The Corner

The Corner

cropped-Logo_round_grey-background.png

ကိုတင်

အတိုက်အခံ ဘဝမှာ ကိုယ့်အလှည့်ရောက်ဖို့ ထိုင်စောင့် မနေတော့ဘူး

အမေရိကန် နိုင်ငံရေးဟာ ရှင်းပါတယ်။ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီကြီး နှစ်ခုသာရှိလို့ ရွေးကောက်ပွဲတွေမှာ အနိုင်မဟုတ်ရင် အရှုံးပါပဲ။ အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ အနိုင်ရတဲ့ မဲအရေအတွက် ခြားနားမှုက နည်းသည်ထက် နည်းလာလို့ စိန်ခေါ်မှုတွေ ပိုပြင်းထန်လာပါတယ်။ အခု အာဏာရ ရီပတ်ဘလစ်ကန် ပါတီရဲ့ သမ္မတ ဒေါ်နယ်ထရမ့် လက်စောင်းထက်လာတဲ့ အခါ အတိုက်အခံ ဒီမိုကရက် ပါတီ ဘာလုပ်နေလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်လာနေပါပြီ။ ထိုင်နေသူတွေ ဆက်ထိုင်ကြမှာလား အပြောင်းအလဲတွေ လုပ်မှာလား။ “အလှည့် ရောက်လာမှာကို ထိုင်မစောင့်နိုင်သလို နောက်ကလည်း တန်းစီ နေမှာ မဟုတ်ဘူး၊ ဒီမိုကရေစီဆိုပြီး ဆေးခါးကြီးကိုလည်း အောင့်အီးပြီး မသောက်ချင် ကြတော့ဘူး” တစ်ယောက်က လူမျိုးစုပေါင်းစုံရာ နယူးယောက်မြို့က ဒီမိုကရက် ဆိုရှယ်လစ်၊ […]

အတိုက်အခံ ဘဝမှာ ကိုယ့်အလှည့်ရောက်ဖို့ ထိုင်စောင့် မနေတော့ဘူး Read More »

ပျောက်ဆုံးသွားနိုင်သည့် ရွှေလက် ပိုင်ရှင်များ

ကျွန်တော် သူ့ကို တစ်ခါတုန်းက စျေးဆစ်ဖို့ကြိုးစားကြည့်ဖူးသည်။ အရှေ့အလယ်ပိုင်း စစ်ပွဲနဲ့ ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ် ရေးနေစဥ် နိုင်ငံခြား သတင်းဌာနတွေက ပြောသည့် အသံထွက် အတိုင်း အီရန်နိုင်ငံရဲ့ မြို့တော် ‘တီဟီရန်’ ကို ‘တီရန်’ ပြောင်းရေးလို့ ရမလားလို့ လှမ်းပြောတော့ သူက လေသံပြတ်ပြတ်နှင့် “တရားဝင်အတိုင်း လုပ်မယ်”ဟု ပြန်ပြော လေသည်။ ကျွန်တော် သူ့ကို စျေးဆစ်လို့ ရမယ်လို့ မထင်လို့ ထပ်မပြောတော့ပါ။ သူကား ကိုဇော်ဝင်း ဖြစ်လေသည်။ ဦးဇော်ဝင်း ဆိုခြင်းက ပိုမှန်ပေလိမ့်မည်။ ထိုက်နဲ့ အကြောင်းပါပြီး ကျွန်တော် ဒေါင်း ဒိုင်နက်စတီကို ရောက်တော့ ကိုဇော်ဝင်းကို မြင်ဖူးရုံ။ ဒေါင်းစာပေ အတွေးအမြင် စာအုပ်တိုက်မှာ မကြာခဏဆိုသလို မျက်မှန်းတန်းမိရုံ လောက်ပဲ

ပျောက်ဆုံးသွားနိုင်သည့် ရွှေလက် ပိုင်ရှင်များ Read More »