The Corner

The Corner

cropped-Logo_round_grey-background.png

ကမ္ဘာ

ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ထရမ့်ရဲ့ “အမေရိကန် ပထမဦးစားပေးဝါဒ”

၂၀၂၆ ခုနှစ်မှာ ကမ္ဘာကြီး ဝရုန်းသုန်းကားဖြစ်တော့မည်လား။ နှစ်ရဲ့ အစမှာတင် ခရစ်နှစ် ၂၀၂၆ ခုနှစ်မှာ ကမ္ဘာကြီး ဝရုန်းသုန်းကားဖြစ်တော့မယ်လို့ ဆိုရမယ့် အခင်းအကျင်းတွေ စတင်မြင်နေရ ပြီဖြစ်တယ်။ ၂၀၂၆ ခုနှစ်ဟာ စဖွင့်ကတည်းက ရုရှား-ယူကရိန်းစစ်ပွဲပြဿနာ၊ အစ္စရေး-ပါလက်စတိုင်း ပြဿနာ၊ အီရန်-အစ္စရေး ပြဿနာတွေကို အမွေဆက်ခံခဲ့ရတယ်။ အီရန် ဆန္ဒပြသူတွေကို သတ်ဖြတ်ရင် အမေရိကန် စွက်ဖက်မယ်လို့ ထရမ့်သတိပေးနေမှုကလည်း မြွေပူရာ ကင်းမှောင့်ဆိုသလို ဖြစ်နေတယ်။ အခြားတစ်ဖက်မှာ တရုတ်နဲ့ ဂျပန်နိုင်ငံတို့ အကြား အင်ဒို-ပစိဖိတ် ဒေသအတွင်း ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြဿနာကလည်း စိုးရိမ်စရာ ဖြစ်နေ တယ်။ စိုးရိမ်စရာအကောင်းဆုံး ကိစ္စကတော့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ခေတ်သစ်နယ်ချဲ့ဝါဒကို လက်ရဲဇက်ရဲ ကျူးလွန်လာနေမှု ဖြစ်တယ်။ […]

ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ထရမ့်ရဲ့ “အမေရိကန် ပထမဦးစားပေးဝါဒ” Read More »

ဦးတိုး-ဦးမိုး လက်ဖက်ရည်ဝိုင်း (၆)

လိုချင်ရင် အကုန်ယူမယ့် အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဦးမိုး – ဟေ့ ကိုတိုး လာဗျ။ ဒီနေ့တော့ ကျွန်တော် နည်းနည်း စောတယ်။ ဦးတိုး – ကျေးဇူးပါဗျာ။ ဒီရက်ထဲ နေရ ထိုင်ရာတာ အေးနေတော့ နောက်ကျမှပဲ လမ်းလျှောက်ထွက်ဖြစ်တယ်။ ခင်ဗျားကတော့ တယ်ပြီး ဝီရိယ ကောင်းသကိုးဗျ။ ဦးမိုး – ဒီလိုလည်း မဟုတ်ပါဘူးဗျာ။ မနက်စောစော ထတာ အကျင့်ပါနေတော့ စောစောထ တရားလေးထိုင် ပုတီးစိပ် လုပ်ပြီးတာနဲ့ တန်းထွက်လာလိုက်တာ။ လူရှုပ်တာ မကြိုက်တဲ့ ကျွန်တော့်အတွက် စောစောထွက်တာ ပိုကောင်း သလိုပဲ။ သြော် ဒါနဲ့ ခင်ဗျားအတွက် လက်ဖက်ရည် နဲ့ မနက်စာ မမှာရသေးဘူး။ အေးကုန်မှာစိုးလို့။ ခင်ဗျား စားချင်တာ

ဦးတိုး-ဦးမိုး လက်ဖက်ရည်ဝိုင်း (၆) Read More »

