အားကစား၊ ဂုဏ်သိက္ခာနဲ့ နိုင်ငံရေး
ဘောလုံး ဝါသနာအိုးများဟာ ဘောလုံးပွဲကိုသာ အရူးအမူး စိတ်ဝင်စားကြတာပါ။ ကျန်တဲ့ နိုင်ငံရေး၊ ကမ္ဘာ့အရေးတွေကိုလည်း စိတ်ဝင်စားကောင်းဝင်စား ကြပါလိမ့်မယ်၊ ဘောလုံးနဲ့တော့ လာမရောနဲ့လို့ အများစုက ဆိုကြပါ လိမ့်မယ်။ ကမ္ဘာ့စင်မြင့်ထက်မှာ လတ်တလော နေရာယူထားတဲ့ အမေရိကန်နဲ့ အီရန် စစ်ရေး အခြေအနေတွေ ကြောင့် အမေရိကန် သမ္မတ ထရမ့်က ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) ကို ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်ခဲ့တဲ့ အီရန် အသင်းနေရာမှာ ခြေစစ်ပွဲ မအောင်ခဲ့တဲ့ အီတလီ အသင်းကို အစားထိုးဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီလို အစားထိုးဖို့ အကြံပြုချက်အပေါ် အီတလီပရိသတ်တွေကြားမှာတော့ ရှက်ကိုးရှက်ကန်းဖြစ်တာနဲ့ စိတ်မဝင်စားတာ မျိုးတွေ ရောထွေးနေပါတယ်။ အီတလီ မီဒီယာတွေကလည်း ဒီလိုအကြံပြုချက်မျိုးက အရင်ကလည်း […]
အားကစား၊ ဂုဏ်သိက္ခာနဲ့ နိုင်ငံရေး Read More »





