The Corner

The Corner

cropped-Logo_round_grey-background.png

သူရေးတဲ့စာ

သိန်းဖေမြင့်၊ အက်ဂါစနိုး၊ ဂျော့အော်ဝဲလ်

(၁) ဆရာသိန်းဖေမြင့်က “စစ်အတွင်းခရီးသည်” (၁၉၅၃၊ ရှုမဝစာအုပ်တိုက်) ထဲ၌ အိန္ဒိယတွင် သူ အင်္ဂလိပ် ဘာသာနှင့် ရေးသား ထုတ်ဝေခဲ့သော What happened in Burma စာအုပ်အကြောင်း ဤသို့ ရေးသည်။ ပန်ဂျပ်ဟိုတယ်တွင် အကျယ်ချုပ်နှင့် နေရသော ထိုအချိန်တွင်ပင် ကျွန်တော်တို့သည် “What happened in Burma” (ဗမာပြည်မှာ ဘာဖြစ်ခဲ့သလဲ) ဆိုသော စာအုပ်ငယ်ကို ရေးလေ၏။ ယခင်က အင်္ဂလိပ်လို ဆောင်းပါးကိုပင် မရေးဖူးချေ။ သို့ရာတွင် အရေးကြုံတော့ အင်္ဂလိပ်လို မရေးဘဲ မဖြစ်တော့ ရဲရဲဝံ့ဝံ့ပင် ရေးချလိုက်သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံနှင့်အစပျိုးသည်။ အင်္ဂလိပ်တွေ ဖိနှိပ်ပုံ၊ အင်္ဂလိပ်ကို ဒေါသူပုန် ထပုံ၊ ဂျပန် သူလျှိုများ ဝင်၍ ငါးစာပစ်ပုံ၊ […]

သိန်းဖေမြင့်၊ အက်ဂါစနိုး၊ ဂျော့အော်ဝဲလ် Read More »

နောင် ဒိုင်း အသံလေးရပ်နေတော့

ကျွန်တော် အမှတ်တမဲ့ နေခဲ့တဲ့အကြောင်းအရာလေး မကြာခင်ကပြန်ဖတ်မိတော့စဉ်းစားစရာတစ်ခုဖြစ်ခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာမှာအချိန်သတ်မှတ်ပုံက နာရီ ၆၀ ရှိတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ မြန်မာ ရေနာရီပါ။ တစ်နေ့ကို နာရီ ၆၀ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့နာရီက ၂၄ နာရီရှိ တယ်ဆိုတာ လူတိုင်း လက်ခံ ထားပြီးသား ဖြစ်သလို မြန်မာတွေ လူငယ်ဘ၀ စာစသင်ပြီဆိုကတည်းက ဒီ ၂၄ နာရီရှိ တဲ့နာရီကို ကြည့်တတ်ဖို့ သင်ကြားခဲ့ရတာပဲဖြစ်ပါတယ်။ တကယ်ဆို ကျွန်တော်တို့တစ်တွေက မြန်မာတွေ မဟုတ်ဘူးလား။ ဘာဖြစ်လို့ သူများနာရီကို ယူငင် သုံးစွဲခဲ့ရတာလဲ။ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော် မသိပါဘူး။ ကျွန်တော့်အထင် လွယ်ကူ အဆင်ပြေတဲ့အရာ မို့လို့ သုံးစွဲခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ယနေ့ထိ လူတိုင်းရဲ့

နောင် ဒိုင်း အသံလေးရပ်နေတော့ Read More »

