The Corner

The Corner

cropped-Logo_round_grey-background.png

CWM

CWM

နယ်စပ် စစ်ဆေးရေးဂိတ်တွေ ပြန်ပေါ်လာတဲ့ ဥရောပ..

ဥရောပကို ရောက်ဖူးကြသူတွေရော၊ မရောက်ဖူးကြသူတွေပါ ဥရောပကို သွားရင် ဗီဇာ တစ်ကြိမ်ပဲ လိုပြီး နိုင်ငံပေါင်း(၂၉)နိုင်ငံကို တိုးလျှိုပေါက် ဗီဇမလို ဝင်ထွက်သွားလာနိုင်တာကို သိကြမှာပါ။ ကမ္ဘာမှာ ခုလို နိုင်ငံအများကြီးထဲ ဝင်ထွက်သွားလာဖို့ ဗီဇာတစ်ကြိမ်ပဲ လိုအပ်တဲ့အရပ် မရှိသေးပါဘူး။ ဥရောပ နိုင်ငံတွေကို ဝင်ထွက်ခွင့်ရစေတဲ့ ဗီဇာကိုတော့ ရှမ်ကန်ဗီဇာ လို့ မြန်မာလိုအလွယ်ခေါ်ကြတယ်။ ၁၉၈၅ခုနှစ် မှာ Schengen  သဘောတူညီချက်အရ ဥရောပ (၂၉)နိုင်ငံက ဗီဇာမလို နိုင်ငံတွင်း ဝင်ထွက် သွားလာခွင့်ပြုရေး သဘောတူခဲ့ကြတယ်။ ဒီ (၂၉)နိုင်ငံမှာ (၂၅) နိုင်ငံက အီးယူ (ဥရောပသမဂ္ဂ) အဖွဲ့ဝင်နိုင်ငံ တွေပါ။ ပြင်ပကမ္ဘာက လူတစ်ယောက်ဟာ ဥရောပနိုင်ငံတခုခုကို သွားမယ်ဆိုရင် Shengen ဗီဇာပဲ လိုအပ်ပါတယ်။ ဥရောပထဲရောက်ပြီဆိုရင်တော့ ပြင်သစ်သွားမလား၊ […]

နယ်စပ် စစ်ဆေးရေးဂိတ်တွေ ပြန်ပေါ်လာတဲ့ ဥရောပ.. Read More »

ဩဇာလွှမ်းမိုးရေး ကစားပွဲ

ပနားမားတူးမြောင်းရဲ့ မီရာဖလိုးရက်စ် ရေလှောင်တမံထဲ ဝင်လာတဲ့ သင်္ဘောကြီးတွေကို ရေထိန်းတံခါး ပေါက်က လမ်းလွှဲပေးနေချိန်မှာ ကမ္ဘာလှည့်ခရီးသည်အုပ်စုတစ်စုဟာ တမံပေါ်ကနေ ကြည့်နေတယ်။ အမေရိကန်အင်ဂျင်နီယာတွေက ဒီတူးမြောင်းကို တည်ဆောက်ပေးခဲ့ပြီး နှစ်ပေါင်း ၁၀၀ကျော် အကြာမှာ၊ အမေရိကန်က ပနားမားအစိုးရကို ပြန်လွှဲပေးပြီး ၂၅ နှစ်အကြာမှာ အသစ်တက်လာတဲ့ သမ္မတဒေါ်နယ် ထရမ့်က ဒီတူးမြောင်းကို ပြန်လိုချင်တယ်လို့ ပြောလိုက်ပါတယ်။ တစ်ဆက်တည်းမှာ ထရမ့်က ဒီလက်ဆောင် ဟာ ဘယ်တုန်းကမှ မပေးသင့်ခဲ့တဲ့လက်ဆောင်ပါ လို့လည်း ပြောလိုက်တယ်။  ဒီတူးမြောင်းထဲမှာ အမေရိကန်ကို ဝင်ထွက်နေတဲ့ ကုန်သင်္ဘောကြီးတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒါပေမဲ့ ပနားမားကို လွှဲပြောင်းပေးအပ်ပြီးနောက်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားတယ်။ ရာစုနှစ်တစ်ခုကျော်ကတည်းက အသုံးပြုလာတဲ့ တူးမြောင်းရေလှောင်တမံထဲကို ခုချိန်မှာ နေ့စဉ် ဖြတ်သန်း နေတဲ့ သင်္ဘောအရေအတွက်ဟာ ကုန်တန်ချိန်အရ

ဩဇာလွှမ်းမိုးရေး ကစားပွဲ Read More »

