The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၃၂)

ပိုမိုအရေးပါလာသည့်ပနားမားတူးမြောင်း

တူးမြောင်းနှင့်ဆက်စပ်သောစိန်ခေါ်မှုများအမြင့်ဆုံးအဆင့်သို့ရောက်လာ အခု၂၀၂၆ခုနှစ်အတွင်း  ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံနဲ့စစ်ဖြစ်တဲ့အချိန်မှာ ပထမဆုံး ဟောမုဇ် ရေလက်ကြားကို ပိတ်လိုက်တဲ့ အချိန်မှာ အကျိုးသက်ရောက်မှုတွေကတော့ ကမ္ဘာ့တခြားဘက်မှာ ခပ်မြန်မြန်ဆန်ဆန်ပဲ ပေါ်ပေါက်လာခဲ့တယ်။ အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာနှစ်ခုကိုဆက်သွယ်ထားပြီး ကီလိုမီတာ ၈၀ ရှည်လျားသည့် ရေလမ်းကြောင်းဖြစ်တဲ့ ပနားမားတူးမြောင်းကို ဖြတ်သန်းပြီး ကူးသန်း သွားလာလိုကြတဲ့ “ဝယ်လိုအား”ဟာ တစ်နေ့ကို တူးမြောင်းကိုဖြတ်သန်းသွားလာနိုင်တဲ့ အမြင့်ဆုံး ပမာဏ ၃၆ စင်း ကနေ အစင်း ၄၀ အထိ တစ်ဟုန်ထိုး တိုးတက်လာခဲ့တယ်။ ရေနံဝယ်ယူသုံးစွဲနေကြရတဲ့ နိုင်ငံအတော်များများဟာ အမေရိကန်နိုင်ငံရဲ့စွမ်းအင်ကိုဝယ်ယူသုံးစွဲရေးဘက်ကိုဦးလှည့်လာကြတာမို့ လောင်စာဆီတွေ တင်ဆောင်လာပြီးတူးမြောင်းကို ဖြတ်သန်းတဲ့သင်္ဘောအရေအတွက်ဟာ  အတော်ကို မြန်မြန်ဆန်ဆန် တိုးမြင့်လာခဲ့တယ်။ LNG ခေါ်တဲ့ သဘာဝဓာတ်ငွေ့ရည် (Liquified Natural Gas) ကုန်စည်တင်တဲ့  သင်္ဘောအရေအတွက်တူးမြောင်းကိုဖြတ်သန်းတာဟာ အရင်နှစ်ဧပြီလကနဲ့ယှဉ်ရင် အခုနှစ် […]

ပိုမိုအရေးပါလာသည့်ပနားမားတူးမြောင်း Read More »

ညီအစ်ကိုမသိတသိ ကမ္ဘာကြီးနှင့် လမ်းပြ မီးအိမ်ရှင် နှစ်ဦး

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်သန့်ကို သတိရမိပါတယ်။ သံအမတ်ကြီးက ကိုဗစ်ကာလ မတိုင်ခင် အတော်စောစောကတည်းက ပြောခဲ့တာပါ။ “ဒီကနေ့ ကမ္ဘာကြီးက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားက ကြားကာလနဲ့ တူနေတယ်ကွ။ နိုင်ငံတကာ စနစ်ဟောင်းက ပြိုကျသွားပြီ၊ စနစ်သစ်ကလည်း ပီပီပြင်ပြင်မရှိ။ တတိယ ကမ္ဘာစစ် တောင် ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးပါ” တဲ့။ ဟုတ်ပါ တယ်။ ဒီကနေ့ ကမ္ဘာကြီးဟာ ဒုတိယကမ္ဘာစစ်အပြီး ကုလသမဂ္ဂကို ဗဟိုပြုတဲ့ နိုင်ငံတကာ စနစ်ဟောင်းက ပြိုကျနေပေမယ့် စနစ်သစ်က ဘယ်ဆီနေမှန်းမသိ၊ မရေမရာ လမ်းပျောက်နေတဲ့ ကာလပါ။ ညီအစ်ကို မသိတသိ ကမ္ဘာကြီးလို့ ပြောရမှာပါ။ ဒီလိုကာလမှာ နိုင်ငံငယ်နဲ့ နိုင်ငံလတ်တွေအတွက် အနာဂတ် ခြေလှမ်းဟာ မှန်းဆဖို့ ခက်ခဲသလို အန္တရာယ်လည်း များလှပါတယ်။ အားပြုရမယ့်

ညီအစ်ကိုမသိတသိ ကမ္ဘာကြီးနှင့် လမ်းပြ မီးအိမ်ရှင် နှစ်ဦး Read More »

အမှတ် (၁၀) ဒေါင်းနင်းလမ်းမှ ကြောင်လယ်ရီပေးတဲ့ သင်ခန်းစာ

လာရီက နောက်တက်လာမယ့် ဝန်ကြီးချုပ်သစ် အန်ဒီ ဘန်ဟန်ကို သင်ခန်းစာ တစ်ခု နှစ်ခုလောက်တော့ သင်ပေးနိုင်ပါလိမ့်မယ်။  ဝက်စ်မင်စတာ နိုင်ငံရေးလောကထဲမှာတော့ သူ့ကို အတ္တကြီးပြီး နယ်မြေလုတတ်သူလို့ လူသိ များကြတယ်။ ဝန်ကြီး တစ်ယောက်က ဆိုရင် သူ့ကို “ကောင်ရှုပ်ကလေး” လို့တောင် ခေါ်ခဲ့ ဖူးတယ်။ ဗြိတိသျှ ဝန်ကြီးချုပ်ရဲ့ အမှတ် (၁၀) ဒေါင်းနင်းလမ်း နေအိမ်မှာ”ဝန်ကြီးချုပ်ရုံးရဲ့ ကြွက်ဖမ်းအရာရှိချုပ်” ဆိုတဲ့ တရားဝင်ဘွဲ့ထူးကို ပိုင်ဆိုင်ထားတဲ့ လာရီ (Larry) ဆိုတဲ့ ကြောင်ကြီးဟာ အခုဆိုရင် ဒီရာထူးမှာ တာဝန်ထမ်းဆောင်နေတာ သက်တမ်း ၁၅ နှစ်ရှိနေပြီ။  အခုဆိုရင် ခြောက်ယောက်မြောက် ဝန်ကြီးချုပ် နဲ့ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ အခုလည်း ခုနစ်ယောက်မြောက် ဝန်ကြီးချုပ်ကို ကြောင်တို့ရဲ့ ထုံးစံနဲ့

အမှတ် (၁၀) ဒေါင်းနင်းလမ်းမှ ကြောင်လယ်ရီပေးတဲ့ သင်ခန်းစာ Read More »