The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

အဆင်မပြေတဲ့ သူတို့အတွဲ

အပြန်အလှန် ခြိမ်းခြောက်ခံနေရတယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုနေရာကို ယူထားလို့မရနိုင်ပါဘူး တစ်ခါတစ်ခါ ပြောခဲ့ကြတယ် အထူးသဖြင့်ကတော့ သမ္မတ ထရမ့် ပေါ့။ အမေရိကနဲ့ တရုတ်ဟာ အခုအချိန်မှာ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်နေပြီ ကမ္ဘာကို ဦးဆောင်နေတဲ့ စုံတွဲ ဆူပါပါဝါ နိုင်ငံတွေပဲဆိုတဲ့စကားပါ။ အဲဒါ အင်မတန်ညံ့တဲ့ စိတ်ပျက်စရာ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။ တစ်ဦးသောခေါင်းဆောင်က သူ့ရဲ့မဟာမိတ်နိုင်ငံတွေကို အလွယ်တကူလှည့်စားနိုင်တဲ့သူ အသုံးချခံရုပ်သေးရုပ်လို သဘောထားပြီးဆက်ဆံတယ်။ ဒါ့ပြင် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကမ္ဘာကြီးရဲ့ တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုခဲ့တဲ့ အဖွဲ့အစည်းတွေကို တစ်စစီပြိုကွဲသွားအောင် ဖျက်ဆီးပစ်နေတယ်။ တခြားနိုင်ငံကြီးတစ်ခုကလည်း သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေကို ဗိုလ်ကျစိုးမိုးနေပြီး သူကိုယ်တိုင် တင်းမာမှုလျှော့သွားအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ နိုင်ငံခြားတိုင်းပြည်တွေက ပဋိပက္ခတွေကို ဖြေရှင်းပေးတာမရှိဘဲ ပိုပြီးဆိုးဝါးလာအောင် ဖန်တီးနေတယ်။ ပိုဆိုးတာက ဒီနှစ်နိုင်ငံဟာ နည်းပညာနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းလို့ […]

အဆင်မပြေတဲ့ သူတို့အတွဲ Read More »

“Designated Survivor” (သို့မဟုတ်) တိုင်းပြည်အတွက် လက်ကျန်ခေါင်းဆောင်

Designated Survivor – ဟာ တကယ်တော့ ရုပ်ရှင်နာမည်လိုလို ဘာလိုလိုနဲ့။ တကယ်လည်း ရုပ်ရှင် စီးရီးတစ်ခုအဖြစ် နက်ဖလစ်မှာ တင်ဆက်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ အစိုးရအဖွဲ့ဝင်အားလုံး ဗုံးဖောက်ခွဲ လုပ်ကြံခံရမှုကြောင့် သေဆုံးသွားချိန်မှာ အစွန်အဖျားက ဝန်ကြီးတစ်ယောက်က သမ္မတ ရုတ်တရက် ဖြစ်လာပုံကို ရိုက်ကူးထားတာပါ။ သို့သော် အဆိုပါ အစီအမံဟာ အပြင်မှာ တကယ်ရှိတဲ့ အမေရိကန် အုပ်ချုပ်ရေး ယန္တရားတွင် လက်တွေ့ ကျင့်သုံးနေသည့် အလွန်ထူးခြားသည့် စနစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီစနစ်ကို “Designated Survivor” – မြန်မာလို တိုက်ရိုက် ဘာသာပြန်ရလျှင် “သတ်မှတ် စီမံထားသော အသက်ရှင်ကျန်ရစ်သူ” အစီအစဉ်ပင် ဖြစ်သည်။ နိုင်ငံတော်၏ အကြီးအကဲ အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် အသက်ဆုံးရှုံးသွားခဲ့လျှင် Designated Survivor

“Designated Survivor” (သို့မဟုတ်) တိုင်းပြည်အတွက် လက်ကျန်ခေါင်းဆောင် Read More »

လင်းယုန်နေရာ နဂါး မလာ

၂၀၂၆ မေလထုတ် The Economist Magazine ပါ The gutting of USAID has left a void China will not fill ကို ပြန်ဆိုသည်။ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အကူအညီအပေးဖို့ ရည်ရွယ်ချက်နဲ့ “ပြည်ကြီးခင်” ဆိုတဲ့ အဖွဲ့ကို ၁၉၉၇ ခုနှစ်မှာ မြန်မာပြည်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၂၅ခုနှစ် အမေရိကန်အစိုးရရဲ့ ဘတ်ဂျက် ဖြတ်တောက်မှုခံရအပြီး တစ်လအတွင်းမှာ ပြည်ကြီးခင်ဟာ အဖွဲ့ရဲ့ သက်တမ်းအကြာဆုံး ဝန်ထမ်း ၁၄ ယောက်ကို ဆုံးရှုံးလိုက်ရပါတယ်။ သူတို့တွေဟာ HIV ဝေဒနာရှင်များနဲ့ နှစ်ပေါင်းများစွာလက်တွဲခဲ့ပြီး ဝေဒနာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြသူတွေပါ။ မကြာခင်မှာဘဲ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်လိုက်တဲ့အခါ အအေးပေး စနစ်တွေ အားလုံးထိခိုက်သွားပြီး

