောင့်တခုတည်းက ကြည့်တဲ့အမြင်ကို ရည်ညွှန်းပါတယ်။   ကျွန်တော်ကိုယ်တိုင်က ၁၉၈၈ ဝန်းကျင်တဝိုက်မှာ မွေးခဲ့တာကြောင့် ဒီ Single Story ရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ကြီးပြင်းခဲ့ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ငယ်ငယ်ကဆိုရင် အခုခေတ်လိုမျိုး

Single Story ကို ယုံနေတုန်းပဲလား Read More »

ပြတင်းပေါက် 

(ထိုက်) အခုအချိန်အထိ အိမ်ယာ အတည်တကျ မရှိသေးတဲ့ သံသရာခရီးသည် ကိုယ့်အတွက်တော့ ကိုယ်လက်ရှိနေတဲ့ နေရာကို ကိုယ့်အိမ်လို့ သတ်မှတ်နေရချိန်မှာ နေရာအသစ်တစ်ခုမှာ အိမ်အသစ် တစ်ခုကို ရှာရပြီဆိုရင် ကိုယ်ပထမဆုံး တောင်းဆိုတာက ပြတင်းပေါက် များများပါတဲ့၊ အလင်းရောင် များများရတဲ့ အိမ်ဖြစ်ဖို့ပါပဲ။  ပြတင်းပေါက်လို့ ပြောလိုက်တာနဲ့ ဘာကို ပြောတယ်ဆိုတာ လူတိုင်းနီးပါး သိကြမှာပါ။ မျက်စိထဲမှာလဲ ပြတင်းပေါက် ပုံလေးတွေကို တန်းမြင်ကြမှာပါပဲ။ တံခါးပေါက်ကတော့ အဓိပ္ပါယ် နောက်တစ်မျိုးပေါ့။ အခု ပြောချင်တာက ပြတင်းပေါက် အကြောင်းပါ။  ပြတင်းပေါက်ဆိုတဲ့ စကားလုံး ရိုးရိုးကိုမှ ထပ်ပြီး ချဲ့လိုက်ရင် သစ်သားပြတင်းပေါက်၊ မှန်ပြတင်းပေါက်၊ ထရံကာ ပြတင်းပေါက်၊ အုတ်တံတိုင်းကြားက သံတိုင်တွေနဲ့ ပြတင်းပေါက်၊ ခြင်လုံဇကာတပ်ထားတဲ့ ပြတင်းပေါက်၊ မှန်အနောက်တွေ ကာထားတဲ့ ပြတင်းပေါက်

ပြတင်းပေါက်  Read More »