The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

ကန္တာရမှာပွင့်သောပန်း

အကယ်၍သာ ချောင်းသာလူရည်ချွန်အပန်း‌ဖြေစခန်းသို့ လိုက်ပါခွင့် မရခဲ့ပါလျှင်၊ ကျွန်တော်နှင့်အတူ တစ်ခရီးတည်း လျှောက်လှမ်းလာသူ လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ (ဗဟို)မှ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်ကသာ ကျွန်တော့်အား လက်တွဲ မခေါ်ယူခဲ့ပါလျှင် ချောင်းသာလူရည်ချွန်စခန်းသို့  လိုက်ပါလာသော ရန်ကုန်ရန်ကင်းပညာရေး ဒီဂရီကောလိပ် ဒုတိယနှစ်ကျောင်းသူ လူရည်ချွန် မနဒီရွှေလွှာကို တက္ကသိုလ် ကောလိပ်ပထမနှစ်နှင့် ဒုတိယနှစ်လူရည် ချွန် (၂၉၁)ဦး ထဲက သာမန်ထူးချွန်ကျောင်းသူအဖြစ် အမှတ်တမဲ့ ဖြစ်နေပေလိမ့်မည်။ မနဒီရွှေလွှာသည် အသက် (၁၀)နှစ်ရောက်မှ  ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်တွင် စတင်ပညာသင်ကြားခွင့် ရရှိပြီး စာတတ်မြောက်ရေး အထောက်အကူပြု ပင်မအဖွဲ့ (Literacy Resource  Centre)  ဥယျာဉ်နန်းမှ ငွားငွားစွင့်စွင့် ကြွားကြွားဝင့်ဝင့် ဖူးပွင့်လာသော ပန်းကလေး ဖြစ်မှန်း အမှတ်မထင်သိခွင့်ရရှိခဲ့ပါသည်။  ထို့ကြောင့် ကျွန်တော်တို့လူရည်ချွန် (၁၉၆၄-၈၈) […]

ကန္တာရမှာပွင့်သောပန်း Read More »

ဒလိုင်းလားမားနှင့် ဘောလုံးပွဲ

တိဗက်ဗုဒ္ဓဘာသာအယူအရ အဝလောကိတေသွရ (စကြဝဠာစောင့် ကရုဏာရှင်နတ်မင်း)ရဲ့အသွင်တော်ကိုယူထားတဲ့ ဒလိုင်းလားမားအရှင်သူမြတ်ဟာ တစ်နေ့တော့ ကားလမ်းဘေးမှာ ကလေးတွေ ဘောလုံး ကန်နေတာကို ရပ်ကြည့်မိသတဲ့။ သူငယ်စဉ် “လဟာမို” ဘဝ တိဗက်ပြည်အရှေ့မြောက်ပိုင်းက သူတို့ရွာလေးမှာ ဘောလုံး ကစားခဲ့ ရတာတွေကို သတိရမိ၊ လွမ်းဆွတ်တမ်းတမိသတဲ့။ တစ်နေ့ခင်း သူငယ်ချင်းတွေက သူတို့နဲ့အတူဘောလုံးကန်ဖို့ သူ့ကိုတကြော်ကြော်အော်ခေါ်နေချိန်မှာ ဗောဓိသတ္တလူဝင်စားကို လာရောက်ရှာဖွေတဲ့ စူးစမ်းရေးအဖွဲ့ရောက်လာသတဲ့။ အဲဒီအခိုက်အတန့်မှာပဲ သူ့ဘဝတစ် ဆစ်ချိုးခဲ့ရသတဲ့။ သူရပ်ကြည့်နေတဲ့ဘောပွဲအကြောင်းပြောရင်းက ကဗျာဆရာက သူ့ငယ်ဘဝကိုခင်းပြတယ်။ ဒီတော့ ဘောလုံးပွဲထဲကို သူ့ဘဝတစ်ပိုင်းတစ်စက ဝင်လာလိုက် ထွက်သွားလိုက်။ ဘောပွဲကလည်းရင်ဖိုစရာ၊ သူ့ဘဝကလည်း ရင်ဖိုစရာ။ ဘောပွဲအရှိန်တက်လာသလို သူ့ဘဝကလည်း အရှိန်တက်လာ။ နောက်ဆုံးမတော့ ဘောပွဲပြီးသွားသလို သူ့ရဲ့ ငယ်ဘဝလည်းဆုံးခန်းတိုင်သွားခဲ့။ အဲဒီအချိန်ကစလို့ အရာအားလုံး ထာဝရပြောင်းလဲသွားခဲ့။ ၂၀၁၃ ခု မေလထဲ