လင်းယုန်နေရာ နဂါး မလာ Read More »

အိုဘားမားပြောတဲ့ တကယ့် သမ္မတ

အခု ဘာသာပြန် အမေးအဖြေဆောင်းပါးကတော့ အမေရိကန် တီဗီ အစီအစဥ်တင်ဆက်သူ စတီဖင် ကိုဘဲလ် (Stephen Colbert) နဲ့ သမ္မတ ဘားရက် အိုဘားမားတို့ မကြာခင်က တွေ့ဆုံ မေးမြန်းခဲ့တဲ့ ယူကျူ အင်တာဗျူး တစ်ခုဖြစ်ပါတယ်။ စီဘီအက်စ် တီဗီ ချန်နယ်က စတီဖင် ကိုဘဲလ် တင်ဆက်နေတဲ့ “The Late Show with Stephen Colbert” ဟာ ဆယ်စုနှစ် တစ်ခုလောက်ကြာအောင် တင်ဆက်ခဲ့တာဖြစ်ပြီး လာမယ့် မေလ (၂၁) ရက်နေ့မှာ နောက်ဆုံး အပိုင်းကို ထုတ်လွှင့်အပြီး လုံးဝ ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ သမ္မတဟောင်း ဘားရက် အိုဘားမားနဲ့ အင်တာဗျူး အစီအစဥ်ကို မေလ (၆) ရက်နေ့က တင်ဆက်ခဲ့တာပါ။

အိုဘားမားပြောတဲ့ တကယ့် သမ္မတ Read More »

ဟော်မုဇ် အကျပ်အတည်းကြားထဲက အာရှ သင်္ဘောသားများ

တစ်နေ့တခြား အန္တရာယ်ပိုများလာတဲ့ ကမ္ဘာကြီးမှာ အလေးထားမခံရတဲ့ ပင်လယ်ရေကြောင်းသွား သင်္ဘောသားတွေဟာ အန္တရာယ်တွေ တိုးပြီးရင်ဆိုင်နေကြရတယ်။ “ကျွန်တော်တို့တစ်တွေဟာ စစ်သုံ့ပန်းတွေလို ဖြစ်နေတယ်” လို့ သူ့ပတ်ပတ်လည်မှာ ဒုံးကျည်တွေ တဝှီးဝှီး ပျံနေတဲ့ ပါရှားပင်လယ်ကွေ့ထဲမှာ စောင့်စားနေရတဲ့ ပင်လယ်ကူးသင်္ဘောကပ္ပိတန် ခန်းက ဆိုပါတယ်။ ဒုံးကျည်တစ်စင်းကတော့ သူ့သင်္ဘောနားက ရေနံတင် သင်္ဘောကြီး တစ်စင်းကို ထိမှန်ပြီး မီးစွဲလောင်လို့ သင်္ဘောကြီး ပေါက်ကွဲထွက်သွားတယ်။ တခြားဖြစ်ရပ်တစ်ခုမှာတော့ အဲဒီက လွင့်စဥ်လာတဲ့ အပိုင်းအစတွေက သူ့ရှေ့မီတာနည်းနည်းလောက်ပဲ ကွာတဲ့နေရာရှိ သင်္ဘောတစ်စင်းကို ထိမှန်တာမို့ အဲဒီသင်္ဘောပါ နစ်မြုပ်သွားတာပါပဲ။ မစ္စတာခန်းရဲ့ သင်္ဘောသားတွေဟာ ဟော်မုန့်ဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်ဖို့ ကြိုးပမ်းတာ သုံးကြိမ်ရှိပါပြီ။ အကြိမ်တိုင်းမှာပဲ အီရန်တပ်ဖွဲ့တွေက ပြန်လှည့်ခိုင်းလို့ ပြန်လှည့်ခဲ့ရတယ်။ ရေလက်ကြားကို ဖြတ်သန်းခွင့်မရခဲ့ပါဘူး။ “ကျွန်တော်တို့ အားလုံး ရင်တထိတ်ထိတ်

ဟော်မုဇ် အကျပ်အတည်းကြားထဲက အာရှ သင်္ဘောသားများ Read More »

