အသက် ၃၅ နှစ်အရွယ် နီပေါဝန်ကြီးချုပ်သစ်
မဲဆန္ဒရှင်များက ဘာလင်ဒရာရှားကို အစဉ်အလာမရှိသော လုပ်ပိုင်ခွင့်များနှင့် ကြီးမားသည့် အာဏာများကို အပ်နှင်းလိုက်ခဲ့ကြပေသည်။ ဟိမဝန္တာတောင်ခြေက ကျယ်ပြောလှသည့် တောင်ကြားဒေသရှိ ခတ္တမန္ဒူမြို့မှ နီပေါနိုင်ငံ အရှေ့တောင်ပိုင်း မြေနိမ့်ဒေသရှိ ခရိုင်တစ်ခုဖြစ်သော ဂျာပါ (Jhapa) သို့ သွားရသည်မှာ ခက်ခဲကြမ်းတမ်းသည့် ခရီးလမ်းတစ်ခု ဖြစ်သည်။ ရာသီဥတုကောင်းမွန်ပြီး သွားလာရ အဆင်ပြေသည့် နေ့မျိုးမှာတောင် ကီလိုမီတာ ၄၃၀ ခန့် ဝေးသည့် ဤခရီးကို မော်တော်ကားဖြင့် သွားလျှင် ဆယ်နာရီခန့် ကြာအောင် မောင်းနှင်ရသည်။ ရာသီဥတုဆိုးပြီး လမ်းခရီး အဆင်မပြေသည့် နေ့မျိုးဆိုလျှင်တော့ တကယ့်ကို မသွားမဖြစ် လိုအပ်သည့် အရေးကြီးကိစ္စရှိမှသာ သွားခြင်းက ပိုကောင်းပါသည်။ “ဘာလန်” ဟု ပြည်သူလူထု က အသိများသည့် ဘာလင်ဒရာရှားသည် ဤခရီးလမ်းကို လွယ်လွယ်ကူကူပင် သွားနေကျသူ […]
အသက် ၃၅ နှစ်အရွယ် နီပေါဝန်ကြီးချုပ်သစ် Read More »