ဒလိုင်းလားမားနှင့် ဘောလုံးပွဲ Read More »

ကျားခေါင်းပေါ်က ကျတဲ့မျက်ရည်

စာက အသက် နှစ်ဆယ့်နှစ်နှစ်ကျမှ ရေးတာ။ အသက် နှစ်ဆယ်အရွယ်မှာ ဟိုယောင်ယောင်.. ဒီယောင်ယောင် ဖြစ်၍ နေတုန်း။ ပန်းချီကလည်း ဝါသနာပါသည်။ ဆိုတော့ကာ ရုပ်ရှင်ပိုစတာတွေ ဆွဲနေသော ပန်းချီ ဦးမြင့်ဆွေထံ တပည့်သွားခံသည်။ တစ်လကြာသည်အထိ သင်မပေးသေး။ ရေလဲ ပေးရသည်။ စုတ်တံ ဆေးပေးရသည်။ တစ်လကျော်လာသည်အထိ သည် ရေလဲ၊ စုတ်ဆေးက မတက်သေး။ ကျွန်တော် စိတ်မရှည်တော့။ ဆိုတော့ကာ ဦးမြင့်ဆွေဆီ ကျွန်တော် ဆက်၍မသွားတော့။ နောက်ထပ် ပန်းချီဆရာတစ်ဦး ရှိသေးသည်။ ‘ပန်းချီ ဦးလှ’ ဖြစ်သည်။ သူက ဆိုင်းဘုတ်နှင့် ကားနံပါတ်ရေးသူ။ ကျွန်တော် သူ့ဆီသွားသည်။ သူက ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပြောပြသည်။ “ဒါက ထမင်းနပ်မှန်ရုံစားရတဲ့ ပညာပါကွာ..၊ မသင်ချင်ပါနဲ့” သူက သည့်နှယ်ပြောတော့

ကျားခေါင်းပေါ်က ကျတဲ့မျက်ရည် Read More »

အာဖရိကက အာရှနှင့်ပြိုင် ယှဥ်နိုင်ပါ့မလား

၁၉၆၀ ပြည့်လွန်နှစ်များနောက်ပိုင်း မိသားစုပိုင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းငယ်လေးများတွင် စပါးမျိုး စိတ်သစ်များ ဖြစ်ထွန်းအောင်မြင်ခဲ့ပြီး အာရှဒေသကို အသွင်ကူးပြောင်းစေခဲ့သည့် “အစိမ်းရောင် တော်လှန်ရေး” (Green Revolution) အကြောင်းကို အာဖရိကရှိ စီးပွားရေးပညာရှင်များက မနာလိုဖြစ်ဖွယ် အားကျကာ ပြောဆို ကြသည်။ လူဦးရေသိပ်သည်းဆ မြင့်မားလာမှုကြောင့် တောင်သူများသည် နည်းပညာအသစ်များကို တီထွင်လာကြပြီး ဓာတ်မြေဩဇာကဲ့သို့သော သွင်းအားစုများကို ပိုမိုသုံးစွဲလာကြသည်။ ကျေးလက်နေ ပြည်သူများ ပိုမိုချမ်းသာ ကြွယ်ဝလာသည်နှင့်အမျှ ကုန်ထုတ်လုပ်မှုဆိုင်ရာ လူသုံးကုန်ပစ္စည်းများကို ပိုမို လိုအပ်လာခဲ့ကြသည်။ ထိုအခါ စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် ဆက်လက်လုပ်ကိုင်ရန် မလိုအပ်တော့သည့် အလုပ်သမားများသည် စက်ရုံ အလုပ်ရုံများသို့ ရောက်ရှိနေရာယူလာခဲ့ကြသည်။ ဆာဟာရအောက်ပိုင်း အာဖရိကဒေသသည်လည်း ထိုကဲ့သို့သော လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ပါသလား။ ခြုံငုံ၍ ကြည့်ရှုရလျှင် ထိုဒေသရှိ တောင်သူများသည် ပြောင်းဖူးနှင့်

