ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ (၁၁)
ဆရာကြီး မောင်ဝံသ (ဦးစိုးသိမ်း) သို့ အမှတ်တရ စာပေလောက၏ ကြယ်ပွင့်တစ်ပွင့်၊ သတင်းစာပညာ၏ လမ်းပြစံပြတစ်ဦးဖြစ်သူ ဆရာကြီး မောင်ဝံသ (ဦးစိုးသိမ်း) သည် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်တွင် စာချစ်သူ ပြည်သူတို့၏ ရင်ထဲမှ အပြီးတိုင် ထွက်ခွာသွားခဲ့သည်။ ယခုဆိုလျှင် ဆရာကြီး ကျွန်တော်တို့ကို ကျောခိုင်းစွန့်ခွာသွားခဲ့သည်မှာ ၁၃ နှစ်တင်းတင်း ပြည့် မြောက်ခဲ့ပြီ ဖြစ်သော်လည်း ဆရာကြီး၏ ထက်မြက် သွက်လက်သော မင်စက်များ၊ စာပေနှင့် သတင်းစာပညာအပေါ် ထားရှိခဲ့သော မြင့်မြတ်သည့် သစ္စာတရားတို့မှာမူ ကျွန်တော်တို့၏ နှလုံးသားတွင် အမြဲထာဝရ မညှိုးနွမ်းသော အမှတ်တရများအဖြစ် ပွင့်လန်းဆဲပင် ဖြစ်သည်။ ဆရာကြီး မောင်ဝံသသည် ဘဝအတွေ့အကြုံ၊ သမိုင်းမှတ်တမ်းနှင့် သင်ခန်းစာများ စီခြယ်ထားသည့် အတ္ထုပ္ပတ္တိများ၊ […]
ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ (၁၁) Read More »


