ကျင့်ဝတ် ဖောက်ဖျက်သူ နဲ့ ကျင့်ဝတ် နားမလည်သူ
ထိုင်း နဲ့ ကမ္ဘောဒီးယား ပြဿနာက “အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်” ဆိုသလို နယ်စပ် အငြင်းပွားမှုကနေ အစိုးရအဖွဲ့ ပြုတ်ကျတော့မယ့် အနေအထားထိ ရောက်ရှိလာတယ်။ ထိုင်း-ကမ္ဘာဒီးယား နယ်စပ်တင်းမာမှုဖြစ်ပြီး ဟိုဘက် ဒီဘက် စစ်ပြင်သလို တင့်ကားတွေ၊ အမြောက်တွေ အသင့်နေရာယူလာတော့ ဒါဟာ တကယ်မဖြစ်ပါဘူး။ နှစ်နိုင်ငံလုံး အမျိုးသားရေး နောက်ခံ ယူဆချက်တွေနဲ့ အင်အားတွေ ထုတ်ပြကြတာပဲ ဖြစ်မှာလို့ သုံးသပ်ခဲ့တယ်။ ပြီးခဲ့တဲ့ မေလအတွင်း တင်းမာမှုတွေ ဖြစ်ကြပြီးတော့ ကမ္ဘောဒီးယားတပ်တွေ နောက်ဆုတ်သွားချိန်မှာ နည်းနည်း ပြန်ငြိမ် သွားတယ်။ ပြဿနာက ဘယ်ကစသလဲဆိုတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး အသက်(၃၈)နှစ်သာရှိသေးတဲ့ နိုင်ငံရေးအတွေ့အကြုံ ကလေးသာသာရှိတဲ့ ထိုင်းဝန်ကြီးချုပ် “ပေထုန်ထန်” က စတယ် လို့ပဲ ဆိုရမယ်။ ပထမဆောင်းပါးမှာ ဖော်ပြခဲ့သလိုပဲ ထိုင်းဝန်ကြီးချုပ် မိသားစု နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟောင်း မိသားစုက အင်မတန် ရင်းနှီးကြတယ်။ […]
ကျင့်ဝတ် ဖောက်ဖျက်သူ နဲ့ ကျင့်ဝတ် နားမလည်သူ Read More »