ကျွန်တော့်ဘဝရဲ့ မွေးနေ့မှတ်တိုင်အသစ်

ကျွန်တော်ဟာ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်း နိုင်ငံတော်အာဏာသိမ်းပြီး (၁၇၇) ရက်အကြာ ဩဂုတ်လ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့မှာတော့ ကျွန်တော့်ဘဝရဲ့ မွေးနေ့မှတ်တိုင်အသစ်တစ်ခု ရောက်လာပြန်ပါပြီ။ ဒီနေ့မှာပဲ ဘာသာရေးကိုင်းရှိုင်းတဲ့ လူငယ်လေး တစ်ဦးဆီကနေ ရိုးရှင်းပေမယ့် အဓိပ္ပာယ်နက်ရှိုင်းတဲ့ မွေးနေ့ဆုတောင်း စာတိုလေးတစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။ စာက တိုတိုလေးပဲ၊ ပင်လယ်ထဲက ရေခဲတောင်ထိပ်ဖျားလေးလိုပဲ။ ဒါပေမဲ့ အဓိပ္ပာယ်က  ရေခဲတောင်ထိပ်ဖျား အောက်ဘက်မှာ မမြင်နိုင်တဲ့ ထုထည်က ကြီးလှပါတယ်။ “Do not count the candles but see the light they give. Do not

ကျွန်တော့်ဘဝရဲ့ မွေးနေ့မှတ်တိုင်အသစ် Read More »

မျက်လှည့်ပြခြင်း

ပြကွက်ကို ဘူတာရုံမှာပင် ပြသည်။ ပွဲကြည့်ပရိသတ်ကလည်း ဘူတာရုံသို့ တစ်အုပ်တစ်မကြီး သွားရောက်ကြည့်ရှုကြပါသည်။ ဘူတာရုံ လမ်းပေါ်တွင် ခရီးသည်တင် မီးရထားကြီးတစ်စင်း ရပ်နေ၏။ရထားမှာ အရုပ်မဟုတ်၊ ပုံကားချပ်လည်း မဟုတ်ဘဲ တကယ့် ရထား အစစ်ကြီး ဖြစ်သည်။ ရထားအစစ် ဟုတ်မဟုတ်ကို ပရိသတ်ထဲကတချို့ကို စစ်ဆေးကြည့်ရှုခွင့်ပေးသည်။ ခရီးသည်တင် ရထားကြီးဖြစ်ကြောင်း ပရိသတ်က အတည်ပြုပေးပြီးနောက် ရထားတစ်စင်းလုံးပေါ် တာလပတ်ကြီးဖြင့် အုပ်မိုးလိုက်ပါသည်။ ထို့နောက် ကြိမ်တုတ်ကလေး တဝင့်ဝင့်နှင့် ဒေးဗစ်ကော့ပါးဖီးလ်က ထိုရထားကြီးကို ပျောက်ကွယ်သွားအောင် သူလုပ်ပြပါမည်ဟု ပရိသတ်ကိုပြောကာ တုတ်ကို အပေါ်ဘက် ဝင့်ပြလိုက်သည်နှင့် တာလပတ်အုပ်ထားသော ရထားကြီးအပေါ်သို့ တဖြည်းဖြည်း မြောက်တက်ကာ နောက်ဆုံးကောင်းကင်ပေါ် တွင် ပျောက်ကွယ်သွားပါတော့သည်။ ထို့နောက် ဒေးဗစ်ကော့ပါးဖီးလ်က ကြိမ်တုတ်လေးကို အောက်ဘက်သို့ ဆွဲချပြလိုက်သောအခါ တာလပတ်ကြီးမှာ အောက်သို့

မျက်လှည့်ပြခြင်း Read More »