ယူကရိန်းစစ်ပွဲ ပြီးတော့မယ်လို့ ပြောတဲ့ ရုရှားသမ္မတ

ပူတင်၏ ပြောကြားချက်တွေကို အသေးစိတ်ဆန်းစစ်မယ်ဆိုရင်… ယူကရိန်းစစ်ပွဲ မကြာမီ ပြီးဆုံးနိုင်မည်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မကြာသေးမီက ပြောကြားချက်များအပေါ် မီဒီယာများက အမျိုးမျိုး ခန့်မှန်းတွေးဆနေကြသော်လည်း ရုရှားသမ္မတရဲ့ စကားများဟာ ပကတိနဲ့ ကင်းကွာနေပြီး သူ့ရဲ့ အန္တိမစစ်ပွဲ ရည်မှန်းချက်များကနေ လုံးဝသွေဖည်သွားခြင်းမရှိကြောင်း ရုရှား အရေး ကျွမ်းကျင်သူ တစ်ဦးက ဆိုပါတယ်။ အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ သုံးရက်ကြာ ယာယီ အပစ်အခတ်ရပ်စဲရေး ကာလအတွင်းမှာ ဆိုဗီယက်ယူနီယံက နာဇီဂျာမနီကို အောင်နိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် မော်စကိုတွင် စစ်ရေးပြအခမ်းအနားကို ခပ်ကျဉ်းကျဥ်း ကျင်းပခဲ့ ပြီးတဲ့နောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် သူစတင်ခဲ့သော စစ်ပွဲ “ပြီးဆုံးတော့မည်” လို့ ပူတင်ရဲ့ အရိပ်အမြွက် အပြောကြောင့် တစ်ကမ္ဘာလုံး အာရုံစိုက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ ပြီးတော့မယ်လို့ ပြောတဲ့ ရုရှားသမ္မတ Read More »

အမေရိကန်တို့ နောက်ဆုတ်ရင် အီရန်စစ်ပွဲ အဆုံးသတ်နိုင်မှာလား (ဂျက်ဖရီ ဆက်ချ် နှင့် ဆိုင်ဘီလ် ဖာရက်စ် တို့၏ သုံးသပ်ချက်)

အီရန်စစ်ပွဲ၏ လက်ရှိ သောင်မတင် ရေမကျ အခြေအနေ အိမ်ဖြူတော်၏ ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာအပေါ် အီရန်နှင့် သဘောတူညီမှုရရန် နီးစပ်နေပြီဟု အမေရိကန် သတင်းမီဒီယာ Axios တွင် ဖော်ပြထားသည်။ အဆိုပါ သဘောတူညီချက်အရ နျူကလီးယားဆိုင်ရာ အသေးစိတ် ညှိနှိုင်းရေးအတွက် မူဘောင်တစ်ရပ် ချမှတ်ပေးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အမေရိကန်ဘက်မှ တင်ပြလာသည့် အဆိုပြုချက်ကို စဉ်းစားသုံးသပ်နေပြီး တီဟီရန်အစိုးရ၏ သဘောထားကို ပါကစ္စတန် ကြားဝင်ညှိနှိုင်းသူများမှတစ်ဆင့် ပြန်လည်ပေးပို့သွားမည်ဟု ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကလည်း ၎င်းတို့အနေဖြင့် အပစ်ရပ်သဘောတူညီချက်ကို “စစ်ပွဲအား အပြီးတိုင် ရပ်တန့်သွားစေမည့် အခြေအနေတစ်ရပ်” အဖြစ် ပြောင်းလဲနိုင်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။ သို့သော်

အမေရိကန်တို့ နောက်ဆုတ်ရင် အီရန်စစ်ပွဲ အဆုံးသတ်နိုင်မှာလား (ဂျက်ဖရီ ဆက်ချ် နှင့် ဆိုင်ဘီလ် ဖာရက်စ် တို့၏ သုံးသပ်ချက်) Read More »

