The Corner

The Corner

cropped-Logo_round_grey-background.png

သတင်းနင်ခြင်း

Share မယ်

အကြမ်းမဖက်ဘဲ
အဖက်ကြမ်းကြရင်
မကောင်းဘူးလား။

စစ်ကိုချစ်ကြလို့
အချစ်တွေဟာ
မစစ်ကြတော့တာလား။

သတင်းတွေဖတ်ပြီး
ဖုန်းလေးလည်း
ရင်တွေပူလို့။

၃၁ဘုံဆိုတာ
သတ်သတ်စီလို့ထင်ခဲ့ဖူးတယ်
တကယ်တော့
အရောရောအနှောနှောကြီးပဲ
ကြည့်ပါလား
လူ့ဘုံနဲ့ငရဲဘုံရောနေတာ
နတ်ဘုံနဲ့ပြိတ္တာဘုံနှောနေတာ။

သိကြားမင်းနဲ့ယမမင်းကိုလည်း
တစ်ယောက်စီလို့ထင်ခဲ့ဖူးတယ်
တကယ်တော့
တစ်ယောက်တည်းပဲ
ကြည့်ပါလား
ဒေါ်နယ်ထရမ့်ဟာ
အမေရိကန်အတွက်သိကြားမင်းဖြစ်ပြီး
အီရန်အတွက်ယမမင်းဖြစ်နေတယ်။

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *