The Corner

The Corner

cropped-Logo_round_grey-background.png

သူရေးတဲ့စာ

တီဟီရန်မှာ ဆုံစို့ကွယ် – စိုင်းအောင်မြင့် (တာချီလိတ်)

ဒေါ်နယ်ထရမ့်လိုပဲ ကျွန်မကိုယ်တိုင်လည်း အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံရဲ့ အခြေအနေကို တစ်ခါက အထင်သေးခဲ့မိဖူးတယ်။ ၂၀၀၄ ခုနှစ် ဆောင်းဦးပေါက်တုန်းက ကျွန်မက လောက်လောက်လားလား အလုပ်မရှိသေးတဲ့ အလွတ်တန်း သတင်းထောက်ပေါက်စတစ်ယောက် ဖြစ်တာကြောင့် နိုင်ငံတကာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေနောက်ကို လိုက်ချင်နေတော့ သတင်းထောက်ဗီဇာ မဟုတ်ဘဲ အလည်အပတ် ဗီဇာနဲ့ပဲ တံခါးပိတ်ထားတဲ့ နိုင်ငံထဲကို သွားကြည့်ဖို့ စိတ်ကူးပေါက်ခဲ့တာ။ တကယ်တော့ အီရန်ကို သတင်းထောက် ဗီဇာနဲ့ သွားဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါကြောင့်လည်း ဘယ်သူ့ခိုင်းစေချက်မှ မပါဘဲ ကိုယ့်ဘာသာကိုယ် လေ့လာရေးခရီး ထွက်ခဲ့တာပါ။ ကျွန်မလို နာမည်မရှိတဲ့ သတင်းထောက်တစ်ယောက်ကို ဘယ်သူက ဂရုစိုက်မှာလည်းလို့လည်း တွေးခဲ့မိတာပေါ့။ ဟိုရောက်ရင် ခရီးသွားသလိုလိုနဲ့ လည်ပတ်ရင်း အီရန်က နိုင်ငံရေး လေ့လာသုံးသပ်သူတွေ၊ […]

တီဟီရန်မှာ ဆုံစို့ကွယ် – စိုင်းအောင်မြင့် (တာချီလိတ်) Read More »

အနာဂတ်ကို တောင်းပန်ခြင်း

ကျွန်တော် တစ်ရက်က ဖေ့စဘုတ်ပေါ်တွင် သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ သို့သော်လည်း ထိုသတင်းကို လူများ ကြိုက်နှစ်သက်မှု နည်းသလို စိတ်ဝင်စားမှုလည်း မရှိကြောင်း တွေ့ရသည်။ သတင်းက ကမ္ဘာနာရီ လှုပ်ရှားမှု အထိမ်းအမှတ် ထိုင်းနိုင်ငံက ပြည်သူတွေကို တစ်နာရီ (၆၀ မိနစ်) မလိုအပ်ပဲ လျှပ်စစ်မသုံးဘဲနေရန် (မီးပိတ်ထားကြရန်) တောင်းဆိုခြင်းဖြစ်သည်။ ကျွန်တော် အတော်သဘောကျသည်။ ဖြစ်နိုင်သည် မဖြစ်နိုင်သည်၊ ဖြစ်လိမ့်မည် မဖြစ်လိမ့်မည်ကို အသာထား၍ အင်မတန်ဖြစ်သင့်သော ကိစ္စရပ်တစ်ခု ဖြစ်ကြောင်းကို တစ်ဦးတည်း ထောက်ခံမိသည်။ သို့သော် လွယ်ကူလိမ့်မည်မဟုတ်ကြောင်းလည်း တွေးမိသည်။ တစ်နာရီမပြောနှင့် တစ်မိနစ်စာ လျှပ်စစ်မီး ပြတ်တောက်သွားပါက ကျွန်တော်တို့လို နိုင်ငံ အတွက် ထိခိုက်မှုနည်းသော်လည်း ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံများအဖို့မှာ ဒေါ်လာသန်းပေါင်းများစွာ ထိခိုက်သွားနိုင်သည်။ တစ်ခုရှိသည်က လျှပ်စစ်မီး

အနာဂတ်ကို တောင်းပန်ခြင်း Read More »

