The Corner

The Corner

cropped-Logo_round_grey-background.png

ဒေါက်တာအောင်ကြီး

သိန်းဖေမြင့်၊ အက်ဂါစနိုး၊ ဂျော့အော်ဝဲလ်

(၁) ဆရာသိန်းဖေမြင့်က “စစ်အတွင်းခရီးသည်” (၁၉၅၃၊ ရှုမဝစာအုပ်တိုက်) ထဲ၌ အိန္ဒိယတွင် သူ အင်္ဂလိပ် ဘာသာနှင့် ရေးသား ထုတ်ဝေခဲ့သော What happened in Burma စာအုပ်အကြောင်း ဤသို့ ရေးသည်။ ပန်ဂျပ်ဟိုတယ်တွင် အကျယ်ချုပ်နှင့် နေရသော ထိုအချိန်တွင်ပင် ကျွန်တော်တို့သည် “What happened in Burma” (ဗမာပြည်မှာ ဘာဖြစ်ခဲ့သလဲ) ဆိုသော စာအုပ်ငယ်ကို ရေးလေ၏။ ယခင်က အင်္ဂလိပ်လို ဆောင်းပါးကိုပင် မရေးဖူးချေ။ သို့ရာတွင် အရေးကြုံတော့ အင်္ဂလိပ်လို မရေးဘဲ မဖြစ်တော့ ရဲရဲဝံ့ဝံ့ပင် ရေးချလိုက်သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံနှင့်အစပျိုးသည်။ အင်္ဂလိပ်တွေ ဖိနှိပ်ပုံ၊ အင်္ဂလိပ်ကို ဒေါသူပုန် ထပုံ၊ ဂျပန် သူလျှိုများ ဝင်၍ ငါးစာပစ်ပုံ၊ […]

သိန်းဖေမြင့်၊ အက်ဂါစနိုး၊ ဂျော့အော်ဝဲလ် Read More »

အဖေ့ခြေမီတဲ့သား

အဂ္ဂါကီးရက် (၁၉၆၇-  )။ နာမည်ကျော်အစ္စရေးစာရေးဆရာ။ ဝတ္ထုတို၊ ရုပ်ပြဝတ္ထု၊ဇာတ်ညွှန်းရေးသူ။ “ထိုခုနစ်နှစ်”စာအုပ်က သူ့သားငယ်မွေးဖွားသည့်နှစ်နှင့် သူ့ဖခင်ကွယ်လွန်သည့်နှစ် ကြားကာလ သူ့ဘဝအတွေ့အကြုံမှတ်တမ်း။ ဒီညက အစ္စရေးကနေ လော့စ်အိန်ဂျယ်လိစ်ကို လေယာဉ်နဲ့ သွားရမယ့်ည။ ကျွန်တော့်စာအုပ် မိတ်ဆက်ပွဲခရီးစဉ် တာစ ထွက်ရမယ့် နေရာ။ ဒါပေမယ့် ဒီခရီး ကျွန်တော်မသွားချင်ဘူး။ အဖေသေတာက တစ်လရှိသေးတယ်။ ဒီခရီးသွားလိုက်ရင် အဖေ့သင်္ချိုင်းဂူ မှတ်တိုင် ဖွင့်ပွဲ ကျွန်တော်လွတ်သွားမှာ။ ဒါပေမဲ့ အမေက ကျွန်တော့်ကို သွားဖို့ တိုက်တွန်းတယ်။ “မင့်အဖေက မင့်ကို သွားစေချင်မှာ“တဲ့။ သူ့အကြောင်းပြချက်က ကျွန်တော်ငြင်းလို့ မရလောက်ဘူး။ အဖေကိုယ်နှိုက်က ကျွန်တော့်ကို ဒီခရီးသွားစေချင်ခဲ့မှာပဲ။ သူနေမကောင်းစ ဖြစ်တာနဲ့ ကျွန်တော့်ခရီးစဉ်တွေ အကုန် ဖျက်ပစ်လိုက်တယ်။ ဒီလို ခက်ခက်ခဲခဲကာလမှာ သူ့နဲ့ ကျွန်တော် အတူတူရှိနေဖို့

အဖေ့ခြေမီတဲ့သား Read More »