အပယ်ရတနာ

ရတနာဆိုတဲ့အထဲမှာ သဘာဝထဲမှာရှိနေတဲ့ သက်မဲ့ကျောက်မျက်ရတနာတွေရှိသလို ဆင်ရတနာ၊ မြင်းရတနာ စသည်အားဖြင့် သက်ရှိ ရတနာတွေလည်းရှိကြတယ်။ သား၊ သမီးရတနာဆိုတဲ့အခေါ်အဝေါ် မျိုးလည်းရှိတယ်ပေါ့။ ရှားပါးလို့၊ အဖိုးထိုက်အဖိုးတန်ဖြစ်လို့၊ နှစ်သက်မြတ်နိုးစရာဖြစ်နေလို့ ရတနာဆိုတဲ့ဂုဏ်ပုဒ်ကို ရခဲ့ကြတာလို့ဆိုတယ်။ ရှားပါးတာနဲ့ အဖိုးတန်တာက တိုက်ရိုက်မဟုတ်ပေမယ့် အတော်လေးတော့ ဆက်စပ်မှု ရှိနေပုံရပါတယ်။ ရတနာ မှန်သမျှ ရှားပါး နေကြတာ ကတော့ သေချာတယ်။ စိန်ကောင်း၊ ကျောက်ကောင်း တစ်ပွင့်ရဖို့၊ ရွှေကြော တစ်ခုတွေ့ဖို့ ကျောက်တူးသမားတွေ၊ ကုမ္ပဏီတွေ ဘယ်လောက် အထိ ခက်ခက်ခဲခဲ ရှာကြရသလဲ ဆိုတဲ့အချက်ကို ကြည့်ရင် ရှားပါးမှုရဲ့ သရုပ်သကန်ကို မြင်နိုင်တွေ့နိုင်မှာပါ။ ရတနာတွေ နောက်ကိုလိုက်ရင်း အခက်အခဲ အမျိုးမျိုးကြုံရ၊ အသက်တွေ၊ ဘဝတွေ စွန့်လွှတ်ကြရတဲ့အဖြစ်တွေလည်း များခဲ့ကြလှပြီပေါ့။ “လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုး၊

အပယ်ရတနာ Read More »

ဟိုမီယို ပက်သီ ဓာတ်ကြမ်းတိုက်ကုထုံးတာကို ယုံမိရင် အပြစ်လား

(မူရင်း ဆောင်းပါးမှာ ဖော်ပြထားတဲ့ အတိုင်း ဆေး သိပ္ပံအရ အငြင်းပွားဖွယ် ကုထုံး တစ်မျိုးဖြစ်တဲ့ Homeopathy (ဟိုမီယို ပက်သီ) လို့ပဲ ဒီဆောင်းပါးမှာ ဝေါဟာရတစ်ခုအဖြစ် တိုက်ရိုက်သုံးသွားပါမယ်။ Homeopathy (ဟိုမီယို ပက်သီ) ဟာ ၁၇ ရာစုလောက် ကတည်းက ပေါ်ခဲ့တဲ့ ကုထုံးတစ်ခုပါ။ Homeopathy (ဟိုမီယို ပက်သီ) ရဲ့ သဘောကတော့ အကြမ်းဖျင်း ပြောရရင် ကြက်သွန်နီ အစိမ်းက လူကောင်း တွေကို မျက်ရည်ကျစေ နှာမွှန်စေပါတယ်။ ဒါကို ကြည့်ပြီး Homeopathy (ဟိုမီယို ပက်သီ) ကုထုံးဆရာတွေက မျက်လုံးပူ နှာမွှန်ပြီး အဖျားရှိတဲ့ လူနာတွေကို ပမာဏ အလွန်နည်းတဲ့ ကြက်သွန်နီ အစိမ်း ထည့်ဖျော်ထားတဲ့ ဆေးကို ပေးပြီး

ဟိုမီယို ပက်သီ ဓာတ်ကြမ်းတိုက်ကုထုံးတာကို ယုံမိရင် အပြစ်လား Read More »