မှုန်မှုန်ဝါးဝါး ၂၀၂၅

၁) ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် အိမ်ဖြူတော် ရောက်လာခြင်း သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်အရွေးခံရပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပထမ တစ်နှစ်အတွင်း ပြည်တွင်းရော ပြည်ပမှာရော နိုင်ငံရေး အခြေအနေများ ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်။ ပါရီ သဘောတူညီချက် လို့ လူအများသိကြတဲ့ ရာသီဥတုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စာချုပ်ကနေ အမေရိကန် နုတ်ထွက်လိုက်ပါတယ်။ နယ်စပ်ဖြတ်ပြီး တရားမဝင် ဝင်ရောက်လာသူများကို နှိမ်နင်းဖို့ ဆိုပြီး နယ်စပ် ဒေသတွေဆီကို လက်နက်ကိုင် တပ်ဖွဲ့တွေ စေလွှတ်တယ်။ အမျိုးသား ကာကွယ်ရေး တပ်တွေကို တရားမဝင် ဝင်ရောက်လာသူတွေကို ဝိုင်းဝန်းဖမ်းဆီးပေးဖို့လို့ အကြောင်းပြပြီး အမေရိကန်ရဲ့ မြို့ကြီးတွေဆီကို စေလွှတ်ခဲ့တယ်။ ဒါတင် မကသေးဘူး မတူကွဲပြားမှု၊ တန်းတူညီမျှမှု နှင့် အားလုံး ပါဝင်စေမှုနဲ့

မှုန်မှုန်ဝါးဝါး ၂၀၂၅ Read More »

၂ဝ၂၅ ခုနှစ်အတွင်း တိုးတက်မှုအရှိဆုံးနိုင်ငံ

ယခုနှစ်အတွင်း မည်သည့်နိုင်ငံက တိုးတက် ကောင်းမွန်စွာ အဆောင်ရွက်နိုင်ဆုံးဖြစ်သနည်း။ ခရစ္စမတ် ကာလတိုင်းမှာ အီကော်နော်မစ် စာစောင်က ဒီနှစ်အတွက် အထူးခြားဆုံးနိုင်ငံကို ရွေးချယ်ပါတယ်။ ဒါဟာ  အပျော်ရွှင်ဆုံး နိုင်ငံကို ပြောတာ မဟုတ်ဘူးနော်။ အပျော်ဆုံးနိုင်ငံတွေလို့ ပြောရင် စကင် ဒီနေးဗီးယားနိုင်ငံတွေလို့ ခေါ် ကြတဲ့ ဥရောပ အနောက်မြောက်ပိုင်းက နော်‌ဝေ၊ ဆွီဒင်၊ ဒိန်းမတ်စတဲ့ နိုင်ငံတွေပဲ အမြဲလိုလို ဖြစ်နေမှာမို့လို့ ခန့်မှန်းရလွယ်ပြီး ငြီးငွေ့စရာဖြစ်နေတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်သွားမှာပေါ့။ ဩဇာတိက္ကမ အကြီးဆုံး ဆိုလို့ရှိရင်လည်း ဆူပါပါဝါလို့ခေါ်တဲ့ မဟာ အင်အားကြီး နိုင်ငံတွေပဲ အမြဲဖြစ်နေမှာပေါ့။ အဲဒီအစား အီကော်နော်မစ် စာတည်းအဖွဲ့က တိုးတက် ကောင်းမွန်လာအောင် အဆောင်ရွက်နိုင်ဆုံး နိုင်ငံကိုပဲ ရွေးချယ်ပါတယ်။ စီးပွားရေးအရ ဖြစ်ဖြစ်၊ နိုင်ငံရေးအရ ဖြစ်ဖြစ်

၂ဝ၂၅ ခုနှစ်အတွင်း တိုးတက်မှုအရှိဆုံးနိုင်ငံ Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၅)

ထရမ့်ရဲ့ မိတ်ဆွေများ သိစေဖို့ ဦးတိုး – ကိုမိုး ကျွန်တော်ဒီမှာဗျ။ လာ လာ ထိုင်…။ ဟေ့ ကောင်လေးရေ တို့ကို ခါတိုင်းလိုပဲ လုပ်ဟေ့။ ဦးမိုး – ကျေးဇူးပါပဲ ကိုတိုးရာ။ ဒီနေ့ ခင်ဗျားက အစောကြီး ရောက်နေပြီကိုး။ ဦးတိုး – ဟုတ်တယ်ဗျ။ ဦးမိုး – ကိုတိုးတို့ လင်မယားရော။ လာမယ့် နှစ်သစ်ကူး ပိတ်ရက်ရှည် ဘယ်မှ မသွားကြဘူးလား။ ဦးတိုး – မသွားတော့ပါဘူးဗျာ။ ကျွန်တော်တို့လို အငြိမ်းစားတွေရဲ့ အရသာက သူများတွေ ခရီးသွားချိန်ကို ရှောင်ပြီး ကိုယ်ကြိုက်တဲ့အချိန် ခြေခင်းလက်ခင်း သာယာရှိတဲ့အခါမှ ခရီးသွားရ ကားလမ်းတွေလည်း ချောင်ချောင်ချိချိ လူလည်းရှင်း ဘယ်လောက် ကောင်းသတုံးဗျ။  ဦးမိုး –