ဆရာတော်ရေးသည့် မှာတမ်းစာ 

မေတ္တာစာဆိုသည့် အရေးအသားတစ်ခုဟာ ယနေ့ခေတ်မှာ မရှိသလောက် ဖြစ်သွားပေပြီ။ သို့သော်လည်း မြန်မာစာ အတိုးတက်ဆုံးဟု ဆိုနိုင်သည့် အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်များတွင်မူ ခေတ်စားခဲ့ကြောင်း တွေ့ရပေသည်။ အင်းဝခေတ်တွင် ရှင်မဟာရဋ္ဌသာရနှင့် ကုန်းဘောင်ခေတ်တွင် ဦးပုညတို့မှာ အထင်ရှားဆုံးဖြစ်သည်။ မေတ္တာစာဆိုသည်က မေတ္တာနှင့် စာကို ပေါင်းစပ်ထားခြင်း မဟုတ်ပါလော။ မေတ္တာ၏အနက်ကို လိုက်ကောက်ကြည့်မည်ဆိုလျှင် ပါဠိဘာသာစကား ‘မိတ္တ’ (Mitta) မှ ဆင်းသက်လာသော မေတ္တာ (Metta) ဟူသည်မှာ မိတ်ဆွေကောင်းတို့၏ ချစ်ခင်ခြင်း၊ အကျိုး လိုလား ခြင်းနှင့် ငြိမ်းချမ်းစေလိုခြင်းဟူသော အနက်အဓိပ္ပာယ်ကို ဆောင်သည်။ မေတ္တာဟူသော စကားလုံးသည် သက္ကတ ဘာသာ ‘Maitri’ မှ ဆင်းသက်လာပြီး ယင်းသည် နေမင်း၏ နွေးထွေးမှုနှင့် တူညီသော သဘောကို ဆောင်သည်။ နေမင်းသည် ကမ္ဘာလောကရှိ သက်ရှိအားလုံးအပေါ် ခွဲခြားမှုမရှိဘဲ အလင်းနှင့် အပူကို

ဆရာတော်ရေးသည့် မှာတမ်းစာ  Read More »

အနှောင့်အယှက်တွေရှိနေပြီလား

စီမံခန့်ခွဲသူတွေအနေနဲ့ ကိုယ့်အဖွဲ့အစည်းရဲ့ ရည်မှန်းချက်၊ ဦးတည်ချက်တွေကို ဖော်ဆောင်ရာမှာ အရှိန်အဟုန် ဘယ်လောက်နဲ့ ရွေ့နေသလဲဆိုတာကို အမြဲသတိပြုနေဖို့ လိုပါတယ်။ အရှိန်အဟုန် ကောင်းကောင်းနဲ့ မောင်းနှင်လည်ပတ်နေတာ ဟုတ်ရဲ့လား၊ ရှေ့ကို ရောက်သင့်သလောက် ရောက်နေရဲ့လား ဆိုတာကို ကြည့်နေဖို့ လိုပါတယ်။ ဒီလိုလေ့လာသုံးသပ်နေရင်းနဲ့ ကိုယ့်အဖွဲ့အစည်းရဲ့ လုပ်ငန်းယန္တရား လည်ပတ်မှုကို အဟန့်အတား၊ အနှောင့်အယှက်ပြုနေတဲ့ အရာတွေ၊ လုပ်ရပ်တွေ၊ အရှိန်အဟုန် ပျက်သွားအောင် ပြုနေတဲ့ အရာတွေ၊ လုပ်ရပ်တွေကိုပါ တစ်ပါတည်း ကြည့်နိုင်မြင်နိုင်၊ ဖယ်ရှားနိုင်ဖို့ လိုပါတယ်။ လုပ်ငန်းခွင် တစ်ခုအတွက် ရင်ဆိုင်ကြုံတွေ့ရတဲ့ အနှောင့်အယှက် အဟန့်အတားလို့ ဆိုရာမှာ ကိုယ့်အဖွဲ့အစည်း တိုးတက်အောင်မြင်သွားမှာကို မလိုလား၊ မရှုစိမ့်နိုင်တဲ့သူတွေဆီက လာတဲ့ ပြင်ပ ပယောဂ တွေ ပါနိုင်သလို အတွင်းစည်းထဲက ကိုယ့်အဖွဲ့အစည်းဝင်တွေ ကိုယ်၌က

