ကိုလက်စထရောကျစေဖို့ ဘာတွေစားရမှာလဲ
ကိုလက်စထရောကျဖို့ဆိုရင် သတ်သတ်လွတ်စားတာ၊ အစေ့အဆန်တွေနဲ့ ပဲပုပ်ပဲတွေက ကောင်းတယ်ဆိုပဲ ဘဝမှာ အချိန်တစ်ချိန်ရောက်လာပါလိမ့်မယ်။ အထူးသဖြင့် သက်လတ်ပိုင်း အရွယ်တစ်ခုခုမှာပေါ့။ ဆရာဝန်က သူ့ရဲ့ မျက်မှန်ပေါ်ကနေ ကျော်ကြည့်ပြီးတော့ “ခင်ဗျားရဲ့ သွေးထဲမှာ ကိုလက်စထရောတွေ များနေတယ်” လို့ ပြောလာလိမ့်မယ်။ အမိန့်တစ်ခုချလိုက်သလို၊ ခြိမ်းခြောက်သလိုလိုနဲ့။ အမှန်ကတော့ စားမြဲသွားမြဲ လုပ်မြဲလုပ် မနေတော့ဘဲ ကျန်းမာရေးအတွက် တစ်ခုခု အကြီးကြီးပြောင်းဖို့ လိုအပ်နေတယ်ဆိုတဲ့ သတိပေးချက် တစ်ခုပါ။ ဆရာဝန်ပြောတဲ့ ကိုလက်စထရောဆိုတာ အင်္ဂလိပ်လို Low Density Lipoprotein – LDL လို့ခေါ်တဲ့ မကောင်းတဲ့ အဆီများ များနေတာကို ဆိုလိုတာပါ။ ဒီလို LDL တွေများနေပြီဆိုရင် သွေးကြောပိတ်တာတွေ ဖြစ်နိုင်တယ်၊ အဲဒါကနေ သွေးကြောထဲကို သွေးစီးဆင်းမှုနည်းလာပြီး နှလုံးရောဂါနဲ့ လေဖြတ်တာတွေအထိ […]
ကိုလက်စထရောကျစေဖို့ ဘာတွေစားရမှာလဲ Read More »