အကောင်းဆုံးမိတ်ဆွေ

စာဖတ်တာဟာ ကောင်းပါတယ်။ စာဖတ်တဲ့အတွက် ယဉ်ကျေးသိမ်မွေ့လာနိုင်တယ်။ အသိဉာဏ် ရင့်ကျက် လာနိုင်တယ်။ ဗဟုသုတရှိပြီး လူလိမ်မခံရနိုင်ဘူး။ ဒါပေမဲ့ စာဖတ်တိုင်း လူလိမ္မာ၊ လူယဉ်ကျေး ဖြစ်မယ်လို့တော့ ကောက်ချက်မချနိုင်ပါဘူး။ လူ့ဘဝရဲ့အကောင်းဆုံးအဖော်ဟာ ဘာလဲလို့မေးလာရင် အကောင်းဆုံးအဖော်ဟာ “စာအုပ်”ပေါ့လို့ ကျွန်တော်ဖြေမယ်လို့ ရေးခဲ့ဖူးပါတယ်။ စာအုပ်ဟာ အကောင်းဆုံးအဖော်၊ အကောင်းဆုံးမိတ်ဆွေ ဖြစ် ပါတယ်။ စာဖတ်နေသူဟာ စိတ်ကို တည်ငြိမ်စေပြီး အာရုံကို မပျံ့လွင့်စေတော့ပါဘူး။ စာအုပ်ထဲမှာက အားလုံးပါတယ်။ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာတရား စတဲ့ လူ့လောကနဲ့ဆိုင်တဲ့ အကြောင်းအရာအားလုံး စာအုပ်ထဲမှာရှိတယ်။ စာအုပ်ထဲက အကြောင်းအရာတွေကို စာသိနဲ့မှတ်ပြီး လောကထဲမှာ ဘဝသိဖြစ်အောင် တိုးဝင်ကြရတာပဲ။ စာသိမရှိဘဲ လောကထဲ ဆင်းတဲ့အခါ မျက်မမြင်ပုဏ္ဏားတွေ ဆင်စမ်းသလို ဖြစ်ကြလိမ့်မယ်။ စာရေးခြင်းနဲ့

အကောင်းဆုံးမိတ်ဆွေ Read More »

အဖေ့ခြေမီတဲ့သား

အဂ္ဂါကီးရက် (၁၉၆၇-  )။ နာမည်ကျော်အစ္စရေးစာရေးဆရာ။ ဝတ္ထုတို၊ ရုပ်ပြဝတ္ထု၊ဇာတ်ညွှန်းရေးသူ။ “ထိုခုနစ်နှစ်”စာအုပ်က သူ့သားငယ်မွေးဖွားသည့်နှစ်နှင့် သူ့ဖခင်ကွယ်လွန်သည့်နှစ် ကြားကာလ သူ့ဘဝအတွေ့အကြုံမှတ်တမ်း။ ဒီညက အစ္စရေးကနေ လော့စ်အိန်ဂျယ်လိစ်ကို လေယာဉ်နဲ့ သွားရမယ့်ည။ ကျွန်တော့်စာအုပ် မိတ်ဆက်ပွဲခရီးစဉ် တာစ ထွက်ရမယ့် နေရာ။ ဒါပေမယ့် ဒီခရီး ကျွန်တော်မသွားချင်ဘူး။ အဖေသေတာက တစ်လရှိသေးတယ်။ ဒီခရီးသွားလိုက်ရင် အဖေ့သင်္ချိုင်းဂူ မှတ်တိုင် ဖွင့်ပွဲ ကျွန်တော်လွတ်သွားမှာ။ ဒါပေမဲ့ အမေက ကျွန်တော့်ကို သွားဖို့ တိုက်တွန်းတယ်။ “မင့်အဖေက မင့်ကို သွားစေချင်မှာ“တဲ့။ သူ့အကြောင်းပြချက်က ကျွန်တော်ငြင်းလို့ မရလောက်ဘူး။ အဖေကိုယ်နှိုက်က ကျွန်တော့်ကို ဒီခရီးသွားစေချင်ခဲ့မှာပဲ။ သူနေမကောင်းစ ဖြစ်တာနဲ့ ကျွန်တော့်ခရီးစဉ်တွေ အကုန် ဖျက်ပစ်လိုက်တယ်။ ဒီလို ခက်ခက်ခဲခဲကာလမှာ သူ့နဲ့ ကျွန်တော် အတူတူရှိနေဖို့

အဖေ့ခြေမီတဲ့သား Read More »