ကမ္ဘာပေါ်မှာအရေးအကြီးဆုံးသောအရာ 

Find something outside yourself that is yourself. Then devote yourself to it with all your heart. – Bob Walker သင့်ခန္ဓာပြင်ပက သင့်ကိုယ်ထဲမှာ တစ်စုံတစ်ခုတွေ့အောင်ရှာ။ ပြီးလျှင်ထိုအရာကို သင့်နှလုံးသားနှင့်သိမ်းကျုံးပူဇော်ပါ။ – ဘော့ပ်ဝေါ်လ်ကာ တဆောင်းလုံးမိုးစွေခဲ့သမို့ ကျွန်မတို့ခြံနောက်ဘေးကွက်လပ်မှာ ပေါင်းပင်တွေဟီးထနေသည်။ နွေဦးပေါက်လာ သည်နှင့် သူတို့တစ်တွေထိုးထိုးထောင်ထောင် အပြိုင်းအရိုင်းဖြစ်လာသည်။ ကျွန်မ တစ်ခုခုလုပ်ရတော့မည်။ မဟုတ်လျှင် ဒီပေါင်းပင်တွေက ကျွန်မတို့ ဥယျာဉ်တစ်ခုလုံး စုံးစုံးမြုပ် ပစ်ရော့မည်။ လက်အိတ်တစ်စုံ စွပ်ပြီး ပေါင်းပင်တွေ ကျွန်မ စ ရှင်းသည်။ တစ်နာရီခန့်ကြာသွားချိန်မှာ ဒီအလုပ်ကြီးနှင့် နေကုန်နေခန်း တိုင်တော့မည် ဆိုတာ ကျွန်မသိလိုက်ပြီ။ တစ်နေကုန်ပြန်တော့ ဒီအလုပ်က သုံးရက်လေးရက်ပိုပိုသာသာ သို့တည်း မဟုတ် တစ်ပတ်ထိ တိုင် ကြာသွားနိုင် ကြောင်းကျွန်မသိ   လိုက်ရပြီ။ ဒါမှမဟုတ် တစ်သက်တာလုံးကြာသွားနိုင်သည်။ ဒီပေါင်းတွေကို တစ မကျန်ရှင်းလင်းဖို့ရာက ကျွန်မအတွက်ကပ်ကမ္ဘာတစ်ခုဖြစ်သွားနိုင်သည်။

ကမ္ဘာပေါ်မှာအရေးအကြီးဆုံးသောအရာ  Read More »

အစ္စရေး-ပါလက်စတိုင်းထောင်ချောက် ထွက်ပေါက်ရှိသလား – ဒေါက်တာ အောင်ကြီး

ယူဗဲလ်နိုအာဟရားရီ (သမိုင်းဆရာ၊ ဒဿနဆရာ၊ စာရေးဆရာ)။ မတ် ၁၅။ ၂၀၂၄ဘာသာပြန်သူ။ ဒေါက်တာအောင်ကြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို မီးထိုးပေးနေတဲ့ လက်သည်က မိမိတို့မျိုးပြုန်းမယ့် အရေး နှစ်ဖက်စလုံးက အပြန်အလှန်ကြောက် လန့်နေကြခြင်းပဲဖြစ်ပါတယ်။ ဟိုဘက်က လူတွေက ငါတို့ကိုသတ်ပစ်မှာ၊ နှင်ထုတ်ပစ်မှာ၊ ငါတို့ရဲ့အမျိုးဇာတိတည်ရှိမှုကိုအဆုံး သတ်ပစ်မှာ … ဒါကိုနှစ်ဖက်စလုံးကကြောက်နေကြတာ။ ဒါတွေက သူတစ်ထူး အပေါ် ယုံမှား သံသယ လွန်ကဲမှု ကနေထွက်ပေါ်လာတဲ့ အခြေအမြစ် မရှိတဲ့ အကြောက်တရားတွေ မဟုတ်ဘူး။ လတ်လတ်ဆတ်ဆတ် ဖြစ်ပွားခဲ့တဲ့သမိုင်းကြောင်းတွေ၊ တစ်ဖက် ရန်သူရဲ့ ရည်မှန်းချက်ကို စေ့စေ့စပ်စပ် အကဲဖြတ် ရာကနေ ပေါ်ထွက်လာတဲ့ ကြောင်းကျိုး ဆီလျော်တဲ့ အကြောက်တရား တွေဖြစ်ပါတယ်။ ခေတ်သစ် ပါလက်စတိုင်း ဇာတိရုပ် အခြေစတည်ခဲ့တဲ့ဖြစ်ရပ်က ပါလက်စတိုင်း တွေက နက်ခ်ဘာ

အစ္စရေး-ပါလက်စတိုင်းထောင်ချောက် ထွက်ပေါက်ရှိသလား – ဒေါက်တာ အောင်ကြီး Read More »

အာဏာပါဝါက ဦးနှောက်ကို ထိခိုက်စေနိုင်သလား – ဒေါက်တာအောင်ကြီး

        မာနတံခွန် မိုးစွန်တိမ်ဖျား….         ကျော်ကာလွှားသည့် အနုပညာရှင်..         လောကမြေပြင်…         ငါသာလျှင် ငါနဲ့နှိုင်းပါလို့         ငါမပါရင်လေ..         သြော် ဘယ်အခါမှမဖြစ်ပေဘူး         စနစ်အခြေကို မလေ့လာ…         မေ့ကာပ လောကဓံအကြောင်း…         နှောင်းခဲ့တဲ့ပညာရှင်တွေ…        