အာဖရိကက အာရှနှင့်ပြိုင် ယှဥ်နိုင်ပါ့မလား Read More »

အမေရိကန်က တရုတ် စီးပွားရေး ကုမ္ပဏီတွေကို ပထုတ်ကာ နည်းပညာတွေယူထား

တရုတ်နိုင်ငံ၏ အသုံးမဝင်တော့ဘဲ သောင်တင်နေသော ရင်းနှီးမြှုပ်နှံမှုပိုင်ဆိုင်မှုများကြောင့် အမေရိကန်တွင် ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းသည့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံသူအမျိုးအစားသစ်တစ်ခု ပေါ်ပေါက်လာနေခြင်း။ ဒါးလတ်စ်မြို့ရှိ စက်ရုံတစ်ရုံတွင် အမေရိကန်အလံမှာ ခေါင်မိုးထက်၌ တလူလူလွင့်လျက်ရှိသည်။ ယင်းအလံတော် အောက်တွင် အလုပ်သမားပေါင်း ၁,၂ဝဝ နှင့် ခေတ်မီဆန်းသစ်လှသော စက်ရုပ်အချို့သည် တစ်ရက်လျှင် ဆိုလာပြား အချပ်ရေ ၂ဝ,ဝဝဝ အထိ စဉ်ဆက်မပြတ် ထုတ်လုပ်ပေးလျက်ရှိသည်။ ယင်းပမာဏသည် အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးက စုစုပေါင်းထုတ်လုပ်မှုပမာဏ၏ ဆယ်ပုံတစ်ပုံရှိသည်။ ယင်းစက်ရုံသည် ငါးဂီဂါဝပ် (5 Giga Watt) ပမာဏအထိ ထုတ်လုပ်နိုင်စွမ်းရှိသဖြင့် တစ်နှစ်လျှင် အမေရိကန်အိမ်ခြေ တစ်သန်းစာ လျှပ်စစ်မီးပေးနိုင်မည့် ဆိုလာ မော်ဂျူးလ်များကို ထုတ်လုပ်ပေးလျက်ရှိသည်။ ‘အမေရိကန်နိုင်ငံရဲ့ အင်ဂျင်နီယာအတတ်ပညာနဲ့ တီထွင် ဆန်းသစ်မှု တွေကိုတော့ ဘယ်တော့မှ

အမေရိကန်က တရုတ် စီးပွားရေး ကုမ္ပဏီတွေကို ပထုတ်ကာ နည်းပညာတွေယူထား Read More »

ပြင်သစ်က လက်ယာယိမ်း လီပင်း ပြန်လာပြီ

တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ပြစ်ဒဏ်ကျခံနေရတဲ့ မစ္စလီပင်း သမ္မတ ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေညာလိုက်ပါပြီ။ ရာစုနှစ် တစ်ထက်ဝက်ကျော်လောက်အတွင်း ပြင်သစ်နိုင်ငံက လီပင်း မိသားစု အစဥ်အဆက်ဟာ သမ္မတ ရွေးကောက်ပွဲတိုင်းလိုလို အင်နဲ့အားနဲ့ ဝင်ရောက်ယှဥ်ပြိုင်လေ့ရှိတာ  အစဥ်အလာတစ်ခု ဖြစ်နေပါပြီ။ နောက်တော့ ၂၀၂၅ ခုနှစ်ရောက်တဲ့အခါ လူကြိုက်များ ရေပန်းစားနေတဲ့ လက်ယာပါတီ နေရှယ်နယ် ရယ်လီ (National Rally – RN) ပါတီရဲ့ခေါင်းဆောင် မာရင်းလီပင်းကို တရားရုံးကနေ ဆန္ဒမဲပေး ပွဲတွေမှာ ဝင်ရောက်ရွေးချယ်ခွင့် ငါးနှစ် ပိတ်လိုက်တဲ့ အမိန့် ထုတ်ပြန်လိုက်တော့ လီပင်း မိသားစုရဲ့ အစဉ်အလာဟာ လာမယ့်နှစ် ရွေးကောက်ပွဲမှာ ပျက်သွားမလို ဖြစ်ရတော့ တာပေါ့။ ဒါပေမဲ့ ဇူလိုင်လ ၇ ရက်နေ့မှာတော့