အနှောင့်အယှက်တွေရှိနေပြီလား Read More »

ဂါးနီးကား ပန်းချီဂယက်

ဂယက် – ၁ ဒီဂယက်က ပန်းချီကားသက်တမ်း ၆၆ နှစ်နီးပါးအကြာမှာ ပေါ်ခဲ့တဲ့ဂယက်။ ပီကာဆို၏ ဂန္ထဝင်မြောက်လက်ရာက နှစ်ပေါင်းကာလအတန်ကြာသည်အထိ ဂယက်ရိုက်ဆဲ။ ဖြစ်ပုံက ဤသို့။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကောလင်းပါဝဲလ်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၊ လုံခြုံရေးကောင်စီအစည်းအဝေး၌ မိန့်ခွန်းပြောသည်။ သမိုင်းတွင်ရစ်သည့် မိန့်ခွန်း။ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်က လူအစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက် ပစ္စည်းများကို အင်အားတကြီး စုဆောင်းနေကြောင်း၊ အထူးသဖြင့် ဇီဝလက်နက်/ဓာတု လက်နက် များကို တိုး၍ ထုတ်လုပ်နေကြောင်း၊ အီရတ်ခေါင်းဆောင်များလက်ဝယ်ရှိ ယင်းလက်နက်များသည် ဒေသဆိုင်ရာလုံခြုံမှုကိုသာမက ကမ္ဘာကြီးတစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုပါ ခြိမ်းခြောက် နေကြောင်း ပြောသည်။ ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကို အမေရိကန်အစိုးရက စိုးရိမ်တာ နည်းနည်းပဲဖြစ်မည်။ တကယ့်တကယ်က အီရတ်ကို ဝင်တိုက်ဖို့ အစပျိုးနေ၊

ဂါးနီးကား ပန်းချီဂယက် Read More »

အတာကူးသောလ

၁၄-ဧပြီ-၂၂၂၀  “နောက်နှစ်တွေ ဒီအချိန်ကျရင် မမ်မိုရီ ပြန်တက်လာဖို့ တင်လိုက်ပါတယ်”  “ဒီကာလမှာ ငါတို့တွေ ဒီလို ဖြတ်သန်းခဲ့ရတယ်ဆိုတာ တစ်ချိန်မှာ ပြန်ပြောပြရမယ်”  “ငါတို့အားလုံးအတူ ကျော်ဖြတ်နိုင်မှာပါ”  “ခြောက်ကပ်နေတဲ့ လမ်းမများ အမှတ်တရ”  “…………………”  သူတို့အဖွဲ့ ပတ်လည်ဝိုင်းကာ ကြည့်နေသော စာသားများ၊ ရုပ်ကြွပုံရိပ်များက တဖျပ်ဖျပ် ပြောင်းလဲနေသည်။ အခြား သက်ဆိုင်ရာ ဒေသအပိုင်းအခြားအလိုက် သုတေသန လုပ်နေကြသည့် အဖွဲ့အသီးသီးကဲ့သို့ပင် သူတို့အဖွဲ့၏ အင်အားမှာ ခြောက်ဦးရှိသည်။ နည်းပညာပါရဂူ၊ စိတ်ပညာပါရဂူ၊ ရှေးဟောင်းသုတေသနပါရဂူ၊ ယဉ်ကျေးမှုပါရဂူ၊ ဇီဝနှင့်ဥတုပါရဂူ နှင့် ဘူမိဗေဒပါရဂူ တို့ ဖြစ်လေသည်။  သူတို့ဆိုသည်မှာ ယခုရောက်နေသော ဂြိုဟ်ကမ္ဘာနှင့် ကြယ်စင်စုပေါင်းများစွာ ဝေးကွာလှသော နေရာမှ ရောက်ရှိလာသည့် အဆင့်မြင့်သက်ရှိများ ဖြစ်ကြ၏။  စိတ်ပညာပါရဂူက ပုံရိပ်များကို ကြည့်ရင်း

အတာကူးသောလ Read More »

