ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၉)
ဘာလုပ်မလဲ အမေရိကန် ဦးမိုး။ ။ ဟေ့လူ ဦးတိုး… ခင်ဗျားကြည့်ရတာ ဒီနေ့ မျက်မှောင်ကြီးကုပ်လို့။ ဘာလဲ… ဟိုဘက်က ထရမ့်ကြီးက နောက်တစ်ခါ ဗုံးထကြဲပြန်ပြီလား။ ဦးတိုး။ ။ အောင်မယ်… ဦးမိုးကလည်း၊ ကြဲတော့မယ့် အနေအထား ဖြစ်နေပြီဗျ။ အခု အရှေ့ အလယ်ပိုင်းမှာ အမေရိကန်က စစ်အင်အားတွေ ပုံအောပြီး လွှတ်ထားတာ ၂၀၀၃ အီရတ် စစ်ပွဲတုန်းကထက်တောင် များနေပြီ။ လေယာဉ်တင်သင်္ဘောကြီး နှစ်စင်းတင်မကဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ အမေရိကန် လေတပ်အင်အားရဲ့ တစ်ဝက်နီးပါးလောက်ကို အဲ့ဒီမှာ သွားစုထားတာဗျ။ ဦးမိုး။ ။ ကျွန်တော်လည်း အဲဒါကိုပဲ သိချင်နေတာ ပြောပြပါဦး… ဒါက အီရန်ကို ခြိမ်းခြောက်တာလား၊ တကယ်ပဲ ဝင်တိုက်တော့မှာလား။ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း အစ္စရေးနဲ့ပေါင်းပြီး အီရန်ရဲ့ […]
ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၉) Read More »