ပြင်သစ်က လက်ယာယိမ်း လီပင်း ပြန်လာပြီ Read More »

ဂျာအေးသူ့အမေရိုက်သည့် ကိန်းဆိုက်နေသော အီရန်စစ်ရပ်စဲရေးပြဿနာ

အရှေ့အလယ်ပိုင်းအီရန်စစ်ပွဲ ပဋိပက္ခကြောင့် ရေနံလောင်စာဆီ စီးဆင်းမှု မတည်မငြိမ်ဖြစ်ကာ ကမ္ဘာကြီး တစ်ခုလုံးကို စီးပွားရေးအရ အကြီးအကျယ် အကျပ်ရိုက်စေခဲ့ပြီဖြစ်သည်။ အီရန်စစ်ပွဲအရေးသည် ရှင်းလေရှုပ်လေ ဖြစ် လာနေ သည်။ ပြီတော့မလိုလိုနှင့် တစ်ကပြန် ပြန်စနေရ သဖြင့် “ဂျာအေးသူ့အမေရိုက်သည့် ကိန်း” ဆိုက်နေလေပြီ။ ဇူလိုင် ၁၀ ရက် သောကြာနေ့တွင် ကာတာနိုင်ငံ၏ ကြားဝင် စေ့စပ် ညှိနှိုင်းရေးမှူးများသည် တီဟီရန်တွင် ပါဝင် ဆွေးနွေးမှုများ ပြုလုပ် နေရသည်ဟု သတင်းများအရ သိရသည်။ ကာတာနှင့် ဆော်ဒီအာရေဗျ ကုန်သွယ်ရေး ရေနံတင်သင်္ဘောသုံးစင်းသည် ယခုအပတ်အစောပိုင်းတွင် အီရန်၏ ပစ်ခတ်မှု ခံခဲ့ရသည်။ သို့ဖြင့် အမေရိကန်က အီရန်ပစ်မှတ် အများအပြားကို တုံ့ပြန် တိုက်ခိုက်ခဲ့သည်။ အီရန်ကလည်း ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်ဘက် ပစ်မှတ်နေရာများကို

ဂျာအေးသူ့အမေရိုက်သည့် ကိန်းဆိုက်နေသော အီရန်စစ်ရပ်စဲရေးပြဿနာ Read More »

လာအိုနိုင်ငံရဲ့ အကြီးစားပို့ကုန် အိပ်မက်

လာအိုနိုင်ငံဟာ ရေအားလျှပ်စစ်စွမ်းအင်တင်ပို့နိုင်ရေး အိပ်မက် အကြီးကြီးရှိနေတယ်။ ဒါပေမဲ့ သူ့နိုင်ငံတွေရဲ့ ဆည်တွေက ကြွေးမြီတွေရော တခြားပြဿနာတွေနဲ့ပါ လျှံနေတယ်။ ဒေသကြီးအတွင်းက အချက်အလက်တွေ သိုလှောင်ရေး အဆောက်အအုံ (Data Center)  ဒေတာစင်တာတွေနဲ့ စက်ရုံကြီးတွေ အတွက် ရည်မှန်းချက်ကြီးတွေ ထားရှိတဲ့ အရှေ့တောင် အာရှဒေသ ဟာ စွမ်းအင်လိုအပ်တယ်။ ၂ဝ၂၆ ခုနှစ် ဇွန်လအတွင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အဖွဲ့က ခန့်မှန်းခဲ့ရာမှာ ဒီဒေသကြီးမှာ အခုအချိန်နဲ့ ၂ဝ၃၅ ခုနှစ်ကြား တစ်ကမ္ဘာလုံး စွမ်းအင်လိုအပ်ချက် တိုးလာတာရဲ့ ငါးပုံတစ်ပုံ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လောလောဆယ်မှာတော့ အိန္ဒိယနိုင်ငံ တစ်နိုင်ငံကပဲ ပိုပြီးဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ထားတယ်။ ပြီးပြတ်ဖို့ မမြင်ရသေးတဲ့ အီရန်စစ်ပွဲကြောင့် စိတ်ပျက်ဖွယ်ရာ သင်ခန်းစာ ယူခဲ့ရသလိုပဲ စွမ်းအင်ကို စိတ်ချလက်ချနဲ့ အမြဲမပြတ်