တစ်ကွက်တည်းသော ဘဝနေနည်း

“ကျွန်တော်က သိုင်းကွက်အများကြီး ကစားတတ်တဲ့သူထက်စာရင် သိုင်းတစ်ကွက်တည်းကို ထပ်ခါတလဲလဲ လေ့ကျင့်ထားတဲ့သူကို ပိုကြောက်တယ်”။  ထိုစကားကို ပြောခဲ့သူမှာ တစ်ချိန်က ကမ္ဘာကျော်ကွန်ဖူးမင်းသားကြီး ဘရုစ်စလီ (Bruce Lee) ပင်ဖြစ်သည်။ ထိုစဉ်က ဤစကားကို သိပ်ပြီး သဘောမပေါက်ခဲ့ပေ။ မည်သည့်ပညာကိုပဲသင်သင် တစ်ခုတည်းကိုသာ သင်ယူ၍မရဟု ထင်ခဲ့မိသည်။ ကွန်ဖူးဆိုလျှင်လည်း ကွန်ဖူးသိုင်းကစားကွက်ပေါင်းများစွာကို ပြည့်စုံအောင် သင်ကြရသည် မဟုတ်ပါလား။ မည်သူမျှ “တစ်ကွက်တည်းသင်ပေးပါ” ဟုလည်း မပြောကြချေ။ ကျောင်းသားဘဝကဖြစ်၍ “အင်း… ဘရုစ်စလီကိုခေါ်ပြီး ကျောင်းတွေမှာ ဘာသာရပ်တစ်ခုတည်းကိုပဲ သင်ပေးဖို့ ပြောဦးမှ” ဟုပင် နောက်ပြောင်ခဲ့ ကြသေးသည်။  သို့သော်လည်း ဘရုစ်စလီ ပြောလိုသည်မှာ သင်ယူခြင်းသက်သက်နှင့်မဆိုင်။ သင်ယူသည့်ကိစ္စတွင် မည်သည့် ပညာရပ်ကို မဆို သင်ယူနိုင်သည်။ သို့သော် ဘဝရပ်တည်ရေးအတွက် အမှန်တကယ် လိုအပ်သည်မှာ ထိုသင်ယူခဲ့သည့် ပညာရပ်များထဲမှ “တစ်ကွက်” သာလျှင်

တစ်ကွက်တည်းသော ဘဝနေနည်း Read More »

ပေါ်သစ်၊ ခင်ဝမ်းနှင့် ဂါးနီးကား 

ဂွာရာနီကာလား၊ ဂွာယာနီးကားလား၊ ဂါးနီးကားလား  စပိန်လူမျိုး ကမ္ဘာကျော်ပန်းချီဆရာကြီး ပတ်ဘလိုပီကာဆိုအကြောင်းပြောလျှင် ဂွာရာနီကာနှင့် ငြိမ်းချမ်းရေးချိုးဖြူငှက်အကြောင်းက အမြဲလိုလိုပါသည်။ တစ်ခုက စစ်ဆန့်ကျင်ရေးပန်းချီကား၊ တစ်ခုက ငြိမ်းချမ်းရေးသရုပ်ဖော်ပန်းချီ။ စပိန်နိုင်ငံမြောက်ပိုင်း ဂွာရာနီကာရွာ၏အဖြစ်အပျက်ကို ဖတ်ရှုခံစားပြီး ခြယ်မှုန်းထားသည့်အတွက် ဒီပန်းချီကားက ဂွာရာနီကာအမည်တွင်သွားတာ ဖြစ်သည်။ စပိန်နိုင်ငံမြောက်ပိုင်းနှင့် ပြင်သစ်နိုင်ငံ အနောက်တောင်အစပ်တွင် ဘတ်စ်ခ် (Basque) လူမျိုးတို့ နေထိုင်ရာ Basque Country (ဘတ်စ်ခ်နယ်မြေ) ရှိသည်။ ဂွာရာနီကာက ထိုနယ်ထဲက တောမကမြို့မကျ မြို့ငယ်လေး။ စစ်ရေးအရ မည်သို့မျှအရေးပါအရာရောက်သည့်ရွာ မဟုတ်လေ။  Guernica ကို ဂွာရာနီကာ / ဂွာယာနီးကားဟု ရေးကြ၊ ဖတ်ကြတာများသည်။ ဒီနာမည်ကို ဘတ်စ်ခ် (Basque) လို၊ စပိန်လို ဘယ်လိုအသံထွက်သလဲ။ သူတို့အသံထွက်ကို မိမိနားထောင်ကြည့်သော်လည်း အသံကိုသေချာဖမ်း၍မရ။ အင်္ဂလိပ်အသံထွက်ကတော့ လွယ်သည်။ ဂါးနီးကား / ဂဲရ်နီးကား