ထရမ့်ရဲ့ ကသောင်းကနင်း ကမ္ဘာ

ဒေါ်နယ်ထရမ့် ရင်ဆိုင်ရမယ့် မေ့လျော့ခံ ကမ္ဘာကြီးကို နားလည်နိုင်ဖို့ဆိုရင် စာမျက်နှာ (၇၅) မျက်နှာပါရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လက ထုတ်ဝေခဲ့တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ပူးတွဲကော်မရှင်ရဲ့ အစီရင်ခံစာကို ဖွင့်ဖတ်လိုက်ပါ။ အမေရိကန် ရင်ဆိုင်ကြုံတွေ့ရမယ့် ခြိမ်းခြောက်မှုတွေဟာ ၁၉၄၅ခုနှစ် နောက်ပိုင်း ရင်ဆိုင်ခဲ့ရတဲ့ ခြိမ်းခြောက်မှု စိန်ခေါ်မှုတွေထက် အများကြီး ပိုပါတယ်။ ဒီအထဲမှာ သိပ်မကြာခင်ဖြစ်လာနိုင်တဲ့ စစ်ပွဲကြီးလည်း ပါဝင်တယ်။  အမေရိကန်ဟာ ဒေသဆိုင်ရာ ပဋိပက္ခအများအပြားကို တစ်ချိန်တည်း တိုက်ခိုက်ရဖွယ်ရှိပြီး ဒီပဋိပက္ခတွေဟာ ပေါင်းစည်းပြီး ကမ္ဘာ့ပဋိပက္ခတစ်ခုထိ ဖြစ်လာနိုင်တယ်။ အစီရင်ခံစာအရ အမေရိကန်ဟာ ဒီစစ်ပွဲတွေအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုတယ်။ ပိုဆိုးတာက အမေရိကန် ဟာ ကိုယ့်အနီးပတ်ဝန်းကျင်ကမ္ဘာကြီး ဘယ်လောက်အထိ မှောင်မိုက်လာနေတယ်ဆိုတာ ထိတ်လန့်စရာ ကောင်းအောင် သတိမမူမိတာဘဲဖြစ်တယ်။  သမ္မတသစ်အနေနဲ့ ပြဿနာပေါင်းစုံကို အမွေဆက်ခံရမှာဖြစ်တယ်။ အမေရိကန်ဟာ

ထရမ့်ရဲ့ ကသောင်းကနင်း ကမ္ဘာ Read More »

Close-up of hands gently holding a small globe representing global unity and care.

သတိထားကိုင်တွယ်ပါ

ဒေါ်နယ်ထရမ့် ပြန်လာခြင်းက လက်တင်အမေရိကအတွက် ဘယ်လို အဓိပ္ပာယ်ဆောင်ပါသလဲ။  ( Economist မဂ္ဂဇင်းရဲ့ မက္ကဆီကို၊ အလယ်အမေရိက နဲ့ ကာရစ်ဘီယန်ဆိုင်ရာ ဗျူရိုအကြီးအကဲ Sarah Birke ရဲ့ဆောင်းပါးကို CWM က ဘာသာပြန်ဆိုပါတယ်။) အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ရဲ့ ပြတ်သားတဲ့ အောင်ပွဲက လက်တင်အမေရိက နိုင်ငံအများစု အတွက်တော့ အထိတ်တလန့်ဖြစ်စရာပါ။ ၂၀၂၅ခုနှစ် ထရမ့်ရဲ့ အိမ်ဖြူတော် တစ်ကျော့ ပြန်လည် ရောက်ရှိလာမှုဟာ လက်တင်အမေရိကနိုင်ငံတွေအပေါ် ရိုက်ခတ်မှု ရှိခဲ့တယ်။ ထရမ့်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးကာလမှာ “လက်တင်အမေရိက”ရယ်လို့ သီးခြားထုတ်ဖော်ပြောဆိုခဲ့တာ မရှိပေမယ့် “မက္ကဆီကို” ကိုတော့ မကြာခဏ ထည့်သွင်းပြောဆိုတာရှိခဲ့တယ်။ ထရမ့် အဓိက ထားပြောဆိုခဲ့တာက တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ ကုန်သွယ်ရေးမညီမျှမှု နဲ့ မူးယစ်ဆေးဝါး ကိစ္စတွေပဲဖြစ်တယ်။ ထရမ့်ထက်စာရင်တော့ သူရွေးချယ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဒီဒေသကိုပိုပြီး ဂရုတစိုက်ရှိပါလိမ့်မယ်။ သူက

သတိထားကိုင်တွယ်ပါ Read More »