စီမံခန့်ခွဲမှုပညာ
စီမံခန့်ခွဲမှုဆိုတာ ပညာရပ်တစ်ခုလား။ စီမံခန့်ခွဲမှုအလုပ်လုပ်ဖို့အတွက် အတတ်ပညာတစ်ရပ်ရယ်လို့ သီးသန့် လိုအပ်မှု ရှိသလား။ ဒီမေးခွန်းမျိုးတောင် မေးသင့်တယ်ထင်ပါရဲ့။ လူနာတွေကိုဆေးကုသတယ်ဆိုတဲ့အလုပ်ဟာ ဆရာဝန်တွေ၊ သမားတော်တွေရဲ့အလုပ်ဖြစ်ပါတယ်လို့ ပြောလိုက်ရင် ဘယ့်နှယ်စကားမျိုးကိုများအထူးတဆန်းလုပ်ပြီး ဆိုလိုက်ပါလိမ့်ဆိုပြီး အံ့အဲဘနန်း စူးစမ်း အကဲခတ်တဲ့ အကြည့်မျိုးတွေနဲ့ ကြည့်ကြမှာပါ။ အိုးအိမ်တိုက်တာတွေဆောက်လုပ်တယ်၊ လမ်းတံတား အဆောက်အအုံတွေ ဆောက်လုပ်တယ်ဆိုတာ အင်ဂျင်နီယာတွေ၊ ဗိသုကာတွေရဲ့အလုပ်ဖြစ်ပါတယ်လို့ ဆိုလိုက်ပြန်ရင်လည်း ထိုနည်း လည်းကောင်းပဲဖြစ်မှာပါပဲ။ ဒီလူ့နှယ်၊ မထူးတာကိုအဆန်းလုပ်၊ ရှင်းနေတာကို ရှုပ်အောင်လုပ်ပြီး အရည်မရအဖတ်မရ ပြောတတ်ပလေတယ်ဆိုပြီး တမဲ့တရွဲ့ချီးမွမ်းထောမနာပြုကြမှာပါ။ တကယ့်တကယ်တမ်းကျတော့ အခုအချိန်မှာသာအထူးတဆန်းဖြစ်နေတာပါ။ ရောဂါဝေဒနာရယ်လို့ ဖြစ်လာရင် ဆရာဝန်တွေ၊ သမားတော်တွေနဲ့ကုမှ နည်းမှန်လမ်းမှန်ပျောက်ကင်းနိုင်မယ့်အကြောင်း၊ အိုးအိမ် တိုက်တာရယ်လို့ ဆောက်တော့မယ်ဆိုရင် ဗိသုကာတွေ၊ အင်ဂျင်နီယာတွေနဲ့ဆောက်မှ ခိုင်ခံ့လှပမှုအတွက် အာမခံချက် ပေးနိုင်မယ့် အကြောင်း တစ်ဆင့်စကား တစ်ဆင့်နားနဲ့ သတင်းစကားလက်ဆင့်ကမ်းခဲ့ကြရတာက […]