အာဏာပါဝါက ဦးနှောက်ကို ထိခိုက်စေနိုင်သလား – ဒေါက်တာအောင်ကြီး Read More »

ဂျော့ချ်အော်ဝဲလ်ပြန်လာခြင်း – ဒေါက်တာ အောင်ကြီး

ကသာသွားလည်ချင်တဲ့ အင်္ဂလိပ်ဆရာဝန် လွန်ခဲ့သော သုံးနှစ်ကျော် လေးနှစ်ကာလက ယူကေနိုင်ငံ တော်ဝင်သမားတော် ကောလိပ်က ကြီးမှူး စစ်ဆေးသည့် အမ်အာစီပီ (MRCP – UK) စာမေးပွဲကို မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည်။ တော်ဝင် ကောလိပ် စာစစ်သူများနှင့် မြန်မာ ဆရာဝန်ကြီးများ ပူးပေါင်းစစ်ဆေးသည့်စာမေးပွဲ။ ရန်ကုန် စာစစ်ဌာနတွင် စတင်စစ်ဆေးပြီးနောက် မန္တလေး စာစစ်ဌာနသို့ လာရန်စီစဉ်ထားသည်။ တော်ဝင်ကောလိပ်မှလာရောက်စစ်ဆေးသူ ဗြိတိသျှဆရာဝန်တစ်ဦးက မန္တလေးတွင် စာမေးပွဲ စစ်ဆေးပြီး သည့်အခါ ကသာမြို့သို့သွားရောက်လည်ပတ်ချင်ကြောင်း၊ မည်သို့ သွားရမည်ကို သိလိုကြောင်း ရန်ကုန်ကနေ မန္တလေး ဆေးတက္ကသိုလ် ဆေးပညာဌာနမှ တာဝန်ရှိသူ တစ်ဦးထံ အကြောင်းကြား လာသည်။ ကသာကို သူသွားချင်တဲ့အကြောင်းရင်းက ၁၉၂၆ ခုနှစ်မှ ၁၉၂၇ ခုနှစ်အထိ ကိုလိုနီ ပုလိပ် အရာရှိအဖြစ်

ဂျော့ချ်အော်ဝဲလ်ပြန်လာခြင်း – ဒေါက်တာ အောင်ကြီး Read More »

နိုင်ဂျီးရီးယား စာရေးဆရာ ချင်နူယား အာချေဘေး (Chinua Achebe) (၁၉၃၀-၂၀၁၃)

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကျော်အချိန်က အင်္ဂလိပ် စာတတ်ပေတတ်ပုဂ္ဂိုလ်များ၏ အမြင်၌ အင်္ဂလိပ်ဘာသာစကားသည် အင်္ဂလိပ်အတွေး နှင့် စိတ်ကူးစိတ်သန်းများ ကိုသာလျှင် ဖော်ကျူးနိုင် သည်ဟု ယူဆခဲ့ကြသည်။ ၂၁ ရာစုအမြင် နှင့် ငဲ့စောင်း ကြည့်လိုက်သောအခါ ထိုအမြင်က မည်သို့ မျှလက်ခံ နိုင်ဖွယ်မရှိ။ နိုင်ဂျီးရီးယား စာရေးဆရာ ချင်နူယား အာချေဘေးက သူ၏နာမည်ကျော်ဝတ္ထု Things Fall Apart (1958) ကို သူ့မိခင်ဘာသာစကားဖြစ်သည့် အစ်ဂ်ဘို (Igbo) နှင့် မရေးဘဲ အင်္ဂလိပ် ဘာသာနှင့်ရေးသားခဲ့ခြင်းမှာ ယင်းအမြင်ကို တစ်စိတ်တစ်ဒေသ ချေဖျက်ချင်သော ကြောင့်ဖြစ်သည်။ သူသုံးစွဲခဲ့သည့် အင်္ဂလိပ်ဘာသာက သာမန် ရေးရိုးရေးစဉ် အင်္ဂလိပ်ဘာသာ စကားမဟုတ်ဘဲ နိုင်ဂျီးရီးယား လူမျိုး တစ်ယောက်ပြောနေသည်ကို တစ်နိုင်ငံတည်းသားနိုင်ဂျီးရီးယား

နိုင်ဂျီးရီးယား စာရေးဆရာ ချင်နူယား အာချေဘေး (Chinua Achebe) (၁၉၃၀-၂၀၁၃) Read More »