အလှူဒါန ဘယ်လောက်ပြုရပါ့

ဆင်ခြင်တုံတရား အခြေခံပြီး ကိုယ်ကျိုးစီးပွားရှာတာကို အားပေးတဲ့ ဘာသာရပ်အဖြစ် ဘောဂဗေဒအပေါ် ရှုမြင်ကြတယ်။ ဒါကြောင့် အများအတွက် လှူတယ်ဆိုတဲ့ သဘောတရားကို ဘောဂဗေဒအရ ဘယ်လိုအမြင်သစ်မျိုး ပေးနိုင်မလဲ။ အစွန်းအထင်း မရှိတဲ့ ပရဟိတဆိုတာ ရှိပါ့မလား။ ဒါမှမဟုတ် အလှူအတန်းလုပ်တာတွေ ဘာတွေ အပါအဝင် အရာရာဟာ ကျွန်တော်တို့ရဲ့ ကိုယ်ကျိုးစီးပွား တိုးတက်ဖို့ပဲ ဖြစ်နေမလား။ ၁၉၂၈ ခုနှစ်မှာ ဗြိတိသျှ ဘောဂဗေဒပညာရှင်၊ သင်္ချာပညာရှင် နဲ့ ဒဿနပညာရှင်လည်းဖြစ်တဲ့ ဖရန့်ပီ ရမ်းဆေး (၁၉၀၃-၃၀) က “စံပြပရဟိတ” ဆိုတဲ့ အတွေးအခေါ်ကို ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့တယ်။ စီမံကိန်းတစ်ခုက ကျွန်တော်တို့ရဲ့ပိုက်ဆံကို တကယ် လိုအပ်တယ်လို့ ကျွန်တော်တို့ရင်ထဲမှာ ခံစားမိတဲ့အခါ သက်ဆိုင်ရာ အသင်းအဖွဲ့တွေဆီကို လှူဒါန်း သင့်တယ်တဲ့။ ဥပမာ ရေကောင်း

အလှူဒါန ဘယ်လောက်ပြုရပါ့ Read More »

“မောင်” “ညိန်း” “ဦး” တို့ နှင့် “ဗေဒင်လက္ခဏာ”

“မောင်” ဆိုသည်က သိပ္ပံမောင်ဝ၊ “ညိန်း” ဆိုသည်က ကိုစောညိန်း၊ “ဦး” ဆိုသည်က ဝင်းဦး တို့ကို ဆိုလိုသည်။ ခေတ်စမ်းစာပေ ဦးဆောင်သူ သိပ္ပံမောင်ဝ (၁၈၉၉-၁၉၄၂)၊ ဂီတနက်သန် ကိုစောညိန်း (၁၉ ၂၅-၁၉ ၅၂)၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုတော် ဝင်းဦး (၁၉၃၅ – ၁၉၈၈)။ မြန်မာစာပေ၊ ဂီတ၊ ရုပ်ရှင်စသည့် မြန်မာ့အနုပညာကို နှစ်သက်လက်ခံ ခံစားသူတိုင်း အဆိုပါ အနုပညာ ရှင်သုံးဦးကို သိကြပေမည်။ မသိမမီလိုက်သည့်တိုင် သူတို့ထားရစ်ခဲ့သည့် အနုပညာလက်ရာများကို တစ်ကွေ့မဟုတ် တစ်ကွေ့တွင် ဖတ်မှတ် သိရှိ ခံစားဖူးကြပေမည်။ မောင်လူအေးနှင့် ရင်းနှီးဖူးကြမည်။ ချစ်ပြုံးနှင်းဆီသီချင်း।မိုးသက်လေနှင် သီချင်းတို့နှင့် ငြိမ့်ဖူးကြမည်။ မှုံရွှေရည်ရုပ်ရှ င်ကြည့်ပြီး မှုံရွှေရည်သီချင်း ညည်းဖူးကြမည်။

“မောင်” “ညိန်း” “ဦး” တို့ နှင့် “ဗေဒင်လက္ခဏာ” Read More »