တစ်ခါလာလည်း ဒီ BMI ဘီအမ်အိုင်

ဒီနှစ်ပိုင်းအတွင်းမှာ ဘီအမ်အိုင် (BMI) လို့ ခေါ်တဲ့ ခန္ဓာကိုယ်ဒြပ်ထုညွှန်းကိန်း (Body Mass Index) ရဲ့ အန္တရာယ်ရှိပုံတွေ အကြောင်းဟာ ဆေးပညာနဲ့ သုတေသန နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေအကြားမှာ အဓိက ပြောစရာ အကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ဆရာဝန်တွေဟာ အဝလွန်ခြင်း၊ ဆီးချိုရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေကို ရောဂါရှာဖွေကုသရာမှာ BMI ကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီညွှန်းကိန်းဟာ ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့အဆီဓာတ်ကို တိကျစွာမပြသနိုင်ဘူးဆိုတဲ့ အထောက်အထားတွေ တစ်ပုံတစ်ခေါင်း ရှိနေတာတောင် ဒီနည်းကိုပဲ သုံးစွဲနေကြဆဲပါ။ BMI ဟာ အရပ်နဲ့ ကိုယ်အလေးချိန်ကိုသာ တွက်ချက်တာဖြစ်ပြီး အမှန်တကယ်ရှိတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ (ကြွက်သားနဲ့ အဆီအချိုးအစား) ကို ထည့်သွင်းတွက်ချက်ခြင်း မရှိပါဘူး။ ပုံမှန်အားဖြင့် သတ်မှတ်ထားကြတာက လူတစ်ယောက်ဟာ BMI

တစ်ခါလာလည်း ဒီ BMI ဘီအမ်အိုင် Read More »

ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဆဲ အီရန်စစ်ပွဲ

ရက်အနည်းငယ် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီးတဲ့နောက် ပင်လယ်ကွေ့စစ်ပွဲဟာ တစ်ခါပြန်ပြီး ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်သွားခဲ့တယ်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှာ ကုန်တင်သင်္ဘောတွေကို လမ်းပြပေးမယ့် ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်ဟာ နှစ်ရက်ပဲ ကြာလိုက်တယ်။ အစီအစဉ် ပြန်ဆိုင်းငံ့သွားခဲ့တယ်။ အီရန်ဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကို တိုက်ခိုက်ပြီး အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်လိုက်ပေမယ့် အမေရိကန်ကတော့ ဒီတိုက်ခိုက်မှုကို အသေးအဖွဲ ကိစ္စတစ်ခုလိုပဲသဘောထားခဲ့တယ်။ ထရမ့်က မကြာခင်မှာ သံတမန်ရေးရာ အလှည့်အပြောင်းတစ်ခု ရရှိတော့မယ့်ပုံမျိုး လေလုံးထွားနေတယ်။ ထရမ့်ရဲ့ လွတ်လပ်မှု စီမံချက်(Project Freedom) ကဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရတာနဲ့ပတ်သက်ပြီး စိတ်ပျက်လက်ပျက် အားမလိုအားမရဖြစ်ရာကနေ ထွက်ပေါ်လာတာပါ။ အမေရိကန်က အီရန်ရဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့ပြီး

ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဆဲ အီရန်စစ်ပွဲ Read More »

ဘယ်လိုနောက်လိုက်မျိုးလဲ

လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲသူတွေအနေနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ သဘောသဘာဝတွေကို မှန်မှန်ကန်ကန် နားလည်ထားဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းတစ်ခုဆိုတာ ဘုံရည်မှန်းချက်၊ ဦးတည်ချက်တွေအတွက် သက်ရှိ၊ သက်မဲ့ အရင်းအမြစ်တွေကို စုစည်းပြီး လမ်းကြောင်း တစ်ခုဆီ ကို ချီတက်နေတဲ့ အစုအဝေးတစ်ခုပါပဲ။ အဖွဲ့အစည်းက ပိုင်ဆိုင်သမျှတွေထဲမှာ အဖွဲ့အစည်းဝင်တွေ၊ တစ်နည်းအားဖြင့် ဝန်ထမ်းတွေက တန်ဖိုးအမြင့်မားဆုံး ပိုင်ဆိုင်မှုလို့ ဆိုနိုင်ပါတယ်။ တစ်နည်းပြန်တွေးရင် တန်ဖိုးမြင့်တဲ့ ဝန်ထမ်းတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ အဖွဲ့အစည်းက ရေရှည်မှာ ထိရောက်အောင်မြင်တဲ့၊ စွမ်းဆောင်ရည်မြင့်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်မှာပါ။ မဟုတ်ရင်တော့ မလွယ်ဘူးပေါ့။ အဖွဲ့အစည်းဝင်တွေထဲမှာ ခေါင်းဆောင်နေရာက နေရတဲ့သူ၊ နောက်လိုက်နေရာက နေရတဲ့သူ၊ ခေါင်းဆောင်မှု ပေးနေရတာနဲ့ တစ်ပြိုင်တည်း မှာပဲ နောက်လိုက်အဖြစ်လည်း ဆောင်ရွက်နေရသူ စသည်ဖြင့် လူအမျိုးမျိုး၊ အလွှာအမျိုးမျိုး ရှိတာပါ။

ဘယ်လိုနောက်လိုက်မျိုးလဲ Read More »