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၅) Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၄)

လတ်တလော ကမ္ဘာကြီးရဲ့ အခြေအနေ ဦးမိုး – ဂွတ်မောနင်း။ ကိုတိုး လာဗျာ ထိုင်ဗျာ။ ခင်ဗျား လာမယ်ဆိုလို့ စောင့်နေတာ။ ကျွန်တော်လည်း ရောက်တာ မကြာသေးဘူး။ ကျွန်တော် လက်ဖက်ရည်တောင် မမှာရသေးဘူး။ ဟေ့ ချာတိတ်ရေ။ တို့ဝိုင်းကို ခါတိုင်းလိုပဲ လုပ်ကွာ။ ပေါ့ဆိမ့် နှစ်ခွက်။ ဦးတိုး – ဂွတ်ဒ် မောနင်းပါဗျာ။ ကျေးဇူးပဲ ကိုမိုး၊ နေကောင်းတယ်နော်။ ဦးမိုး – ကောင်းတယ် ကောင်းတယ်။ ကျွန်တော်ကတော့ ကောင်းတယ်။ ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးလည်း နေကောင်းရဲ့လား မသိ ဟား ဟား ဟား။ ဦးတိုး – ကိုတိုးကတော့ လုပ်ပြီ။ စောစောစီးစီး။ ဟုတ်တော့လည်း ဟုတ်တယ်ဗျ။ ကျွန်တော်တို့ဆီမှာသာ ရာသီဥတု အေးစိမ့်စိမ့်နဲ့

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၄) Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၃)

ဒုက္ခရောက်နေတဲ့ ဥရောပ ဦးမိုး – ဟာ ကိုတိုး လာဗျာ။ ရာသီဥတုလေးက အေးလာတော့ မနက်စောစော ထပြီး လမ်းလေးဘာလေးလျှောက်။ ပြီးတော့မှ လက်ဖက်ရည်ဆိုင် ထိုင်ရတာ အရသာ အရှိသားဗျ။ ဦးတိုး – ဟုတ်တယ်ဗျ။ ဒါပေမဲ့ ကိုယ်လက်လေ့ကျင့်ခန်းလေးတွေလုပ်ဖို့တော့ ဒီလိုအေးလာတဲ့အချိန်ထိ စောင့်မနေနဲ့ဗျ။ နေပူပူ မိုးရွာရွာ ဖြစ်နိုင်ရင် နေ့တိုင်းလိုလိုသာ ၁၅ မိနစ် မိနစ် ၂၀ လောက် မှန်မှန်လုပ်ပေး။ ကျွန်တော်တို့ အသက်တွေက ငယ်တာ မဟုတ်တော့ဘူး။ နည်းနည်း ဆင်ခြင်နိုင်မှ တန်ကာကျမယ် ကိုမိုး။ မိုး – အင်းပါဗျာ။ လုပ်ပါတယ်။ အခုရက်ပိုင်း ကျွန်တော်တို့ သက်တူရွယ်တူတွေ ဟိုလူ လေဖြတ်၊ ဒီလူ အဆီတွေတက် ဖြစ်တာတွေ ကြားပြီး

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၃) Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၂)