လာအိုနိုင်ငံရဲ့ အကြီးစားပို့ကုန် အိပ်မက် Read More »

ယုန်လိုပြေးသော ဆိုဗီယက်နှင့် လိပ်လိုနှေးသော တရုတ်

ယုန်နဲ့လိပ် အပြေးပြိုင်တဲ့ ပုံပြင်ကို မကြားဖူးတဲ့သူ ဆိုတာ ရှိမယ် မထင်ပါဘူး။ ဒါပေမဲ့ ယုန်နဲ့လိပ် အကြောင်း ပြောချင်တာတော့ မဟုတ်ပါဘူး။ ဆိုဗီယက်ပြည်ထောင်စုရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တရုတ်နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး တွေးမိတာလေးတွေ ပြောချင်လို့ပါ။ ဆိုဗီယက်ပြည်ထောင်စု ပြိုလဲခါနီးမှာ ပြုပြင်ပြောင်းလဲရေးတွေကို တက်သုတ်ရိုက် ဆောင်ရွက်ခဲ့ပါတယ်။ ဂိုဘာချော့ဗ်က ၁၉၈၅ ခုနှစ်မှာ အာဏာရခဲ့ပြီးနောက်ပိုင်း ဆိုဗီယက်ပြည်ထောင်စုကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၇၀ ကျော် အမြစ်တွယ်နေတဲ့ စနစ်တစ်ခုကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ ဧဝရက်တောင်ထိပ်ကို တက်ရတဲ့ အလုပ်မျိုးပါ။ ဘရက်ဇညက် (Brezhnev) လက်ထက် (၁၉၆၄-၁၉၈၂) နှစ် ၂၀ နီးပါးကာလမှာ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို မသိချင်ယောင်ဆောင် လျစ်လျူရှုခဲ့ပါတယ်။ တချို့သော ပညာရှင်တွေက

ယုန်လိုပြေးသော ဆိုဗီယက်နှင့် လိပ်လိုနှေးသော တရုတ် Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၄)

ကြောင်းရာစုံစုံ နိုင်ငံတကာ ဇာတ်ခုံ ဦးမိုး – ကိုတိုးရေ ခရီးရောက်မဆိုက် မေးရဦးမယ်။ ဟို သမ္မတ ထရမ့် နိုင်ပြီ၊ နိုင်ပြီလို့ အော်နေတဲ့ အမေရိကန် – အီရန် ဇာတ်လမ်း ဘယ်ရောက်သွားပြီလဲဗျ။ ကျန်ခဲ့တဲ့ အပတ်ကတော့ နှစ်ဦးသဘောတူ လက်မှတ်တွေ ဘာတွေ ထိုးကြလို့ဆို…။ ဦးတိုး – ကိုမိုးကလည်း သူနိုင်ပြီဆိုတိုင်း ကိစ္စတစ်ခုက ပြီးသွားပြီမဟုတ်တာလည်း သိနေလျက်သားနဲ့ဗျာ။ နောက်ဆိုရင် ကိုမိုး သူမဟုတ်တဲ့ အခြားသူ နောက်တယောက်က ပြောလာရင် ဖြစ်နိုင်ခြေပိုများတယ်ဆိုတာသာ မှတ်ထားလိုက်ပေတော့ဗျာ။ ကဲ ကျွန်တော်တို့လည်း တစ်ခါတလေတွေ့ကြတာ ဒီဇာတ်လိုက်ကြီး အကြောင်းပဲ ပြောဖြစ်နေတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ ခေါင်းစဥ်ပြောင်းကြရအောင်။ ဦးမိုး – ဟဲ ဟဲ ကိုတိုးပြောတာလည်း ဟုတ်ပါတယ်ဗျာ။

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၄) Read More »