ပေါ်သစ်၊ ခင်ဝမ်းနှင့် ဂါးနီးကား  Read More »

ပညာစမ်းရေ

ကျင်လည်ရတဲ့ အဝန်းအဝိုင်းအတွင်းမှာ မသေချာမရေရာမှုတွေက အမြဲမင်းမူနေတယ်။ အခြေအနေတွေက အမြဲပြောင်းနေတယ်။ နည်းပညာတွေကလည်း တိုးတက်လာတယ်။ ပြိုင်ဘက်တွေကလည်း ပိုပိုများလာတယ်။ ဒီအခြေအနေမျိုးမှာ အသိပညာဗဟုသုတ အမြဲရှာမှီးနေတဲ့ အဖွဲ့အစည်းတွေ၊ ရလာတဲ့ အသိပညာတွေကို ကိုယ့်အဖွဲ့အစည်းအတွင်းမှာ ပျံ့ပွားအောင်ပြုနိုင်တဲ့သူတွေ၊ ဒီပညာတွေကို ကိုယ်ထုတ်မယ့် ထုတ်ကုန်၊ ကိုယ်ပေးမယ့် ဝန်ဆောင်မှုတွေအတွက် ထိထိမိမိ အသုံးချပေးနိုင်တဲ့သူတွေကသာ ရေရှည်ရပ်တည်နိုင်ကြမှာပါ (Nonaka & Takeuchi, 2007)။ ရှာမှီးထားတဲ့၊ ရရှိထားတဲ့ အသိပညာဗဟုသုတတွေကို တစ်ယောက်ကနေ တစ်ယောက်၊ တစ်ဖွဲ့ကနေ တစ်ဖွဲ့၊ ဌာနခွဲတစ်ခုကနေ နောက်တစ်ခု အချင်းချင်း စီးဆင့်ပျံ့ပွားအောင် လုပ်နိုင်တဲ့ အဖွဲ့အစည်း၊ ဒီစနစ်မျိုး အားကောင်းအောင် တည်ဆောက်ထားတဲ့ အဖွဲ့အစည်းတွေကသာ ကိုယ့်ရည်မှန်းချက်၊ ဦးတည်ချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ပြီး ဒီစနစ်မျိုးမရှိတဲ့ အဖွဲ့အစည်းတွေထက်စာရင် ရေရှည်ရပ်တည်နိုင်စွမ်း ပိုမြင့်တာကိုလည်း

ပညာစမ်းရေ Read More »

သူက ယင်တစ်ကောင်တောင် သတ်မယ့်ကောင်မဟုတ်ဘူး

ဆလာဗင်ဒါ ဒရာကူလစ်ချ် (၁၉၄၉-   ) ဂိုရန်ယဲလ်လီဆစ်ချ် – အေးဆေးတည်ငြိမ်သော ငါးမျှားသမားနှင့် စစ်ရာဇဝတ်သား ဘော့စနီးယားနိုင်ငံ၊ ဘီယဲလ်ယင်းနားမြို့ဇာတိ ဆာ့ဗ်လူမျိုး ဂိုရန်ယဲလ်လီဆစ်ချ် (Goran Jelisić) ကို ၁၉၉၂ ခုနှစ် မေလအတွင်း အကျဉ်းသား ၁၃ ယောက်ကို သတ်ဖြတ်မှုဖြင့် သည်ဟိဂ်အခြေစိုက် “ယခင်ယူဂိုဆလားဗီးယားအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး” (International Criminal Tribunal for the former Yugoslavia – ICTY) က ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခဲ့သည်။ ဘော့စနီးယားနိုင်ငံ ဘာ့ဂျ်ကောရဲစခန်းနှင့် ဘာ့ဂျ်ကောအနီးရှိ လုခါအကျဉ်းစခန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်ပွဲအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။ အသတ်ခံရသူ အရေအတွက်က တကယ်တမ်း တစ်ရာကျော်ကျော် ရှိသည်ဟု ယူဆရသည်။ အကျဉ်းသားအများစုက

သူက ယင်တစ်ကောင်တောင် သတ်မယ့်ကောင်မဟုတ်ဘူး Read More »