အပေးအကမ်း ရက်ရောတဲ့ သမ္မတကြီး ဦးမိုး – ဟာ ကိုတိုး လာဗျာ။ ပြီးခဲ့တဲ့ အပတ်ကတောင် မျှော်နေသေးတယ်။ ခင်ဗျား ရောက်လာမလားလို့။ ကျွန်တော်လည်း မိုးထဲရေထဲ အိမ်ထဲမှာ နေရတာ ပျင်းလာလို့ လက်ဖက်ရည်ဆိုင် ခဏထိုင်ဖြစ်သေးတယ်။ ဦးတိုး – ဟုတ်တယ် ကိုမိုးရေ။ သီတင်းကျွတ် ပိတ်ရက်တွေတုန်းက သားတို့ မိသားစုရောက်နေလို့ ရှုပ်နေခဲ့လို့ တန်ဆောင်တိုင် ပိတ်ရက်မှာတော့ စုဆောင်း သိမ်းဆည်းထားတဲ့ စာအုပ်လေးဘာလေး ဖတ်မယ် စိတ်ကူးထားတာ။ ဘယ်ဟုတ်လို့တုံး။ ရွာလိုက်တဲ့မိုး ဆိုတာဗျာ။ အိမ်ထဲလည်း ရေတွေဝင်လို့ ကျွန်တော်တို့ အဘိုးကြီး အဘွားကြီး နှစ်ယောက် ဒုက္ခတွေ ရောက်လိုက်တာဆိုတာ မပြောပါနဲ့ဗျာ။ ဦးမိုး – ကျွန်တော့် အိမ်လည်း အတူတူပါပဲ။ အိမ်ဝိုင်းထဲရော လမ်းပေါ်မှာရော

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၂) Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁)

အာဖရိကတိုက်ရဲ့ ပလ္လင်ပေါ်က သက်တမ်းရင့် ခေါင်းဆောင်များ ဦးမိုး – ဟာ ကိုတိုး လာဗျာ။ ဒီကို မလာတာကြာပေ့ါ။ ဘာ အလုပ်တွေ ရှုပ်နေလို့ ပျောက်နေတာလဲဗျ။ ဦးတိုး – ဒီလို ကိုမိုးရေ။ အိမ်မှာ သားတို့ မိသားစု တစ်သိုက်က ကျွန်တော်တို့ အဘိုးကြီး အဘွားကြီးနှစ်ယောက်ကို သီတင်းကျွတ် လာကန်တော့ရင်း အိမ်မှာ သောင်တင်နေတာဗျ။ မြေးလေးတွေလည်း ပါလာတော့ သူတို့မိသားစု နဲ့ပဲ အလုပ်ရှုပ်နေတာ။ မနေ့ကတော့ ပြန်သွားကြပြီ။ အခုမှပဲ ကျွန်တော်လည်း ကိုယ်ပိုင်အချိန် လေးတွေ ပြန်ရတော့တယ်။ ဦးမိုး – အေးပါဗျာ ကောင်းပါတယ်။ ခင်ဗျားကတော့ သားနဲ့ မြေးတွေနဲ့ သိုက်သိုက် ဝန်းဝန်း ဆိုတော့။ ကျုပ်ကိုတောင် တပည့် သားမြေးများက

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁) Read More »

ကုန်သွယ်ရေးစစ်ကြောင့်အထိနာမည့် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ

ဘင်္ဂလားဒေ့ရှ်နှင့်သီရိလင်္ကာ စသည့် တောင်အာရှနိုင်ငံများနှင့် ထိုင်း၊ မလေးရှားစသည့်  အရှေ့တောင်အာရှ နိုင်ငံများသည် ဒေါ်နယ်ထရမ့်နှင့် သဘောတူညီချက် မရလျှင် စီးပွားရေး အခက်အခဲများ ရင်ဆိုင် ကြုံရမည်။ တောင်အာရှဒေသ အလုပ်သမားဈေးကွက်မှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်တဲ့ နှုန်းဟာ ယေဘုယျအားဖြင့် ဆိုရင် အတော်ကို ဆိုးဆိုးရွားရွား နိမ့်ကျ နေပါတယ်။ ဒါပေမဲ့ ဒီဒေသကြီးအတွင်းက အထည်ချုပ် စက်ရုံတွေ ကတော့ ခြွင်းချက် ထားရမယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံမှာ အပ်ချုပ်စက်တွေနဲ့ ချုပ်လုပ်နေတဲ့ စက်ချုပ် အလုပ်သမ တွေက လုပ်သား အင်အားရဲ့ သုံးပုံနှစ်ပုံ လောက်ရှိတယ်။  အထည်ချုပ် လုပ်ငန်းက ၁၉၈ဝ ပြည့်လွန်နှစ်တွေ ကာလ နောက်ပိုင်းမှာ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ကို ဦးဆောင်နေပြီး သန်းချီရှိတဲ့

ကုန်သွယ်ရေးစစ်ကြောင့်အထိနာမည့် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ Read More »