ကလောင်ရိုးဖြင့် စည်းရိုးထိုးမည်လော
စာရေးဖို့ဆိုတာကလည်း ကိုယ်တိုင် အတွေ့အကြုံများသူ (သို့မဟုတ်) စာပေလေ့လာလိုက်စားမှုဆိုသည့် အရာနှစ်ခုထဲကမှ တစ်ခုခုသော်လည်းကောင်း၊ နှစ်ခုစလုံးသော်လည်းကောင်း ပြည့်စုံနေရမည် မဟုတ်လား။ သို့တည်းမဟုတ်လျှင် ကိုယ့်ခံစားချက်တစ်ခုကို ချရေးလိုက်ရုံဖြင့် စာရေးဆရာ အလွယ်လေး ဖြစ်နိုင်မည်မဟုတ်ပေ။ ဤသို့ ထင်မြင်ယူဆမည်ဆိုလျှင် လူတိုင်း စာရေးဆရာများ ဖြစ်နေကြလိမ့်မည်မှာ မလွဲဧကန်တည်း။ စာရေးဆရာ မဖြစ်နိုင်သော်လည်း စာရေးသူတစ်ယောက်အဖြစ် ခံစားချက်ရှိသူတိုင်း ဖြစ်ခွင့်ရှိသည်။ ကျွန်တော့်အမြင် ပြောရလျှင်မူ စာရေးသူတစ်ယောက်ဖြစ်ဖို့ရာတွင် မည်သို့နည်းဖြင့်ဆိုသည့် ဝါကျဖွဲ့ထုံးနည်းစနစ်ကို အထူးဂရုပြု လေ့လာလိုက်စားစရာ လိုအပ်မည်မဟုတ်ပေ။ ဤသို့ဆိုရခြင်းမှာ အဆင့်အတန်း ခွဲခြားလိုခြင်းမဟုတ်။ ရှိသင့်ရှိထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်သည်ကိုသာ ဆိုခြင်းဖြစ်သည်။ ခေတ်တိုင်းခေတ်တိုင်းတွင် စာပေနှင့်ပတ်သက်၍ ရေးဖွဲ့မှတ်တမ်းတင်ကြသည်။ သို့သော် ခေတ်တစ်ခေတ်တွင် ရေးဖွဲ့ခဲ့ကြသူတိုင်းသည် နောက်တစ်ခေတ်ရောက်သည်အထိ တင်ကျန်ရစ်ခဲ့သူ နည်းပါးလှပါသည်။ ခေတ်အဆက်ဆက်ဆိုလျှင် ပို၍ပင် နည်းပါးပါသည်။ ထိုအခြင်းအရာကား ဥပမာထုတ်ပြစရာ […]
ကလောင်ရိုးဖြင့် စည်းရိုးထိုးမည်လော Read More »









